ကွီးတို့အလုပ်မှာ အထိုင်များလို့ဖြစ်စေ၊ ဒီနေ့ခေတ်မှာ ခေတ်စားလာတဲ့ အသင့်စားအစားအစာတွေကြောင့် ဖြစ်စေ၊ ကိုယ့်ရဲ့ နေထိုင်မှုပုံစံကြောင့်ဖြစ်စေ လှုပ်ရှားမှုလုံလုံလောက်လောက်မရှိတဲ့အခါ ဝမ်းဗိုက်မှာ အဆီတွေစုလာနိုင်ပါတယ်။ ဒီလို ဝမ်းဗိုက်မှာ အဆီစုလာခြင်းက ကွီးတို့ကို စမတ်မကျစေသလို ခန္ဓာကိုယ် ကျန်းမာရေးအတွက်လည်း မကောင်းစေပါဘူး။ နောက်တစ်ချက်အနေနဲ့ ဝမ်းဗိုက်မှာ အဆီတွေစုလာခြင်းက  နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ လေဖြတ်ခြင်းနှင့် အခြားသော ကင်ဆာရောဂါများ ဖြစ်နိုင်ခြေပိုများပါတယ်။ ဝမ်းဗိုက်မှာရှိတဲ့ အဆီတွေအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးမှာ အဆီပိုတွေရှိခြင်းက ခန္ဓာကိုယ်အတွက် လုံးဝအကျိုးမရှိစေပါဘူး။ ဒီလို မလိုလားအပ်တဲ့ အဆီတွေကို ‌လောင်ကျွမ်းစေဖို့ဆိုရင် လေ့ကျင့်ခန်းတွေ ပုံမှန်ပြုလုပ်ခြင်းထက် ပိုပြီး ဘေးကင်းကောင်းမွန်တဲ့ နည်းလမ်းမရှိပါဘူး။ ဒီနေ့မှာတော့ ဗိုက်အဆီတွေကို အပီဖြုတ်ဖို့ ထိရောက်တဲ့လေ့ကျင့်ခန်းတွေကို ဝေမျှပေးချင်ပါတယ်။

လေ့ကျင့်ခန်း (၁) Plank

ဗိုက်အဆီတွေကို အပီဖြုတ်ဖို့

Photo : Robotec

ကွီးတို့‌ရေ ဗိုက်အဆီတွေလောင်ကျွမ်းဖို့ဆို Plank လေ့ကျင့်ခန်းကိုလည်း ပြုလုပ်ပေးနိုင်ပါတယ်။ Plank လေ့ကျင့်ခန်းတွေက ဝမ်းဗိုက်အဆီကိုသာမက တစ်ကိုယ်လုံးမှာရှိတဲ့ အဆီတွေကိုပါ လောင်ကျွမ်းစေပါတယ်။ ဒီလေ့ကျင့်ခန်းကို စစချင်းပြုလုပ်မယ်ဆိုပါက စက္ကန့် ၃၀ ခန့်ထောက်ပြီး နောက်ပိုင်းမှာ ၁ မိနစ်နဲ့ ၂ မိနစ်အထိ ထိန်းနိုင်အောင် ကြိုးစားပါ။

လေ့ကျင့်ခန်း (၂) Scissor Kicks

ဗိုက်အဆီတွေကို အပီဖြုတ်ဖို့

Photo : HITT Academy

ဒီလေ့ကျင့်ခန်းကလည်း ဗိုက်အဆီတွေကျဖို့ ထိရောက်တဲ့ လေ့ကျင့်ခန်းတစ်ခုပါပဲ။ ဒီလေ့ကျင့်ခန်းကို ပြုလုပ်ရာမှာ မြန်မြန်မလုပ်ပါနဲ့။ လုပ်နေရင်း အသက်ရှုအောင့် ထားတာမျိုးကို ရှောင်ပါ။ ဒီလေ့ကျင့်ခန်းကို ၁၂ ကြိမ် ၃ ကျော့ ပြုလုပ်ပါ။

