ကမ္ဘာတဝှမ်းက Sexology ပညာရှင်တွေနဲ့ သုတေသီတွေကတော့ ဖွားဖက်တော် အရွယ်အစားကျုံ့သွားစေတဲ့အရာနဲ့ ပတ်သက်ပြီး အမျိုးသား အသက်အရွယ် အပိုင်းအခြား အမျိုးမျိုးအပေါ် လေ့လာစမ်းသပ်မှုတွေ အများကြီး ပြုလုပ်ခဲ့ကြပါတယ်။ အချို့ကတော့ ဒီဖြစ်စဉ်ဟာ ဆေးဘက်ဆိုင်ရာ အခြေအနေတွေကြောင့် ဖြစ်ပေါ်လာနိုင်တယ်လို့ သုံးသပ်ထင်ကြေးပေးမှုတွေ ရှိသလို လိင်တံဆီသို့ သွေးစီးဆင်းမှု ပြောင်းလဲခြင်းကြောင့်လည်း ဖြစ်နိုင်တယ်လို့ ပြောဆိုမှုတွေလည်း ရှိ့ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ သွေးစီးဆင်းမှုအပြောင်းအလဲ ၊ ဆေးဘက်ဆိုင်ရာအခြေအနေတွေအပြင် လိင်တံစွပ်ကွင်းကဲ့သို့ ကိရိယာတွေအပါအဝင် လိင်တံကျုံ့သွားစေနိုင်တဲ့ အခြားသော အကြောင်းအရင်းတွေကို လေ့လာကြည့်ရအောင်ပါ။

(၁) အသက်ကြီးလာခြင်း

Photo : Forbes

အိုမင်းရင့်ရော်ခြင်းဟာ သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီး ဘဝရဲ့ အစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ ကြွက်သားတွေဟာ အားနည်းလာတာ ၊ အရိုးတွေရဲ့ ကြံ့ခိုင်သန်မာမှု လျော့ကျလာတာ စတဲ့ ပြဿနာမျိုးစုံကို ကြုံတွေ့ရတတ်ပါတယ်။ အမျိုးသားတွေမှာဆိုရင် အသက်အရွယ်အရ ဖွားဖက်တော် ကျုံ့တဲ့ ပြဿနာ ဖြစ်နိုင်ခြေ ရှိပါတယ်။ အိုမင်းရင့်ရော်ခြင်း ဖြစ်စဉ်ကြောင့် အချို့အမျိုးသားတွေမှာ လိင်တံအရွယ်အစားဟာ နဂိုမူလထက်ကို ပိုပြီး ကျုံ့သွား သေးသွားတာမျိုး ဖြစ်တက်ပါတယ်။

(၂) စိတ်ဖိစီးမှုများခြင်းနဲ့ ရေဓာတ်ခမ်းခြောက်ခြင်း

Stress

Photo : Men’s Health

အဓိကအားဖြင့် လိင်တံကျုံ့သွားတယ်ဆိုတာဟာ ဖွားဖက်တော် ဆီသို့ သွေးစီးဆင်းမှု လျော့နည်းခြင်းကြောင့် ဖြစ်ပါတယ်။ ဖွားဖက်တော်ကျုံ့ခြင်းနဲ့ ဆက်စပ်နေတဲ့အကြောင်း အရင်းများစွာထဲမှာ ရေဓာတ်ခန်းခြောက်ခြင်းအပါအဝင် စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေအထိ အများအပြား ရှိနိုင်ပါတယ်။ ဒါကြောင့် သင်ဟာ အမြဲတမ်း စိတ်ဖိစီးနေသူတစ်ယောက် ဒါမှမဟုတ် ရေဓာတ်ခန်းခြောက်နေသူတစ်ယောက်လို့ ထင်နေတယ်ဆိုရင် ဒါတွေဟာ သင့်ညီလေး ကျုံ့သွားရခြင်းရဲ့ နောက်ကွယ်က အကြောင်းအရင်းတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လိင်မှုဘဝကို ပိုကောင်းလာဖို့အတွက်စိတ်ဖိစီးမှုတွေကို ထိန်းညှိပြီး ရေဓာတ်ပြည့်ဝအောင်ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။

(၃) အဝလွန်ခြင်း

Obesity

Photo : News-Medical

ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ခန္ဓာကိုယ်အလေးချိန် တိုးလာခြင်း သို့မဟုတ် အဝလွန်ခြင်းက သင့်ညီလေးရဲ့ အရွယ်အစားကို ကျုံ့သွားစေပြီး လိင်မှုဘဝအပေါ် ထိခိုက်မှုတွေ ရှိလာစေနိုင်ပါတယ်။ လိင်မှုဘဝအပေါ် ထိခိုက်စေနိုင်တဲ့ ဘယ်လိုအရာမျိုးကမဆို သင်နဲ့ သင့်ပါတနာကြား ဆက်ဆံရေးကို ထိခိုက်စေနိုင်တယ်ဆိုတာ သိထားရပါမယ်။ ဒါကြောင့် ကျန်းမာရေးတဲ့ လိင်မှုဘဝနဲ့ ဖွားဖက်တော် အရွယ်အစားကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ကျန်းမာတဲ့ ခန္ဓာကိုယ်အလေးချိန်ကို အမြဲထိန်းထား သင့်ပါတယ်။

