အဖျော်ယမကာများထဲက တစ်မျိုးဖြစ်တဲ့ ဗော်ကာ ကို ကွီးတို့တော်တော်များများ သောက်ဖူးကြမှာပါ။ စျေးကွက်ထဲမှာ အမှတ်တံဆိပ်မျိုးစုံ၊ စျေးနှုန်းမျိုးစုံနဲ့ ကွီးတို့စိတ်ကြိုက် ရွေးချယ်သောက်သုံးလို့ ရပါတယ်။ တချို့ကလည်း အကြိုက်တစ်မျိုးတည်းကိုပဲ စွဲစွဲမြဲမြဲသောက်သလို၊ တချို့ကလည်း တံဆိပ်မျိုးစုံ သောက်ကြပါတယ်။ ဘယ်အမှတ်တံဆိပ်ပဲ သောက်သောက်၊ ဗော်ကာကို သင့်တင့်မျှတစွာ ချင့်ချိန်သောက်သုံးရင် ကျန်းမာရေးအတွက် ကောင်းတဲ့အချက်တွေ ရရှိနိုင်ပါတယ်။ ဒါကြောင့် ကွီးတို့ကို ဒီနေ့မှာတော့ ဗော်ကာ ရဲ့ ကျန်းမာရေးအပေါ် ကောင်းသော အကျိုးသက်ရောက်မှုတွေက ဘာတွေလဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်

ဗော်ကာ ကျန်းမာရေးအပေါ် ကောင်းသော

Photo : Eat This, Not That

ဗော်ကာ ရဲ့ ကျန်းမာရေးအပေါ် ကောင်းသော အကျိူးသက်ရောက်မှုတွေထဲက တစ်ခုကတော့ ဆီးချိုရောဂါ  ဖြစ်နိုင်ခြေကို လျှော့ချပေးခြင်းပဲ ဖြစ်ပါတယ်။ ဗော်ကာဟာ ဝိုင် ဒါမှမဟုတ် ဘီယာတို့နဲ့ မတူညီပဲ သကြားပြည့်ဝစွာ မပါဝင်ပါဘူး။ ဒါကြောင့် ဗော်ကာတစ်ခွက်ဟာ သွေးတွင်း သကြားဓာတ်ကို လျှော့ချပေးနိုင်ပါတယ်။ သို့သော် ကွီးတို့ရဲ့ ကျောက်ကပ် အတွက် ဗော်ကာကို ရေခဲ၊ ဆိုဒါ သို့မဟုတ် ရေအနည်းငယ်ရော၍ သောက်သုံးရန် အကြံပြုထားပါတယ်။ ကြိုက်နှစ်သက်ရာ အသီးများနဲ့ ရောစပ်၍လည်း ဗော်ကာကို ပိုမိုကောင်းမွန်ပြီး တမူထူးခြားတဲ့အရသာရအောင် ဆန်းသစ်ပြီး သုံးဆောင်လို့ရပါတယ်။

(၂) နှလုံးကျန်းမာရေး

ဗော်ကာ ကျန်းမာရေးအပေါ် ကောင်းသော

Photo : Daily Express

လေ့လာမှုများအရ ဗော်ကာ ကို အသင့်အတင့်သောက်သုံးခြင်းက နှလုံး ကျန်းမာရေးအပေါ် ကောင်းသော အလားအလာရှိတဲ့ အကျိုးသက်ရောက်မှုတွေ ရှိစေတယ်လို့ ဆိုပါတယ်။ ဗော်ကာက ခန္ဓာကိုယ်အပေါ်သက်ရောက်မှုရှိပြီး သွေးလည်ပတ်မှုကို အားကောင်းစေတယ်လို့လည်း ဆိုပါတယ်။ သွေးလည်ပတ်မှု ကောင်းမွန်ခြင်းက သွေးကြောပိတ်ခြင်း ၊ သွေးခဲခြင်း ၊ လေဖြတ်ခြင်းနဲ့ အခြားသော နှလုံးနဲ့ဆိုင်တဲ့ရောဂါတွေကို ကာကွယ်ပြီးသား ဖြစ်စေပါတယ်။ ဒါ့အပြင် ဗော်ကာက ကယ်လိုရီနည်းတဲ့ အဖျော်ယမကာ ဖြစ်တာကြောင့် ကိုယ်အလေးချိန်တတ်မှာ ကြောက်တဲ့ကွီးတို့ အတွက် သင့်တော်ပါတယ်။

