ဂျန်လူကာ ဗီယာလီဆိုတာ ချယ်လ်ဆီးအသင်းမှာ ကစားသမားအဖြစ်နဲ့ရော နည်းပြအဖြစ်နဲ့ပါ ဖြတ်သန်းခဲ့ဖူးတဲ့ ချယ်လ်ဆီးအသင်းရဲ့ truly legend ကြီး တစ်ဦးပါ။ ဒီ legend ကြီးက ဒီနှစ်ရဲ့ ဇန်နဝါရီ (၆)ရက်နေ့မှာပဲ ကင်ဆာရောဂါနဲ့ ဆုံးပါး ကွယ်လွန်သွားခဲ့ရပါတယ်။ ကမ္ဘာ့ဘောလုံးလောကအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခု ချယ်လ်ဆီး နဲ့ အီတလီဘောလုံးနယ်ပယ်အတွက်လည်း ဆုံးရှုံးမှုကြီး ဖြစ်စေခဲ့ရပြီး အခုလည်း ဗီလာလီအတွက် အမှတ်တရ ဘောလုံးပွဲစဉ်အဖြစ် ချယ်လ်ဆီး ကစားသမားဟောင်း ဒါမှမဟုတ် ချယ်လ်ဆီး ဂန္တဝင်အသင်း နဲ့ ဘိုင်ယန်မြူးနစ် ကစားသမားဟောင်းအသင်းတို့ ချစ်ကြည်ရေးပွဲတစ်ပွဲကို ဆင်နွဲကြပါတယ်။

cfc legends

Photo Credit : Sports World Ghana

ဒီပွဲစဉ်မှာ ချယ်လ်ဆီးဘက်က အသင်းခေါင်းဆောင်ဟောင်း နဲ့ ဗီယာလီရဲ့ တပည့်ဟောင်း ဂျွန်တယ်ရီက ဦးဆောင်လာပြီး မိုက်ကယ် အက်ဆီယန် ၊ ဂယ်ရီ ကာဟေးလ် ၊ ပီတာချက် ၊ ဆော်လမွန် ကာလူး ၊ ဝီလီယံ ဂါးလက်စ် ၊ ရာမီရက်စ် ၊ ဂျွန် အိုဘီ မီခေးလ် ၊ ဂျိုဒီ မော်ရစ် ၊ ဖလော်ရန့် မာလူဒါ နဲ့ ရိုင်ယန် ဘာထရန်တို့ ပွဲထွက် ကစားသမားတွေအဖြစ် ပါဝင်ခဲ့သလို ဘိုင်ယန်မြူးနစ်ဘက်မှာလည်း အိုဝင် ဟားဂရေ့ဗ် ၊ လူဆီယို ၊ ကလော်ဒီယို ပီဇာရို ၊ ဂျီအိုဗန်နီ အက်ဘာတို့လို ကစားသမားဟောင်းတွေ ပါဝင်ခဲ့ကြပါတယ်။

chelsea former players

Photo Credit : Pulse Sports Nigeria

အဖွင့်ဂိုးကိုတော့ ရာမီရက်စ်ရဲ့ ညာခြမ်းကနေ ဖြတ်တင်ပေးပို့မှုကို ဧရိယာထဲ အသင့်ရှိနေတဲ့ အက်ဆီယန်က ခေါင်းတိုက်ပြီး သွင်းယူခဲ့ပါတယ်။ ဒုတိယဂိုးကိုတော့ တိုက်စစ်ထိ လိုက်ပါလာခဲ့တဲ့ တယ်ရီက မာလူဒါရဲ့ ပေးပို့မှုကနေ အသာအယာ သွင်းယူခဲ့ရင်း ပထမပိုင်းမှာ (၂)ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းထဲ ချယ်လ်ဆီးရဲ့ ဂန္တဝင်ကြီး ဇိုလာပါ ပါဝင်လာရင်း ချယ်လ်ဆီးရဲ့ တတိယဂိုးမှာပါ အကောင်းဆုံး ပါဝင် ပတ်သက်သွားခဲ့ပါတယ်။ တတိယဂိုးကတော့ ဇိုလာ ကာဟေးလ် သီယာဂိုတို့ရဲ့ တွဲလုံးကနေ ကာဟေးလ်က သွင်းယူခဲ့တာ ဖြစ်ပါတယ်။

chelsea fc

Photo Credit : Chelsea FC

ဒါ့အပြင် ဇိုလာ အက်ဆီယန်တို့ရဲ့ တွဲလုံးကနေ အက်ဆီယန်ရဲ့ killer pass မှတစ်ဆင့် သီယာဂို မန်ဒက်စ်က ချယ်လ်ဆီးအသင်းအတွက် အပိတ်ဂိုးက်ို ဆက်လက် သွင်းယူရင်း ဘိုင်ယန် ကစားသမားဟောင်းအသင်းကို (၄)ဂိုးပြတ်နဲ့ အနိုင်ရသွားခဲ့ရပါတယ်။

Featured Photo : The Sun