မန်ချက်စတာ ယူနိုက်တက် လူငယ်ကွင်းလယ် ကစားသမားလေး ကိုဘီမိုင်နူး ကတော့ ယနေ့စနေနေ့ညမှာ ဘရန့်ဖို့ဒ်နဲ့ ယှဉ်ပြိုင်ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပါဝင်ဖို့ မသေမချာဖြစ်နေတယ်လို့ သိရပါတယ်။

kobbie mainoo

Photo : The Sun

အသက် ၁၈ နှစ်အရွယ် လူငယ်ကစားသမားလေးဟာ ပြီးခဲ့တဲ့ စနေနေ့က ဘရာဇီးလ်ကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ နိုင်ငံတကာ ပွဲစဉ်မှာ အင်္ဂလန်အသင်းအတွက် ပါဝင်ကစားခဲ့သလို ဘယ်လ်ဂျီယံနဲ့ ၂-၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာလည်း ပါဝင်ခဲ့ပြီး ဒီပွဲမှာ အကောင်းဆုံး ကစားသမားဆုကိုပါ ရရှိခဲ့ပါတယ်။

ဒါပေမယ့် အင်္ဂလန်သားလေးဟာ အခုအပတ်အစောပိုင်းမှာ နေမကောင်းဖြစ်နေခဲ့တာကြောင့် ကြာသပတေးနေ့က ယူနိုက်တက်ရဲ့ လေ့ကျင့်ရေးအစီအစဉ်မှာပင် ပါဝင်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

ကိုဘီမိုင်နူး ဟာ ကျန်းမာရေးအခြေအနေကြောင့် ယမန်နေ့သောကြာနေ့က ကာရင်တန်လေ့ကျင့်ရေးကွင်းကို လာရောက်သတင်းပို့ခဲ့ပြီး နည်းပြတန်ဟတ်အနေနဲ့ အဆိုပါ ကွင်းလယ် ကစားသမားလေးကို ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ထည့်သွင်းကစားသွား မသွားဆိုတာကိုတော့ ဆုံးဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။

” ကျွန်တော် မသိသေးပါဘူး။ ကျွန်တော်တို့ သူ့ကို ထည့်သွင်းကစားနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒီနေ့တော့ သူ ဒီကို ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် အပြည့်အဝတော့ မသက်သာသေးပါဘူး။ မနက်ဖြန် ပွဲမတိုင်ခင်အထိ ကြားထဲမှာ အချိန်တွေတော့ ရှိပါသေးတယ် ” လို့ နည်းပြတန်ဟတ်က သောကြာနေ့မှာ ပြောကြားသွားခဲ့ပါတယ်။

kobbie mainoo

Photo : The Sun

လူငယ်ကွင်းလယ် ကစားသမားလေး ကိုဘီမိုင်နူး ဟာ ဒီရာသီ ယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ပွဲပေါင်း ၁၄ ပွဲ ပါဝင်ကစားထားပြီး ပြီးခဲ့တဲ့လက ဝုလ်ဗ်အသင်းကို ၄-၃ ဂိုးနဲ့ အနိုင်ရရှိတဲ့ အဝေးကွင်းပွဲစဉ်မှာ အသင်းအတွက် အရေးပါတဲ့ အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

Featured Photo : Goal.com