မနက် ခင်း မှာ ချစ်တင်းနှောတာနဲ့ ည နေပိုင်းမှာ ချစ်တင်းနှော တာမှာ ဘယ်အရာက ပိုအကျိုးရှိတယ်လို့ ထင်ပါသလဲ။​

ချစ်တင်းနှောတယ်လို့ ပြောလိုက်တာနဲ့ ညမှောင်ရီ ဝိုးတဝါးအချိန်မှာ ရိုမန့်တစ်ဆန်ဆန် ချစ်တင်းနှော တာကိုသာ မြင်ယောင်မိကြပါတယ်။ ဒါဆိုရင် တကယ်ပဲ မနက် ခင်း ချစ်တင်းနှောတာထက် ည ပိုင်းမှာ ချစ်တင်းနှော တာက ပိုကောင်းတာလား။

ပညာရှင်တွေက ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ဘယ်လို သုံးသပ်ပြထားသလဲ

couple in bed

လူသားတွေရဲ့ ခန္ဓာကိုယ်က မနက်ခင်းပိုင်းတွင် လိင်စိတ်ကြွမှု ဟော်မုန်းတွေဖြစ်တဲ့ Testosterone နဲ့ Estrogen ဟော်မုန်းတွေ အများအပြား ထွက်ရှိလေ့ရှိကြပါတယ်။ ဒါ့ကြောင့် ထိုလူတွေအတွက် မနက်ခင်းမှာ ချစ်တင်းနှောခြင်းက သူတို့ရဲ့ စိတ်ကို စိတ်ကျေနပ်မှု အပြည့်အဝ ရရှိအောင် ကူညီပေးနိုင်ပါတယ်။

အမျိုးသားတွေ အတွက်ကတော့ သူတို့ရဲ့ Testosterone ပမာဏသည် ညပိုင်းမှာ ပြန်လည် အားဖြည့်ပြီး မနက်ပိုင်းမှာတော့ အမြင့်ဆုံးဖြစ်နေတာပါ။ ကွီးတို့ အိပ်ပျော်နေတဲ့အခါမှာ ထိုဟော်မုန်းက ပြန်လည် အားဖြည့်နေတာဖြစ်တဲ့ အတွက်ကြောင့် မနက်ပိုင်းမှာ ကွီးတို့ရဲ့ ညီလေးက သူ့အလိုလို နိုးနေတာမျိုးတွေ ကြုံတွေ့ရပါလိမ့်မယ်။

အမျိုးသမီးတွေအတွက် ကျပြန်တော့ Estrogen ဟော်မုန်းက သူတို့အတွက် လိင်စိတ်ကြွလာအောင် လှုံ့ဆော်ပေးတာဖြစ်ပြီး အိပ်ပျော်နေတဲ့အချိန်မှာ မိန်းမကိုယ်ဆီသို့ သွေးလှည့်ပတ်စီးဆင်းမှုက ကောင်းမွန်နေပါတယ်။ ဒါ့ကြောင့် ထိုကဲ့သို့သော စုံတွဲများအတွက်ကတော့ မနက်ခင်းပိုင်းမှာ ချစ်တင်းနှောတာက အကောင်းဆုံးပဲ ဖြစ်ပါတယ်။

မနက်ခင်းပိုင်းမှာ စွမ်းအင်တွေ ပိုမိုပြည့်နေတတ်တယ်

မနက် ည ချစ်တင်းနှော

မနက်ခင်းမှာ ချစ်တင်းနှောခြင်းက ညပိုင်းမှာ ချစ်တင်းနှောခြင်းထက် ပိုကောင်းတဲ့အချက် နောက်တစ်ချက်ကတော့ မနက်ခင်းပိုင်းမှာ စွမ်းအင်တွေက အပြည့်နဲ့ဆိုတော့ ကွီးတို့လည်း ဖဲမွေ့ရာထက်မှာ ပါဖောမန့်စ်တွေ မိုင်ကုန် ထုတ်သုံးလို့ ရပါတယ်။ ကွီးတို့စိတ်ကြိုက် သိုင်းကွက်မျိုးစုံ ထုတ်သုံးနိုင်ပြီး ကွီးတို့ရဲ့ ရှော်တီလေးကိုလည်း စိတ်ကျေနပ်မှု အပြည့်အဝ ပေးစွမ်းနိုင်မယ့်အချိန်ကတော့ မနက်ခင်းအချိန်အခါပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကွီးတို့ရဲ့ စွမ်းအင် ပမာဏနဲ့ ဟော်မုန်း ထုတ်လွှတ်မှုပေါ် မူတည်ပြီး ချစ်တင်းနှောမယ့်အချိန်ကို ဆုံးဖြတ်သင့်ပါတယ်။

ခြွင်းချက်လည်း ရှိပါတယ်

မနက် ည ချစ်တင်းနှော

တချို့တွေအတွက်ကတော့ မနက်ခင်းပိုင်းမှာ တစ်နေ့တာလုံးအတွက် လုပ်စရာ အလုပ်များ စုပုံနေတတ်ပါတယ်။ ရုံးမနောက်ကျအောင် ပြေးရ လွှားရနဲ့ဆိုတော့ သူတို့အတွက်ကတော့ မနက်ခင်းအချိန်သည် စိတ်ပူပန်စရာတွေ၊ စိတ်ဖိအားတွေနဲ့ ပြည့်နှက်နေ တတ်ပါတယ်။ တစ်နေ့တာ အလုပ်ကိစ္စတွေ ပြီးသွားပြီး ညအချိန်ရောက်မှသာလျှင် စိတ်ချလက်ချ၊ စိတ်အေးလက်အေးနဲ့ အပီအပြင် ချစ်တင်းနှော နိုင်ကြတာပါ။ ကွီးတို့က မနက်ပိုင်းမှာ ဘယ်လောက်ပဲ စိတ်ပါနေပါစေ ကွီးတို့ စကီလေးက ဘယ်လိုမှ စိတ်မပါဘူးဆိုရင်လည်း အတင်းအကြပ် ချစ်တင်းမနှောတာ အကောင်းဆုံးပါပဲ။

ကွီးတို့ရော ကွီးတို့ စကီလေးနဲ့ ဘယ်အချိန်မှာ အများဆုံး ချစ်တင်းနှောဖြစ်ပါသလဲ။

Source: Mindbodygreen

Featured Image: Mindbodygreen