ဖုန်း အသစ်လဲ ဖို့ စိတ်ကူးထားတဲ့ ကွီးတို့အနေနဲ့ ဘယ်လိုဖုန်းမျိုး ပြောင်းကိုင်ရမလဲဆိုပြီး အာရုံစားနေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက ကွီးတို့ကို ကူညီပေးပါလိမ့်မယ်။

ကွီးတို့အနေနဲ့ ဖုန်း အသစ်လဲ တော့မယ်ဆိုရင် ကိုယ်က ဘယ်လိုအမျိုးအစားကို လိုချင်သလဲဆိုတာကို အရင်ဆုံး သိထားဖို့လိုအပ်ပါတယ်။ ဒါမှသာလျှင် ကိုယ့်အတွက် သင့်တော် မှန်ကန်တဲ့ ဖုန်းအမျိုးအစားကို ရွေးချယ်နိုင်မှာပဲ ဖြစ်ပါတယ်။

ဖုန်းအသစ် မဝယ်ခင်မှာ အရင်ဦးဆုံး ကိုယ့်ကိုယ်ကိုယ် ဒီမေးခွန်းများနှင့် ပြန်မေးကြည့်လိုက်ပါ။

ဘက္ထရီ အကြာကြီးခံတဲ့ ဖုန်းမျိုးကို လိုချင်တာလား

ဖုန်း အသစ်လဲ

Photo: Nextpit

ဖုန်းကို တစ်ခါလောက် အားအပြည့်သွင်းပြီးနောက် မေ့သွားလောက်တဲ့အထိ တဝကြီး သုံးချင်ပြီး ဘက္ထရီ ကုန်သွားမှာကိုလည်း စိုးထိတ်စရာမလိုတဲ့ဖုန်းမျိုးကို လိုချင်ပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် ဖုန်းအမျိုးအစားများကို ရွေးချယ်နိုင်ပါတယ်။

iPhone 13 Pro Max ၊ Samsung Galaxy S20+ ၊ S20 ၊ S20 FE ၊ OnePlus 8 ၊ Xiaomi MI 10 Pro အစရှိတဲ့ ဖုန်းများကတော့ ဘက္ထရီအကြာကြီးခံတဲ့ ဖုန်းတွေပဲဖြစ်ပါတယ်။ ထိုဖုန်းတွေက ဈေးမြှောက်လို့ ဈေးသက်သာပြီး ဘက္ထရီလည်း အကြာကြီး ခံတဲ့ ဖုန်းမျိုးကို ဝယ်ချင်တယ်ဆိုရင်တော့ …

Google Pixel 5a ၊ Motorola One Fusion+ ၊ Samsung Galaxy A21s နှင့် Moto G Power အစရှိတဲ့ ဖုန်းများကို ရွေးချယ်နိုင်ပါတယ်။

ကင်မရာ အကောင်းစားနဲ့ ဖုန်းမျိုးကို လိုချင်တာလား

ဖုန်း အသစ်လဲ

Photo: Digitalcameraworld

ကွီးတို့က ဓာတ်ပုံရိုက်ပေးရတာမျိုး (သို့) ဓာတ်ပုံအရိုက်ခံရတာမျိုးကို နှစ်သက်တယ်ဆိုရင်တော့ ကင်မရာ အကောင်းစား ဖုန်းတွေကို လိုအပ်လာပါပြီ။ ကင်မရာ အကောင်းစားဖုန်းတွေကို ရွေးချယ်ချင်တယ်ဆိုရင်တော့ …

Google Pixel 7 Pro ၊ Samsung Galaxy S23 Ultra ၊ iPhone 14 Pro ၊ Samsung Galaxy S22 Ultra ၊ Google Pixel 7 ၊ Samsung Galaxy Z Fold 4 ၊ Sony Xperia 1 III ၊ OnePlus 10 Pro အစရှိတဲ့ ဖုန်းအမျိုးအစားများကို ရွေးချယ်နိုင်ပါတယ်။

လက်တစ်ဖက်တည်းနဲ့ ကိုင်သုံးလို့ရတဲ့ သေးငယ်တဲ့ ဖုန်းမျိုးကို လိုချင်တာလား

single-handed phone

ဖုန်းစခရင်မ် သေးသေးလေးကို ကြည့်နေရတာ မမှုဘူး၊ လက်တစ်ဖက်တည်းနဲ့ ကိုင်သုံးလို့ရတဲ့ သေးငယ်တဲ့ ဖုန်းမျိုးကို လိုချင်တယ်ဆိုတဲ့ ကွီးတို့အတွက် ဖုန်းအမျိုးအစား အမျိုးမျိုး ရှိပါသေးတယ်။

အရင်ဦးဆုံး iPhone SE ကို ရွေးမလား၊ ဒါမှမဟုတ် iPhone 13 Mini ၊ ဒါမှမဟုတ် Google Pixel 5 ၊ Asus Zenfone 9 ၊ Samsung Galaxy Z Flip 4 အစရှိတဲ့ ဖုန်းများကို ရွေးချယ်နိုင်ပါတယ်။ ဈေးနှုန်းများကတော့ Specifications ၊ မော်ဒယ်အမျိုးအစားပေါ် မူတည်ပြီး တန်ဖိုးအမျိုးမျိုး ပြောင်းလဲသွားပါလိမ့်မယ်။

ကွီးတို့အနေနဲ့ ကိုယ် လိုချင်တဲ့ ကိုယ့်ရဲ့ လိုအပ်ချက်ပေါ် မူတည်ပြီး သင့်တော်တဲ့ ဖုန်းအမျိုးအစားကို ရွေးချယ် ဝယ်ယူနိုင်ပါတယ်။

ကွီးတို့ရော ဘယ်လို ဖုန်း အမျိုးအစားနှင့် လက်ရှိဖုန်းအဟောင်းကို အသစ်လဲ မယ်လို့ စိတ်ကူးထားပါသလဲ။

Source: Androidpolice.

Featured Image: Smartprix