စပိန် လာလီဂါကလပ် ဆီဗီလာအသင်းရဲ့ စပိန် ဝါရင့် နောက်ခံ ကစားသမားကြီး ဆာဂျီယို ရာမို့စ်ဟာ ဆီဗီလာနဲ့ ဥရောပ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲကို ကစားနေစဉ်အတွင်းမှာပဲ နေအိမ် ဖောက်ထွင်းမှုနဲ့ ကြုံတွေ့ခဲ့ရပြီး တန်ဖိုးကြီး ပစ္စည်းတချို့ပါ အခိုးခံလိုက်ရပါတယ်။

ramos sevilla

Photo Credit : Barrons

အသက် (၃၇)နှစ်အရွယ်တောင် ရှိနေပြီဖြစ်တဲ့ နောက်ခံလူ ရာမို့စ်ဟာ မကြာသေးခင်ကမှ အသင်းဟောင်း ဆီဗီလာနဲ့ ပြန်လည် လက်တွဲထားခဲ့တာဖြစ်ပြီး ဆီဗီလာ နဲ့ လန်းစ်အသင်းတို့ ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲမှာလည်း ဆီဗီလာအတွက် ပါဝင်ခဲ့ပါသေးတယ်။ ရီးယဲလ် နဲ့ ပီအက်စ်ဂျီ ကစားသမားဟောင်းလည်းဖြစ် စပိန် လက်ရွေးစင်အသင်းအတွက်လည်း ပွဲပေါင်း (၁၈၀)ထိ ကစားထားဖူးတဲ့ အတွေ့အကြုံရင့် ကစားသမားလည်းဖြစ်တဲ့ ရာမို့စ်ဟာ မက်မောလောက်စရာ ကမ်းလှမ်းမှုတွေ ရရှိနေခဲ့သည့်တိုင် အသင်းဟောင်း ဆီဗီလာရဲ့ ကမ်းလှမ်းမှုကိုသာ လက်ခံခဲ့ပြီး သူရဲ့ ဘောလုံးသမားဘဝ စတင်ရာ နေရာလေးကိုသာ ပြန်လာခဲ့ပါတယ်။

ramos family

Photo Credit : ESPN

ဒါပေမယ့် ရာမို့စ်က သူရဲ့ ဆီဗီလာအသင်းအတွက် ချန်ပီယံလိဂ်ပွဲ ပြန်ကစားချိန်မှာတော့ သူ့ ဇနီးနဲ့ ရင်သွေး (၄)ဦးသာ ရှိနေတဲ့ နေအိမ်ကို ဖောက်ထွင်းသူတွေက ကျူးကျော် ဝင်ရောက်လာမှုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ နေအိမ်ရဲ့ Alarm System ကို ဖြတ်ကျော်ပြီး ရာမို့စ် နေအိမ်ထဲ ဖောက်ထွင်း ဝင်ရောက်လာတဲ့ သူခိုးတွေက ရာမို့စ် ကလေးတွေကို ခြိမ်းခြောက်ကာ တန်ဖိုးကြီး ပစ္စည်းတချို့ကို ခိုးယူသွားခဲ့ပါတယ်။ ကံကောင်းတာကတော့ သူခိုးတွေက ဇနီး နဲ့ ကလေးတွေကို ဘာအန္တရာယ်မှ မပြုသွားခဲ့တာကြောင့် သူတို့ (၅)ဦလုံး ဘာဒဏ်ရာမရခဲ့ပဲ ပစ္စည်းတွေကတော့ နာရီ လက်ဝတ်ရတနာ အဝတ်အစားကောင်းတွေနဲ့ ပိုက်ဆံတွေ အခိုးခံလိုက်ရပါတယ်။

ramos kids

Photo Credit : Goal

ဒီလို ဖောက်ထွင်းမှု ဖြစ်နေချိန်မှာ ရာမို့စ်က ဆီဗီလာအသင်းအတွက် ချန်ပီယံလိဂ်ပွဲ ကစားနေရချိန် လုပ်ငန်းကိစ္စတွေနဲ့ အလှမ်းဝေးနေတဲ့ ရာမို့စ် ဇနီးသည် နဲ့ ကလေး(၄)ဦးသာ ရှိနေချိန် ဖောက်ထွင်းသူများက ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ ဒီလို ဖောက်ထွင်းသွားသူများကို အမှုဖွင့် စုံစမ်းနေပေမယ့်လည်း အခုချိန်ထိ ဖမ်းဆီးရရှိနိုင်ခြင်း မရှိသေးပါဘူး။

Featured Photo : Ahram Online