ဘတ်ဂျက် ချွေတာချင်တဲ့ ဘီးကျဲတို့အတွက် ဒီတစ်ခါမှာတော့ ဈေးလည်းသက်သာ ကွာလတီလည်း ကောင်းတဲ့ အဖိုးတန် မျိုးမှန်ပစ္စည်းလေးတွေကို ဝေမျှပေးချင်ပါတယ်။ ကွီးတို့အနေနဲ့ ဖုန်းပဲ​အသစ်လဲချင်သလား၊ ဒါမှမဟုတ် Earbuds လေးပဲ အသစ် ဝယ်ကိုင်ချင်သလား၊ ဒီဆောင်းပါးလေးက ကွီးတို့အတွက် အထောက်အကူ ဖြစ်စေပါလိမ့်မယ်။

Samsung Galaxy A53

Samsung Galaxy A53

Android ဖန်တွေအတွက် ဈေးလည်းသက်သာ၊ နည်းပညာလည်း မြင့်မားပြီး ကွာလတီလည်း ကောင်းတဲ့ စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။ ဒီဇိုင်းကလည်း မိမိုက်နေပြီး Software ပိုင်းကလည်း ပြောစရာမလိုအောင် ထူးကဲကောင်းမွန်လှပါတယ်။ အရွယ်အစားက ၆.၅ လက်မခန့်ရှိပြီး အလေးချိန်ကတော့ ၆.၇ အောင်စခန့်သာ လေးပါတယ်။ တန်ဖိုးကတော့ ဒေါ်လာ ၃၈၀ ဝန်းကျင်ရှိပါတယ်။

iPhone SE (2022)

iPhone SE (2022)

iPhone ကိုင်ချင်ပေမယ့် ဈေးက ဒေါ်လာ ထောင်ချီဖြစ်နေလို့ စိတ်ညစ်နေတယ်ဆိုရင်တော့ iPhone SE လေး ရှိပါတယ်။ သူ့ရဲ့ အရွယ်အစားကတော့ ၄.၇ လက်မရှိပြီး အလေးချိန်ကတော့ ၅.၀၉ အောင်စခန့်သာရှိပါတယ်။ ဒါပေမဲ့ သူ့မှာ Camera Night Mode တော့ မပါဝင်ပါဘူး။ ဒါ့ကြောင့်လည်း သူ့ဈေးနှုန်းက သက်သာနေတာဖြစ်ပါတယ်။ သူ့ရဲ့ တန်ဖိုးကတော့ ဒေါ်လာ ၄၃၀ ဝန်းကျင်ရှိပါတယ်။

OnePlus Nord N20

ဘတ်ဂျက် အဖိုးတန်

ဒေါ်လာ ၃၀၀ အောက် ဈေးသက်သာတဲ့ ဖုန်းတွေကို ဝယ်ယူချင်တယ်ဆိုရင်တော့ OnePlus Nord N20 ကို ရွေးချယ် ဝယ်ယူသင့်ပါတယ်။ သူ့ရဲ့ ဘက္ထရီ ကြာချိန်ကလည်း အကြာကြီး အသုံးခံပြီး ဒီဇိုင်းကလည်း မိမိုက်နေတာပဲ ဖြစ်ပါတယ်။ အရွယ်အစားကတော့ ၆.၄၃ လက်မရှိပြီး အလေးချိန်အားဖြင့် ၆.၁ လက်မရှိပါတယ်။

ဘတ်ဂျက် ဖုန်းတွေ အလှည့်ပြီးသွားတဲ့အခါမှာတော့ ကွာလတီကောင်းပြီး ဈေးသက်သာတဲ့ အဖိုးတန် မျိုးမှန် Earbuds တွေဘက် လှည့်လိုက်ရအောင်

Tranya T20

ဘတ်ဂျက် အဖိုးတန်

ဒီမော်ဒယ်ရဲ့ ဘက္ထရီကြာချိန်ကတော့ ၈ နာရီအထိ အသုံးခံပါတယ်။ သူ့ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၄၀ ဝန်းကျင်သာရှိပါတယ်။ သို့သော် သူ့မှာ Noise-Canceling နည်းပညာတော့ မထည့်ထားပါဘူး။ သီချင်းနားထောင်ရုံ သပ်သပ်ပဲဆိုရင်တော့ သုံးပျော်ပေမယ့် နောက်ခံဆူညံသံများကို ဖျောက်ဖျက်ချင်တယ်ဆိုရင်တော့ တခြားအမျိုးအစားကို ရွေးချယ်သင့်ပါတယ်။

Soundpeats Air3 Deluxe HS

ဘတ်ဂျက် အဖိုးတန်

သူ့ရဲ့ ဒီဇိုင်းကာလာအနေအထားကတော့ ကွီးတို့ ကြွေချင်စရာပါပဲ။ သူ့မှာ Water-Resistance နည်းပညာ ပါဝင်ပြီး ဖုန်းပြောနေစဥ်မှာလည်း နောက်ခံ ဆူညံသံများကို ဖျောက်ဖျက်ပေးနိုင်တဲ့ နည်းပညာ ပါဝင်ပါတယ်။ သူ့ ဈေးနှုန်းကတော့ ဒေါ်လာ ၅၀ ဝန်းကျင်ရှိပါတယ်။

Earfun Air S

ဘတ်ဂျက် အဖိုးတန်

နောက်ခံ အသံတွေကို ဖျောက်ဖျက်ပေးတဲ့ Noise-Canceling နားကြပ်များကို ဈေးသက်သက်သာသာနဲ့ ဝယ်ယူချင်တယ်ဆိုရင်တော့ Earfun Air S ကို ဝယ်ယူနိုင်ပါတယ်။ သူ့ရဲံ ဈေးနှုန်းကတော့ ဒေါ်လာ ၇၀ ဝန်းကျင်သာရှိပါတယ်။

ကွီးတို့ရဲ့ ကိုယ့်ရဲ့ ဘတ်ဂျက် ကို ချွေတာဖို့အတွက် ဘယ်လို အဖိုးတန် မျိုးမှန်ပစ္စည်းများကို ဝယ်ယူဖို့ စဥ်းစားထားပါသလဲ။

Source: Cnet

Featured Image: Gearpatrol