ဆောင်းဝင်လာပြီဆိုတော့ အေးချမ်းနဲ့ ဆောင်းရာသီလို အချိန်အခါနဲ့ အလိုက်ဖက်ဆုံး အဖျော်ယမကာကတော့ ဗော့ဒ်ကာ ပါပဲ။ အခုလက်ရှိ ဈေးကွက်ထဲမှာ ထုတ်လုပ်တဲ့ နိုင်ငံ ၊ ဈေးနှုန်းပေါ်မူတည်ပြီး ဗော့ဒ်ကာ ဘရန်း အမျိုးအစားတွေ များစွာရွေးချယ်စရာ ရှိပါတယ်။ ဒီထဲကမှ အခုနှစ်အတွင်း ရောင်းအားအကောင်းဆုံး ဗော့ဒ်ကာ ဘရန်း အမျိုးအစား ၅ ခုကို ပြောပြပေးပါမယ်။

(၁) Smirnoff

Photo : Restaurant Clicks

Smirnoff ကတော့ ရုရှားနိုင်ငံထုတ် ကမ္ဘာ့ ရောင်းအားအကောင်းဆုံး ဗော့ဒ်ကာ ဘရန်း တစ်မျိုး ဖြစ်ပါတယ်။ ၁၈၆၄ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ရောင်းချခဲ့ပြီး လူအကြိုက်အများဆုံး ဘရန်းတစ်ခုအဖြစ် ရပ်တည်နေပါတယ်။ ဗော့ဒ်ကာ အရသာပေါင်း ၄၀ ကျော် ထုတ်လုပ်ထားပြီး နိုင်ငံပေါင်း ၁၃၀ မှာ ရောင်းချလျက် ရှိပါတယ်။

(၂) Absolut

Photo : Davidson Branding

Absolut ကတော့ အားလုံးနဲ့ ရင်းနှီးပြီးသား ဗော့ဒ်ကာ ဘရန်း တစ်မျိုးဖြစ်ပါတယ်။ ၁၉၇၉ ခုနှစ်ကတည်းက အမေရိကန် အဖျော်ယမကာ ဈေးကွက်ကို စတင်ထိုးဖောက်လာခဲ့ပြီး ဆွဲဆောင်မှုရှိတဲ့ ပုလင်းဒီဇိုင်းပုံစံကြောင့် နာမည်ကြီးပါတယ်။ Absolut ဗော့ဒ်ကာ ဟာ ၁၀၀ ရာခိုင်နှုန်း ဂျုံနဲ့ ချက်လုပ်ထားတဲ့ ဆွီဒင်ဗော့ဒ်ကာဖြစ်ပြီး လက်ရှိ ရောင်းအားအကောင်းဆုံး နံပါတ် ၂ နေရာမှာ ရှိနေပါတယ်။

(၃) Khortytsa

Photo : Thirty-One Whiskey

ယူကရိန်းနိုင်ငံထုတ် Khortytsa ဗော့ဒ်ကာကတော့ လက်ရှိ တတိယမြောက် ရောင်းအားအကောင်းဆုံး ဗော့ဒ်ကာဘရန်းတစ်ခုအဖြစ် ရပ်တည်နေပါတယ်။ ယူကရိန်းနိုင်ငံထဲက အကြီးဆုံး ကျွန်းတစ်ကျွန်းဖြစ်တဲ့ Khortytsa ကျွန်းကို အစွဲပြုပြီး နာမည်ပေးထားတာပါ။ Khortytsa ဗော့ဒ်ကာ ဟာ ကောက်နှံအခြေခံ ဗော့ဒ်ကာဘရန်းတစ်ခုဖြစ်ပြီး လတ်ဆတ်တဲ့ သစ်သီးရနံ့နဲ့ ချောမွေ့ပြေပျစ်တဲ့ အရသာတို့ ပေါင်းစပ်ဖန်တီးထားပါတယ်။

(၄) Żubrówka

Photo : Eater

နံပါတ် ၄ နေရာမှာ ရှိနေတဲ့ ဘရန်းကတော့ ပိုလန်နိုင်ငံထုတ် Żubrówka ဗော့ဒ်ကာ ဖြစ်ပါတယ်။ Żubrówka ဗော့ဒ်ကာ ဟာ ထူးခြားတဲ့ ရနံ့နဲ့ အရသာတို့ကြောင့် နာမည်ကြီးပါတယ်။ သစ်သားစည်ရနံ့နဲ့ အုန်းသီးရနံ့တို့ ပေါင်းစပ်ဖန်တီးထားပြီး ကော့လ်တေး ဖျော်စပ်ရာမှာ အများဆုံး အသုံးပြုတဲ့ ဗော့ဒ်ကာတစ်မျိုးလည်း ဖြစ်ပါတယ်။

(၅) Morosha

Photo : Global Spirits

အရှေ့ဥရောပရဲ့ အကြီးဆုံး အရက်ချက်လုပ်ငန်း Global Spirits ပိုင် Morosha ဗော့ဒ်ကာ ဘရန်းကတော့ ရောင်းအား အကောင်းဆုံး နံပါတ် ၅ နေရာမှာ ရပ်တည်နေပါတယ်။ Morosha ဗော့ဒ်ကာ ကို သဘာဝ Mineral Water နဲ့ ချက်လုပ်ထားပြီး နူးညံ့ချောမွေ့တဲ့ အရသာနဲ့ အမိုက်စား ဗော့ဒ်ကာ ဘရန်းတစ်မျိုး ဖြစ်ပါတယ်။

Featured Photo : The Mirror