ကွီးတို့က စမတ် ဖုန်း နဲ့ပဲ အလန်းစား ဓာတ်ပုံတွေ ၊ ဗီဒီယိုတွေ ရိုက်ကူးရတာ ဝါသနာပါသူတစ်ယောက်လား။ ဒါဆိုရင်တော့ ကွီးတို့ ပရော်ဖက်ရှင်နယ်ကျကျ ဓာတ်ဖမ်းနိုင်ဖို့ အခုပြောပြမယ့် ပစ္စည်း တွေ ရှိထားသင့်ပါတယ်နော်။

(၁) Remote Shutter Control

Photo : Android Authority

ဘော်ဒါတွေနဲ့ အဖွဲ့လိုက် Selfie ရိုက်ကူးတဲ့နေရာမှာ တော်တော်လေး အသုံးဝင်တဲ့ Gadget တစ်ခုပါ။ အဝေးထိန်းခလုတ်ကနေတဆင့် ဓာတ်ပုံတွေကို ကိုယ်တိုင်စိတ်တိုင်းကျ ချိန်ညှိ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

(၂) Smartphone Lenses

ဖုန်း

Photo : CNN

စမတ် ဖုန်း တွေမှာပါတဲ့ Built-in ကင်မရာတွေက ကန့်သတ်ချက်တွေများတဲ့အတွက် Clip-On ကင်မရာ Lenses တွေတပ်ပြီး အသုံးပြုတာက ပိုပြီး လန်းတဲ့ပုံရိပ်တွေကို ဖန်တီးရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

(၃) Portable LED Panel

ဖုန်း

Photo : Android Authority

ဓာတ်ပုံရိုက်တဲ့အခါ Lighting ကလည်း အရေးပါဆုံးပဲ မဟုတ်လား။ ဒီအတွက် စမတ် ဖုန်း တွေနဲ့ တွဲဖက်အသုံးပြုနိုင်မယ့် သယ်ဆောင်ရလွယ်ကူပေါ့ပါးတဲ့ Portable LED Panel တွေရှိပါတယ်။ ဓာတ်ပုံရိုက်တာအပြင် ဗီဒီယိုရိုက်ကူးတဲ့ နေရာတွေမှာလည်း တော်တော်လေး အသုံးဝင်ပါတယ်။

(၄) Camera Rig

ဖုန်း

Photo : Android Authority

အထူးသဖြင့် ဆိုရှယ်မီဒီယာပေါ်မှာ ဗီဒီယိုတွေဖန်တီးတဲ့ Content Creators အတွက် တော်တော်လေး အသုံးဝင်ပါတယ်။ မီးတွေ ၊ မိုက်ခရိုဖုန်း ၊ ဘက်ထရီအပိုအပြင် တခြား စမတ် ဖုန်း Photography Accessories ပစ္စည်း တွေနဲ့ တွဲဖက်ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။

(၅) Smartphone Gimbal

ဖုန်း

Photo : PremiumBeat

Gimbal ကတော့ ဖုန်း နဲ့ ဓာတ်ပုံ/ ဗီဒီယိုတွေ ရိုက်ကူးတဲ့နေရာမှာ တော်တော်လေး အသုံးဝင်တဲ့ Gadget တစ်ခုပါပဲ။ ဖုန်း ကို လက်နဲ့ကိုင်ပြီး ရိုက်ကူးတာထက် ပိုမိုတည်ငြိမ်ပြီး ကြည်လင်ပြတ်သားတဲ့ ရုပ်သံမှတ်တမ်းတွေကို ဖန်တီးပေးပါတယ်။

ဒါကတော့ ဖုန်း နဲ့ ဓာတ်ပုံတွေ ၊ ဗီဒီယိုတွေ ဖန်တီးရတာဝါသနာပါသူတိုင်း ဆောင်ထားသင့်တဲ့ Smartphone Photography Accessories တွေပဲ ဖြစ်ပါတယ်။ ကွီးတို့ရော နောက်ထပ် ဘယ်လို Gadget ပစ္စည်း တွေ သုံးပြီး အလန်းစား ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ဖန်တီးဖြစ်ကြလဲဆိုတာ ကွန်းမန့်မှာ မျှဝေပေးခဲ့ပါဦး။

Featured Photo : DPReview