ဟောလိဝုဒ် ထိပ်တန်းစူပါစတား Christian Bale ကိုတော့ စူပါဟီးရိုး Fan တွေ အားလုံး သိကြမှာပါ။ အထူးသဖြင့် ဘတ်မန်းမင်းသားရယ်လို့ ပရိသတ်တွေကြားမှာ လူသိများပါတယ်။ မင်းသားကြီး Christian ဟာ ဘတ်မန်းဇာတ်ကောင်အတွက် ပြင်ဆင်မှုတွေ အများကြီး ပြုလုပ်ခဲ့ပြီး ဘော်ဒီကိုလည်း သေချာအချိန်ယူကာ စနစ်တကျ တည်ဆောက်ခဲ့ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ပရိသတ်တွေ အားလုံးသိချင်နေတဲ့မင်းသားကြီး Christian Bale တစ်ယောက် ဘတ်မန်းဇာတ်ကောင်အတွက် အမိုက်စားဘော်ဒီရဖို့ လေ့ကျင့်ခဲ့တဲ့ သူ့ရဲ့တစ်ပတ်တာ Training Schedule ကို ပြောပြပေးချင်ပါတယ်။

Christian Bale

Photo : I AM SUPERHERO

(၁) တနင်္ဂနွေနေ့

မနက်ခင်း

မိနစ် ၃၀ အပြေးလေ့ကျင့်ခန်း
မိနစ် ၃၀ တရားထိုင်

ညနေခင်း

မီတာ ၄၀၀ အပြေးလေ့ကျင့်ခန်း
Clean And Jerk လေ့ကျင့်ခန်း (အလေး 118 kg)   ၈ ကြိမ် ၃ ကျော့
Kettlebell Swing လေ့ကျင့်ခန်း  အကြိမ် ၂၀ , ၄ ကျော့
မိနစ် ၃၀ Boxing Sparring ကစားပါတယ်။

(၂) တနင်္လာနေ့

မနက်ခင်း

မိနစ် ၃၀ အပြေးလေ့ကျင့်ခန်း
မိနစ် ၃၀ Martial Arts

ညနေခင်း

၆ မီတာ ကြိုးတက်
မိနစ် ၃၀ ဘားကွင်းခို
High Box Jumps ၁၂ ကြိမ် , ၈ ကျော့
Crunches ၅၀ ကြိမ် , ၅ ကျော့
မိနစ် ၃၀ သဲအိတ်ထိုး
မိနစ် ၃၀ Boxing Sparring ကစားပါတယ်။

(၃) အင်္ဂါနေ့

မနက်ခင်း

မိနစ် ၃၀ အပြေးလေ့ကျင့်ခန်း
မိနစ် ၃၀ ယောဂ

ညနေခင်း

မီတာ ၈၀၀ ရေကူး
Heavy Deadlift (အလေး 280kg) ၅ ကြိမ် ၇ ကျော့
Lighter Deadlift (အလေး 140kg) ၃၀ ကြိမ် ၄ ကျော့
မိနစ် ၃၀ Boxing Sparring ကစားပါတယ်။

Christian Bale

Photo : New York Post

(၄) ဗုဒ္ဓဟူးနေ့

ဗုဒ္ဓဟူးနေ့ကိုတော့ Rest Day ယူပြီး ပေါ့ပါးတဲ့ တာတိုအပြေးလေ့ကျင့်ခန်း ၊ တရားထိုင် ၊ အကြောလျော့ လေ့ကျင့်ခန်းတွေ လုပ်ပါတယ်။

(၅) ကြာသပတေးနေ့

မနက်ခင်း

မိနစ် ၃၀ အပြေးလေ့ကျင့်ခန်း
မိနစ် ၃၀ ကရာတေး

ညနေခင်း

Squats (အလေး 240kg) ၅ ကြိမ် ၁၀ ကျော့
၁ နာရီ Indoor တောင်တက်
Crunches ၅၀ ကြိမ် , ၅ ကျော့
မိနစ် ၃၀ သေနတ်ပစ်
မိနစ် ၃၀ သဲအိတ် ကစားပါတယ်။

(၆) သောကြာနေ့

မနက်ခင်း

မိနစ် ၃၀ အပြေးလေ့ကျင့်ခန်း
မိနစ် ၃၀ တရားထိုင်

ညနေခင်း

Clean And Jerk လေ့ကျင့်ခန်း (အလေး 118 kg)  ၃ ကြိမ် ၈ ကျော့
မီတာ ၄၀၀ အပြေးလေ့ကျင့်ခန်း
Kettlebell Swing လေ့ကျင့်ခန်း  အကြိမ် ၂၀ , ၄ ကျော့
ဒိုက်ထိုး အကြိမ် ၃၀ , ၅ ကျော့

မိနစ် ၃၀ Boxing Sparring ကစားပါတယ်။

christian bale

Photo : Variety

(၇) စနေနေ့

မနက်ခင်း

မိနစ် ၃၀ အပြေးလေ့ကျင့်ခန်း
မိနစ် ၃၀ ယောဂ

ညနေခင်း

Crunches ၅၀ ကြိမ် , ၅ ကျော့
Squats (အလေး 120kg) ၅ ကြိမ် ၁၀ ကျော့
ဒိုက်ထိုး အကြိမ် ၅၀ , ၅ ကျော့’
မီတာ ၄၀၀ ရေကူး
မိနစ် ၃၀ ဘားခို
မိနစ် ၃၀ Pommel Horse
မိနစ် ၃၀ သဲအိတ် ကစားပါတယ်။

ဒီလို ခက်ထန်ကြမ်းတမ်းတဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေနဲ့ မင်းသားကြီး Christian Bale တစ်ယောက် ဘတ်မန်းဇာတ်ကောင်အတွက် အမိုက်စား ဘော်ဒီ ကို တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

Featured Photo : Radio Times