လေ့ကျင့်ခန်း (၃) Bicycle Crunches

ဗိုက်အဆီတွေကို အပီဖြုတ်ဖို့

Photo : Pop Workouts

ဒီလေ့ကျင့်ခန်းက ကယ်လိုရီတွေကို မြန်မြန်လောင်ကျွမ်းစေသည်သာမက ကွီးတို့ရဲ့ ခွန်အားကိုလည်း တိုးမြှင့်ပေးနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းကိုလည်း ၁၂ ကြိမ် ၃ ကျော့ပြုလုပ်ပြီး နောက်လေ့ကျင့်ခန်းမစခင် ခေတ္တအနားယူပါ။

လေ့ကျင့်ခန်း (၄) Sit-Ups

Photo : Men’s Health

အိပ်ထမတင်ပြုလုပ်ခြင်းက ချပ်ရပ်သော ဗိုက်ဖြစ်စေရန် ရေပန်းအစားဆုံးနှင့် အသုံးအများဆုံးလေ့ကျင့်ခန်း လည်းဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက ဝမ်းဗိုက်အား ခံနိုင်ရည်ရှိစေမဲ့ လေ့ကျင့်မှုဖြစ်ပြီး ဝမ်းဗိုက်ကြွက်သားများကို လုံးဝ ပစ်မှတ်ထားတဲ့လေ့ကျင့်ခန်းလည်းဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကို ပြုလုပ်ရာမှာ အကြိမ်ရေ နည်းနည်းနဲ့ စတင်နိုင်ပြီး နောက်ပိုင်းမှာ အကြိမ်ရေကို ဖြည်းဖြည်းချင်း တိုးမြှင့်သွားပါ။

လေ့ကျင့်ခန်း (၅) Burpee

ဗိုက်အဆီတွေကို အပီဖြုတ်ဖို့

Photo : Men’s Journal

ဗိုက်အဆီတွေကို ပြုတ်ပြုတ်ပြုန်းအောင် အပီဖြုတ်ဖို့ ထိရောက်တဲ့ နောက်ထပ်လေ့ကျင့်ခန်းတစ်ခုကတော့ Burpee ပဲဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက တစ်ကိုယ်လုံးလှုပ်ရှားရတဲ့ ခန္ဓာကိုယ်ပြည့်လေ့ကျင့်ခန်းတစ်ခု ဖြစ်ပြီး ကယ်လိုရီတွေကိုလည်း လျင်လျင်မြန်မြန်လောင်ကျွမ်းစေပါတယ်။ ဒီလေ့ကျင့်ခန်းကို အခုမှစလုပ်မယ့်သူများအနေဖြင့် ကိုယ်ရဲ့ လုပ်နိုင်စွမ်းနဲ့ ခံနိုင်ရည်အလိုက် အကြိမ်ရေ အနည်းငယ်နဲ့ စတင်ပြီး နောက်ပိုင်းမှ ဖြည်းဖြည်းချင်း လေ့ကျင့်ခန်း အကြိမ်ရေကို တိုးသွားပါ။

လေ့ကျင့်ခန်း (၆) Squat Jump

Photo : Men’s Health

Squat Jump က ကယ်လိုရီလောင်ကျွမ်းမှု ပြင်းထန်တဲ့ အပြင် ဗိုက် အဆီကို ကျစေမဲ့အပြင် ခန္ဓာကိုယ်အောက်ပိုင်း ကြံခိုင်မှုအတွက် အထောက်အကူပြုတဲ့ လေ့ကျင့်ခန်းများ ထဲကတစ်ခုပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကိုလည်း ၁၂ ကြိမ် ၃ ကျော့ခန့် ပြုလုပ်ပါ။

ကွီးတို့ရေ ကောင်းကျိုးမပေးတဲ့ ဗိုက်အဆီတွေကို ပြုတ်ပြုတ်ပြုန်းအောင် အပီဖြုတ်ဖို့ ထိရောက်တဲ့လေ့ကျင့်ခန်းတွေကို ဝေမျှပေးလိုက်ပါတယ်။ လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ခြင်းက အဆီတွေကို လောင်ကျွမ်းစေရုံသာမက ကျန်းမာရေးအတွက် အထောက်အကူတာကြောင့် ပုံမှန်ပြုလုပ်ပေးဖို့ တိုင်တွန်းလိုက်ပါတယ်။

Source : STYLECRAZE, Swirster

Featured Photo : Men’s Health