(၃) ခံတွင်း သန့်ရှင်းရေးကို အထောက်အကူပြုပါတယ်

ဗော်ကာ ကျန်းမာရေးအပေါ် ကောင်းသော

Photo : Dr. Rick Dentistry

စျေးကွက်မှာ ရောင်းချနေတဲ့ ခံတွင်းသန့်ဆေးရည်တွေမှာ အယ်လ်ကိုဟော ပါဝင်ပါတယ်။ ဒါကြောင့် အယ်ကိုဟောပါဝင်တဲ့ အဖျော်ယမကာတစ်မျိုးဖြစ်တဲ့ ဗော်ကာက ခံတွင်းသန့်ရှင်းရေးမှာ အမှန်ပင် အထောက်အကူ ပြုပါတယ်။ ဒါကြောင့် ခံတွင်းနံ့ဆိုးခြင်း သို့မဟုတ် သွားကိုက်ခြင်းဖြစ်ပေါ်နေပါက ဗော်ကာအနည်းငယ်ကိုယူပြီး ရေနဲ့ဖျော်လိုက်ပါ။ ထိုနောက် ခံတွင်းအနှံ့ နှံ့စပ်အောင်ငုံပြီး ပလုပ်ကျင်းလိုက်ပါ။ ကွီးတို့ရဲ့ ခံတွင်းနံ့များ ပြန်လည်ကောင်းမွန်လာတာကို ချက်ချင်းခံစားရမှာပါ။ ထို့အပြင် ဗော်ကာမှာ ဘတ်တီးရီးယားတွေကို သေစေနိုင်တာကြောင့် သွားကိုက်ခြင်းကဲ့သို့သော ဝေဒနာများကို သက်သာစေပါတယ်။

(၄) စိတ်ဖိစီးမှုတွေကို လျော့ချပေးပါတယ်

Stress

Photo : Saga Neuroscience Center

လုပ်ငန်းခွင်မှာ ဖြစ်စေ၊ အခြားသော ကိစ္စရပ်များကြောင့်ဖြစ်စေ ၊ ပင်ပန်းတဲ့ တစ်နေ့တာကို ပြေလျော့စေဖို့ လူတိုင်းမှာ မတူညီတဲ့ နည်းလမ်းလေးတွေရှိပါတယ်။ အချို့က ဂိမ်းဆော့တာ ၊ အချို့က Netflix ကြည့်တာ ၊ အချို့က ၎င်းတို့ရဲ့ စိတ်အပန်းဖြေရာ အဖော်အဖြစ် အယ်လ်ကိုဟော ကို ရွေးချယ်ကြပါတယ်။ ဗော်ကာ အနည်းငယ်တစ်ခွက်က ကွီးတို့ရဲ့ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။ အယ်လ်ကိုဟောဟာ ကွီးတို့ရဲ့ ခန္ဓာကိုယ် ၊ အာရုံကြောနဲ့ ဦးနှောက်ကို ငြိမ်သက်စေပါတယ်။ အထူးသတိပြုရန်မှာ ဒီနည်းလမ်းနဲ့ စိတ်ဖိစီးမှုကို လျော့ချခြင်းဟာ တစ်ခါတစ်ရံသာ သင့်တော်ပါတယ်။ ရေရှည်သောက်သုံး ဖြစ်လာပြီဆိုလျှင် ဆိုးကျိုးများက ပိုများနိုင်လို့ သတိပြုရပါမယ်။

(၅) ဦးရေပြားနဲ့ ဆံသားကို ကောင်းမွန်စေပါတယ်

Hair

Photo : Pete & Pedro

ဒီအချက်ဟာလည်း ဗော်ကာရဲ့ ကောင်းတဲ့ အကျိုးသက်ရောက်မှုတွေထဲက တစ်ခုပါ။ ဒါကတော့ ဗော်ကာကို သောက်သုံးခြင်းမဟုတ်ပဲ ဦးရေပြားနဲ့ ဆံကေသာအတွက် အသုံးပြုရမှာ ဖြစ်ပါတယ်။ ဦးရေပြားမှာ ဗောက်တွေထလို့ စိတ်ညစ်နေပြီဆိုရင် ဗောက်ဖြစ်စေတဲ့ ဘတ်တီးရီးယား ပိုးမွှားတွေကိုဖယ်ရှားဖို့ ဗော်ကာကို ခေါင်းမလျှော်ခင် ဦးရေပြားနဲ့ဆံပင်မှာညင်သာစွာ ပွတ်တိုက်ပေးပါ။ ဗော်ကာဟာ ဗောက်ထခြင်းမှ ကာကွယ်ပေးပြီး ကျန်းမာသန်စွမ်းသော ဆံကေသာကြီးထွားမှုကို မြှင့်တင်ပေးနိုင်ပါတယ်။

အခု ဖော်ပြပေးလိုက်တာကတော့ ကွီးတို့အတွက် ဗော်ကာ ရဲ့ ကျန်းမာရေးအပေါ်  ကောင်းသော အကျိုးသက်ရောက်မှုများပဲ ဖြစ်ပါတယ်။ သို့သော်လည်း ဗော်ကာကို သင့်တင်မျှတစွာနဲ့ သေချာစွာ ချင့်ချိန်သောက်သုံးမှသာ ကောင်းသော အကျိုးသက်ရောက်မှုကို ရနိုင်မှာဖြစ်ပါတယ်။ ဗော်ကာ သာမက အယ်လ်ကိုဟောပါဝင်တဲ့ မည်သည့် အဖျော်ယမကာ မျိုးကိုမဆို အလွန်အကျွံသောက်သုံးပါက ကျန်းမာရေးသာမက ဘက်ပေါင်းစုံမှ ဆိုးကျိုးများ သက်ရောက်မှာဖြစ်ပါတယ်။ ဒါကြောင့် အယ်လ်ကိုဟော ပါဝင်သော အဖျော်ယမကာများကို သောက်သုံးရာမှာ အထူးသတိပြုပြီး ချင့်ချိန်သောက်သုံးရန် တိုက်တွန်းလိုက်ပါတယ်။

Source : Pristine Vodka

Featured Photo : Economictimes