ယနေ့ခေတ် စမတ်ဖုန်း ဈေးကွက်ထဲမှာ စွမ်းဆောင်ရည် အလန်းစားနဲ့ စမတ်ဖုန်း အမျိုးအစားတွေ တစ်နေ့ထက်တစ်နေ့ သူ့ထက်ငါအပြိုင် ထုတ်လုပ်လာကြပြီး ဈေးနှုန်းအမျိုးအစားအလိုက် ရွေးချယ်စရာတွေလည်း များလာပါတယ်။ ဒီထဲမှာ ဈေးတန်ပြီး စွမ်းဆောင်ရည်မဆိုးလှတဲ့ ဘတ်ဂျက် ဖုန်းတွေလည်း အများကြီး ပါဝင်လာပါတယ်။ ဒီတစ်ခေါက်မှာတော့ ဘတ်ဂျက် ချွေတာချင်သူများအတွက် အရည်အသွေးကောင်းပြီး ဈေးနှုန်းသင့်တင့်တဲ့ ရွေးချယ်စရာ Andriod ဖုန်း တွေကို ပြောပြပေးချင်ပါတယ်။

(၁) Redmi Note 10 Pro

Photo : TechRadar

ကင်မရာကောင်းကောင်းထဲက လိုချင်တယ်ဆိုရင် Redmi Note 10 Pro က ရွေးချယ်စရာ ဖုန်းတစ်လုံးပါ။ 108Mp Main ကင်မရာကို 8Mp Ultra-wide ၊ 5Mp Telemacro နဲ့ 2Mp Depth Sensor တို့နဲ့ တွဲဖက်တပ်ဆင် ပေးထားပါတယ်။ ကြီးမားကျယ်ပြန့်တဲ့ ၆.၆၇ လက်မ မျက်နှာပြင်နဲ့ ဘက်ထရီပိုင်းမှာ ဆိုရင်လည်း 33W Fast Charging စနစ်ပါတဲ့ 5020mAh ဘက်ထရီနဲ့ လာပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၂၁၅ ဝန်းကျင် ရှိပါတယ်။

(၂) Realme C35

Photo : Hungry Geeks

ဘတ်ဂျက် Andriod ဖုန်းတွေထဲမှာ ဒီဇိုင်းပိုင်း တော်တော်လေး လှတဲ့ဖုန်းကို ပြောပါဆိုရင် Realme C35 ကို ညွှန်းရမှာပါပဲ။ ၆.၆ လက်မ မျက်နှာပြင်နဲ့ 50Mp Main ကင်မရာတို့ ပါဝင်ပြီး 5000mAh ဘက်ထရီ တပ်ဆင်ပေးထားပါတယ်။ ကျစ်လစ်တဲ့ ဘော်ဒီ ၊ လှပတဲ့ အရောင်အသွေးနဲ့ ဒီဇိုင်းပိုင်းမှာ တော်တော်လေး ပြည့်စုံတဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၁၈၅ ဒေါ်လာ ဝန်းကျင် ရှိပါတယ်။

(၃) Samsung Galaxy A13 4G

Photo : NoypiGeeks

Samsung ချစ်သူတွေအတွက်တော့ Samsung Galaxy A13 4G ဖုန်း က ဈေးတန်ပြီး စွမ်းဆောင်ရည်မြင့်တဲ့ ရွေးချယ်စရာ ဘတ်ဂျက်ဖုန်းတစ်လုံး ဖြစ်ပါတယ်။ Software ပိုင်းမှာ တော်တော်လေး ကောင်းမွန်ပြီး Android 12 အခြေပြု OneUI 4.1 ကို အသုံးပြုထားပါတယ်။ ၆.၆ လက်မ မျက်နှာပြင်နဲ့ ကင်မရာပိုင်းမှာတော့ 50Mp Main ကင်မရာကို 5MP Ultra-wide ၊ 2MP Macro နဲ့ 2MP Depth ကင်မရာတို့နဲ့ တွဲဖက်တပ်ဆင်ပေးထားပြီး အရှေ့ဘက်မှာ 8MP ဆယ်လ်ဖီကင်မရာ တစ်လုံးပါရှိပါတယ်။ ဘက်ထရီပိုင်းမှာဆိုရင်လည်း 5000mAh ဘက်ထရီကို သုံးထားပြီး Octa-core Samsung Exynos 850 Processor မောင်းနှင်ထားပါတယ်။ Samsung Galaxy A13 ရဲ့ ဈေးနှုန်းကတော့  ၁၄၆ ဒေါ်လာ ဝန်းကျင်ရှိပါတယ်။

(၄) Motorola Moto G62

Photo : NotebookCheck

ဈေးတန်တဲ့ ဘတ်ဂျက်ဖုန်းတွေထဲမှာ နောက်ထပ် ရွေးချယ်စရာ ဖုန်းကတော့ Motorola Moto G62 ဖြစ်ပါတယ်။ ပါးလွှာတဲ့ ကိုယ်ထည်နဲ့ ၆.၅ လက်မ မျက်နှာပြင် ပါရှိပြီး 15W အားသွင်းစနစ်ပါတဲ့ 5000mAh ဘက်ထရီကို အသုံးပြုထားပါတယ်။ Android 12 အခြေပြု Qualcomm ရဲ့ Snapdragon 480+ 5G Chipset မောင်းနှင်ထားပြီး f/1.8 နဲ့ 50Mp Main ကင်မရာ တပ်ဆင်ပေးထားပါတယ်။ Motorola Moto G62 ဖုန်းမှာ Dual-SIM အသုံးပြုနိုင်မှာဖြစ်ပြီး ဈေးနှုန်အရရော စွမ်းဆောင်ရည်အရပါ တကယ့်ကို ရွေးချယ်သင့်တဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၂၂၀ ဝန်းကျင်ရှိပါတယ်။

Featured Photo : NotebookCheck