ဝမ်းဗိုက်က အဆီတွေကို လောင်ကျွမ်းစေဖို့အတွက်ဆို ပြေးတာ ဒါမှမဟုတ် စက်ဘီးစီးတာလိုမျိုး Cardio လေ့ကျင့်ခန်းတွေက အကောင်းဆုံးပါပဲ။ ဒါပေမယ့် Cardio က အဆီများများ လောင်ကျွမ်းစေဖို့ကိုပဲ ဦးတည်တာ ဖြစ်ပါတယ်။ ဝမ်းဗိုက်က အဆီတွေကိုလည်း ဖြုတ်ချချင်တယ် ၊ အမြောင်းမြောင်းထနေတဲ့ ချပ်ချပ်ကပ်ကပ် ဗိုက်ကြွက်သားတွေကိုလည်း လိုချင်တယ် ဆိုရင်တော့ Abs လေ့ကျင့်ခန်းတွေကို လုပ်ရပါမယ်။ ဒီဆောင်းပါးမှာတော့ ဗိုက်တစ်လုံး နဲ့ ရှိုးပဲ့နေတဲ့ ကွီးတို့အတွက် ဗိုက် အဆီကျပြီး ကြွက်သားလှစေမယ့် အရိုးရှင်းဆုံးနဲ့ အကောင်းဆုံး Abs လေ့ကျင့်ခန်း ၃ ခုကို ပြောပြပေးပါမယ်။
(၁) Bicycle Crunches
Photo : Steel Supplements
Bicycle Crunches လေ့ကျင့်ခန်း ကတော့ လွယ်ကူရိုးရှင်းပြီး လူတိုင်း ကစားလို့ အဆင်ပြေတဲ့ လှုပ်ရှားမှုတစ်ခု ဖြစ်ပါတယ်။ ကိရိယာလွတ် လေ့ကျင့်ခန်း ဖြစ်တာကြောင့် အချိန်နေရာမရွေး ကွီးတို့ ဆော့နိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းရဲ့ အဓိက ထိရောက်မှုက ကွီးတို့ရဲ့ Abs ဗိုက် ကြွက်သားပြင်တစ်ခုလုံးနဲ့ ဝမ်းဗိုက်ဘေးလိုင်း ကြွက်သား Obliques တွေမှာ ဖုံးနေတဲ့အဆီတွေကို ကျစေပြီး ကြွက်သားကျစ်လစ် လာစေတာ ဖြစ်ပါတယ်။ ၁၅ ကြိမ် ၃ ကျော့ ကစားပေးပါ။
(၂) Hanging Leg Raises
Photo : Eat This Not That
Bar တန်းမှာ လက်ကိုချိတ်ဆွဲထားပြီး ခြေထောက် မြှောက်ကစားပေးရမယ့် လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုက ကွီးတို့ရဲ့ ဗိုက် အောက်ပိုင်း Lower Abs မှာရှိတဲ့ အဆီတွေကို သိသိသာသာ ကျစေမယ့် အကောင်းဆုံး လေ့ကျင့်ခန်း ဖြစ်ပါတယ်။ Lower Abs နဲ့အတူ Upper Body ကြွက်သားတွေဖြစ်တဲ့ Shoulders နဲ့ လက်ကောက်ဝတ် Grip Strength ကိုလည်း တိုးစေပါတယ်။ ၁၅ ကြိမ် ၃ ကျော့ ကစားပေးပါ။
(၃) Traditional Plank
Photo : Steel Supplements
ဗိုက် အဆီကျဖို့အတွက်ဆို Plank လေ့ကျင့်ခန်းကိုတော့ ဘယ်တော့မှ ကျော်သွားလို့ မရပါဘူး။ Plank လေ့ကျင့်ခန်းက ဝမ်းဗိုက်က အဆီပိုတွေကို ကျစေပြီး Abs ကြွက်သားတွေကို ကျစ်လစ်လာစေရုံသာမကပဲ Full-Body တစ်ခုလုံး ထိရောက်မှုရှိစေတဲ့ Move တစ်ခုဖြစ်ပါတယ်။ စက္ကန့် ၃၀ – ၄၅ ၊ ၄ ကြိမ် ကစားပေးပါ။
Source : Eat This Not That
Featured Photo : Pixels