လိင်မှုကိစ္စတိုင်းမှာ အရေးအပါဆုံး ကိစ္စက ကွီးတို့ရဲ့ ညီလေး ကွီးတို့ရဲ့ ဖွားဖက်တော်လေး သန်သန်မာမာနဲ့ ထောင်မတ်နေစေဖို့ပါပဲ။ လိင်တံထောင်မတ်နေခြင်း မရှိဘူးဆိုရင် ချစ်တင်းနှောဖို့ ဒချိကြဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ထိုက်သင့်တဲ့ ထောင်မတ်မှု ရှိနေစေဖို့ အချိန်တစ်ခုအထိ ထောင်မတ်နေနိုင်ဖို့အတွက် ဒါလေးတွေကို လုပ်ဆောင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။
Photo : Toronto Dermatology Center
ကျန်းမာရေးနဲ့ ညီညွတ်သော အစားအသောက်တွေကို သုံးဆောင်ပါ။ အသီးအနှံများ၊ ဟင်းသီးဟင်းရွှက်များ၊ အစေ့အဆန်များ၊ အဆီအနည်းငယ်သာ ပါဝင်တဲ့ ပရိုတင်းများနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေ ကြွယ်ဝ မျှတတဲ့ အစားများကို မှီဝဲပါ။ ပြုပြင်ထားတဲ့ အစားအစားများ၊ သကြားနဲ့ ကျန်းမားရေးနဲ့ မညီညွတ်တဲ့ ဆီတွေကို အလွန်အကျွံ စားသုံးမှုကနေ ရှောင်ကြည်ရပါမယ်။
Photo : Rec Xpress
လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။ သွေးစီးဆင်းမှုနဲ့ နှလုံးသွေးကြောကျန်းမာရေးကို တိုးတက်ကောင်းမွန်စေရန် အပြေး ရေကူးခြင်း ဒါမှမဟုတ် စက်ဘီးစီးခြင်းတွေလို အေရိုးဗစ် လေ့ကျင့်ခန်းများကို လုပ်ဆောင်ပါ။ ကြွက်သားထုထည်နဲ့ လိင်အင်္ဂါဧရိယာထဲ သွေးလည်ပတ်မှု အားကောင်းစေဖို့အတွက် တင်ပါးဆုံတွင်း လေ့ကျင့်ခန်းများတို့ကို လုပ်ဆောင်ခြင်းကလည်း ထိရောက်စေပါတယ်။
Photo : Calm
စိတ်ဖိစီးမှုတွေကို စီမံခန့်ခွဲပါ။ အချိန်တာရှည်စွာ စိတ်ဖိစီးမှု ခံစားနေရခြင်းဟာ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါတယ်။ တရားထိုင်ခြင်း၊ အသက်ပြင်းပြင်းရှုခြင်း ဒါမှမဟုတ် ယောဂကျင့်ခြင်းတို့လို ကိစ္စများကို လုပ်ဆောင်ပေးပါ။ လိုအပ်မယ်ဆိုရင်လည်း ကုထုံးနဲ့ ကုသမှု ခံယူတာတို့ လုပ်သင့်ပါတယ်။ လုံလောက်စွာလည်း အိပ်စက်ပါ။ တစ်ညမှာ အိပ်ချိန် (၇)နာရီကနေ (၉)နာရီလောက်အထိ သေသေချာချာ အိပ်ပျော်ဖို့ လိုအပ်ပါတယ်။ အိပ်ရေးပျက်တာကလည်း လိင်ပိုင်းဆိုင်ရာမှာ အရေးကြီးတဲ့ Testosterone အပါအဝင် ဟော်မုန်းပမာဏကိုပါ အနှောင့်အယှက် ဖြစ်စေပါတယ်။
Photo : Daily Pioneer
အယ်လ်ကိုဟော အလွန်အကျူး သောက်သုံးခြင်းဟာလည်း ဖွားဖက်တော်လေး ထောင်မတ်နိုင်ခြင်းကို အခက်အခဲစေရှိနိုင်ပါတယ်။ နောက်ပြီးတော့ ဆေးလိပ်သောက်ခြင်းကလည်းပဲ သွေးကြောတွေကို ထိခိုက်စေနိုင်ပြီး သွေးစီးဆင်းမှုကို လျော့နည်းစေတာကြောင့် ထောင်မတ်မှုကို အားနည်းစေလာနိုင်ပါတယ်။ သင့်လျော်တဲ့ ရေဓါတ်ပြည့်ဝနေမှုက အလုံးစုံ ကျန်းမာရေးကို အထောက်အကူပြုပြီး သွေးလည်ပတ်မှုကိုပါ ကောင်းမွန်စေနိုင်ပါတယ်။
Photo : Verywell Mind
ညစ်ညမ်းတဲ့ ဗီဒီယိုတွေ အကြည့်များလွန်းတာကလည်း တစ်ခါတစ်ရံမှာ လက်တွေ့မကျတဲ့ မျှော်လင့်ချက်များနဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါတွေကြည့်မယ့်အစား ကိုယ်ရဲ့ ပါတနာနဲ့အတူ လိင်ပိုင်းဆိုင်ရာ နှစ်သက်မှုတွေ လိုအင်ဆန္ဒတွေနဲ့ စိုးရိမ်ပူပန်မှုအကြောင်းကို ပွင့်လင်းမြင်သာစွာ ပြောဆိုခြင်းက ပိုပြီးတော့ကို အကျိုးရှိစေပါလိမ့်မယ်။
Featured Photo : Metro