Apple ကနေ နှစ်စဉ်နှစ်တိုင်း iPhone အတွက် အရောင်အသစ်တွေ ကြေညာတဲ့ အချိန်ကို တဖန်ရောက်လာပြန်ပါပြီ။ မနှစ်တုန်းက ကျောက်စိမ်းရောင် စိမ်းစိုစိုအရောင်သစ်ကို မိတ်ဆက်ခဲ့သလို ရှေ့နှစ်တွေတုန်းကလည်း ခရမ်းရောင် ကာလာအသစ်တွေကို မိတ်ဆက်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ iPhone 14 နဲ့ iPhone 14 Plus မော်ဒယ်တွေအတွက် မတူညီတဲ့ အဝါတောက်တောက် အရောင်ဆန်းလေးကို ထပ်မံမိတ်ဆက်လာပြန်ပါတယ်။

iPhone 14

Photo : iPhone Hacks

အခုနှစ် Apple ရဲ့ မော်ဒယ်အသစ်မှာ တောက်ပတဲ့ အဝါရောင် ကျောဘက် Glass ကိုယ်ထည်ကို ထည့်သွင်းပေးလာပြီး ဒါက ၂၀၁၈ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ အဝါရောင် iPhone XR နဲ့ ၂၀၁၉ ခုနှစ်မှာ ထွက်ခဲ့တဲ့ iPhone 11 ရဲ့ အဝါဖျော့ဖျော့အရောင်နှစ်ခုကြားက အရောင်လို့ ပြောရမှာပါ။ အလူမီနီယမ် Frame ကတော့ iPhone XR ရဲ့ရွှေရောင်ဖျော့ဖျော့ကာလာနဲ့မတူပဲ iPhone 11 ဗားရှင်းရဲ့တောက်ပတဲ့ ရွှေဝါရောင်ကာလာနဲ့ ပိုပြီး တူပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေနဲ့ မတူတာတစ်ခုကတော့ iPhone 14 စီးရီးထဲမှာ Pro မော်ဒယ် iPhone တွေအတွက် အရောင်အသစ်ကို ထုတ်သွားမှာမဟုတ်ပဲ အဲ့ဒီအစား iPhone 14 နဲ့ 14 Plus မော်ဒယ်တွေအတွက်ပဲ အဝါရောင်နဲ့အတူ Midnight ၊ Starlight ၊ Red ၊ Blue နဲ့ Purple ဆိုပြီး အရောင် ၅ ရောင်ကို ထပ်မံပေါင်းထည့်ပေးထားပါတယ်။

iPhone 14

Photo : GSMArena.com

ဒီမော်ဒယ်အသစ်တွေက ရှေ့မှာထွက်ခဲ့တဲ့ မော်ဒယ်တွေနဲ့ အရောင်ကလွဲပြီး ကျန်တဲ့နည်းပညာပိုင်းမှာတော့ ဘာမှထူးခြားပြောင်းလဲထားတာ မရှိပါဘူး။ ဒါ့အပြင် Apple အနေနဲ့ iPhone 14 မော်ဒယ်အားလုံးအတွက် ဆီလီကွန် Cases အရောင်အသစ် ၄ မျိုးကိုလည်း ကြေညာသွားခဲ့ပါတယ်။ အရောင်တွေ အနေနဲ့ကတော့ Canary Yellow ၊ Olive ၊ Sky နဲ့ Iris တို့ပါဝင်မှာဖြစ်ပြီး တစ်ခုကို ၄၉ ဒေါ်လာ ခန့်နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။

Apple ရဲ့ အရောင်အသစ် အဝါရောင် iPhone 14 နဲ့ iPhone 14 Plus ဖုန်းတွေကို ဒီနေ့ မတ်လ ၁၀ ရက်နေ့က စပြီး Pre-order မှာယူနိုင်မှာ ဖြစ်ပြီး အသစ်ထွက်ထားတဲ့ Cases တွေကိုတော့ ဝယ်ယူနိုင်နေပြီလို့ သိရပါတယ်။

Featured Photo : GSMArena.com