Xiaomi ကနေ နောက်ဆုံးထွက် ဘတ်ဂျက် တက်ဘလက် အသစ် Redmi Pad Pro ကို မိတ်ဆက်လိုက်ပါပြီ။ Redmi Turbo 3 နဲ့အတူ ကြေညာလိုက်တဲ့ Redmi Pad Pro မှာ ကြီးမားကျယ်ပြန့်တဲ့ ၁၂.၁ လက်မ မျက်နှာပြင် ၊ Snapdragon 7s Gen 2 Chipset နဲ့ 33W Charging စနစ်ထောက်ပံ့ပေးထားတဲ့ 10,000 mAh ဘက်ထရီ ပါဝင်ပါတယ်။

Redmi Pad Pro

Photo : GSMArena.com

Redmi Pad Pro ရဲ့ ၁၂.၁ လက်မ IPS LCD မျက်နှာပြင်ဟာ 2,560 × 1,600px Resolution နဲ့ 120Hz Refresh Rate ထောက်ပံ့ပေးထားပါတယ်။ Panel က 600 Nits Peak Brightness ထောက်ပံ့ပေးထားတဲ့ 16:10 Ratio နဲ့လာပြီး Corning Gorilla Glass 3 နဲ့ ကာကွယ်ထားပါတယ်။ Redmi Pad Pro မှာ Dolby Atmos ပါတဲ့ စပီကာ ၄ လုံးပါရှိပြီး 3.5mm နားကြပ်ပေါက်ကိုလည်း ထည့်သွင်းပေးထားပါတယ်။

Qualcomm ရဲ့ Snapdragon 7s Gen 2 Chipset နဲ့အတူ 6/8GB RAM နဲ့ 128/256GB Storage အတွဲအစပ်နဲ့ လာပါတယ်။ ကင်မရာပိုင်းမှာတော့ အရှေ့ဘက်မှာ 8MP Ultrawide Lens နဲ့ ကျောဘက်မှာ 8MP Wide Lens တို့ကို တပ်ဆင်ပေးထားပါတယ်။

Redmi Pad Pro

Photo : Gizchina.com

Software ပိုင်းမှာ Android 14 အခြေပြု HyperOS ကို အသုံးပြုထားပြီး HyperOS ဖုန်းတွေနဲ့ Xiaomi PCs တွေနဲ့ ချိတ်ဆက် လုပ်ဆောင်နိုင်တဲ့ Features တွေကိုလည်း ထောက်ပံ့ပေးထားပါတယ်။ တက်ဘလက်ရဲ့ မျက်နှာပြင်ကို Mirror အနေနဲ့ အသုံးပြုနိုင်မှာ ဖြစ်သလို တွဲဖက်အသုံးပြုနိုင်တဲ့ အခြား Devices တွေနဲ့ ဖိုင်တွေ Share တာ ၊ မိုဘိုင်းဒေတာ ချိတ်ဆက်တာတွေ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

Pad Pro မှာ အသုံးပြုထားတဲ့ ဘက်ထရီကတော့ 33W အားသွင်းစနစ် ထောက်ပံ့ပေးထားတဲ့ 10,000mAh ဘက်ထရီကို ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။ အရောင်တွေ အနေနဲ့ Grey ၊ Green နဲ့ Blue ဆိုပြီး အရောင် ၃ မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပြီး ပိုမိုက်ပိုလန်းတဲ့ Harry Potter Edition ကိုလည်း ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

Redmi Pad Pro

Photo : GSMArena.com

Redmi Pad Pro ရဲ့ ဈေးနှုန်းတွေကတော့ 6/128GB ဗားရှင်းအတွက် ယွမ် ၁,၄၉၉ (ဒေါ်လာ ၂၀၇) ၊ 8/256GB ဗားရှင်းအတွက် ယွမ် ၁,၇၉၉ (ဒေါ်လာ ၂၄၈) ခန့်ကျသင့်မှာဖြစ်ပြီး Harry Potter Edition (8/256GB) အတွက်ကိုတော့ ယွမ် ၂,၉၉၉ (ဒေါ်လာ ၄၁၄ ) ခန့်နဲ့ ဧပြီလ ၁၅ ရက်နေ့ကနေ စတင်ပြီး တရုတ်နိုင်ငံမှာ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

Featured Photo : Gizchina.com