(၄) ပါရိုးနိစ်ရောဂါ (Peyronie’s Disease) ခံစားရခြင်း

peyronie's disease

Photo : Stem Cell Doctors of Beverly Hills

ပုံမှန်မဟုတ်တဲ့ လိင်တံကွေးကောက်ခြင်း သို့မဟုတ် ပါရိုးနိစ်ရောဂါ (Peyronie’s Disease) ခံစားရတယ်ဆိုပါက ဖွားဖက်တော် အရွယ်အစားကို ကျုံ့သွားစေနိုင်သလို လိင်တံ တိုသွားတာ ၊ လုံးပတ်အရွယ်အစား မညီတာတွေ ဖြစ်နိုင်ပါတယ်။ ပါရိုးနိစ်ရောဂါ (Peyronie’s Disease) ကို ကုသလို့ ရနိုင်ပေမယ့် ပြန်လည်ကောင်းမွန်ဖို့တော့ အချိန်အနည်းငယ်ကြာနိုင်ပါတယ်။ အကယ်၍ ပါရိုးနိစ်ရောဂါ (Peyronie’s Disease) ရှိနေတယ်လို့ ယူဆပါက ကျန်းမာရေးစောင့်ရှောက်မှုပေးသူ သို့မဟုတ် လိင်မှုဆိုင်ရာကျွမ်းကျင်သူတွေနဲ့ အမြန်ဆုံးတိုင်ပင်ဖို့ လိုပါမယ်။ ‌

(၅) အချို့သောဆေးဝါးများ မှီဝဲခြင်း

medications

Photo : Healthline

မကြာသေးမီက လေ့လာမှုတစ်ခုအရ အချို့သော ဆေးဝါးတွေကို မှားယွင်းစွာသောက်သုံးပါက သင့်လိင်တံကို ကျုံ့သွားစေနိုင်ပြီး လိင်မှုဘဝအပေါ် ဆိုးကျိုးများ သက်ရောက်စေနိုင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ အမျိုးသားတွေမှာ အဖြစ်များတဲ့ ဆီးကျိတ်ကြီးခြင်း ပြဿနာ သို့မဟုတ် ထိပ်ပြောင်ခြင်းကို ကုသရာမှာ အသုံးရတဲ့ ဖိုင်းနက်စ်တီရိုက် (Finasteride) ဆေးဝါးတွေဟာအလားတူ ဘေးထွက်ဆိုးကျိုးတွေ ရှိပြီး ဖွားဖက်တော် အရွယ်အစားကို ကျုံးသွားသေးသွားတာမျိုး ဖြစ်စေနိုင်ပါတယ်။ အားလုံးကို ခြုံငုံပြီးပြောရရင် သင်သောက်သုံးနေရတဲ့ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို အမြဲသတိထား စေချင်ပါတယ်။

(၆) ဆေးလိပ်သောက်ခြင်း

Smoking

Photo : Sky News

မည်သည့်အကြောင်းကြောင့်ဖြစ်စေ အမျိုးသားတွေအတွက် ဆေးလိပ်သောက်ခြင်းဟာ ကောင်းမွန်တဲ့ အကြံကောင်းတစ်ခု မဖြစ်နိုင်ပါဘူး။ ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးပြဿနာ အမျိုးမျိုးကို ဖြစ်စေနိုင်ပြီး ရောဂါအများစုမှာ ချက်ချင်း လက္ခဏာမပြတာမျိုး ဖြစ်တက်ပါတယ်။ မကြာသေးမီက အမေရိကန်ပြည်ထောင်စုမှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ ဆေးလိပ်သောက်ခြင်းဟာ ဖွားဖက်တော် ဆီသို့ သွေးစီးဆင်းမှုကို ကမောက်ကမ ဖြစ်စေနိုင်တာကြောင့် အမျိုးသားတွေရဲ့ လိင်တံအရွယ်အစား ၊ လိင်တံထောင်မတ်နိုင်စွမ်းနဲ့ လိင်မှုဆိုင်ရာ ကျန်းမာ ရေးအပေါ် ဆိုးရွားတဲ့ သက်ရောက်မှုတွေ ရှိစေနိုင်တယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်ခြင်းကို အမြန်ဆုံး ရပ်တန့်ဖို့ တိုက် တွန်းရင်း ဆေးလိပ်မြန်မြန် ဖြတ်နိုင်မယ်ဆိုရင် လိင်မှုဆိုင်ရာ ကျန်းမာရေးသာမက ခန္ဓာကိုယ်ရဲ့ အလုံးစုံကျန်းမာရေးကိုပါ တိုးတက်ကောင်းမွန်လာတာကို ခံစားရရှိနိုင်မှာပဲ ဖြစ်ပါတယ်။

(၇) လုံးဝတစ်ကိုယ်ရည် အာသာမဖြေခြင်း

Masturbation

Photo : The Odyssey Online

တစ်ကိုယ်ရည် အာသာဖြေခြင်းနဲ့ ဆက်စပ်နေတဲ့ အရပ်ပြောစကားတွေထဲက တစ်ခုကတော့ လုံးဝ တစ်ကိုယ်ရည် အာသာဖြေခြင်းမရှိတဲ့အခါ သင့်လိင်တံ အရွယ်အစားကို ကျုံ့သွားစေနိုင်တယ်လို့ ပြောကြပါတယ်။ ဒါက အမှန်တကယ် မှန်ကန်ကြောင်း သက်သေပြထားတဲ့ သိပ္ပံဆိုင်ရာ အထောက်အထား သို့မဟုတ် ဆေးဘက်ဆိုင်ရာ အထောက်အထားတွေတော့ မရှိသေးပါဘူး။

Source : Lybrate

Featured Photo : The Latch