အရွယ်ရောက်ပြီးသား အမျိုးသားတို့အတွက် တစ်ကိုယ်ရည် အာသာဖြေခြင်းနဲ့ စိမ်းမယ်မထင်ပါဘူး။ များသောအားဖြင့် ယောက်ျားလေးတော်တော်များများက ဆယ်ကျော်သက်အရွယ်မှာ အာသာဖြေခြင်းကို စတင်တွေ့ရှိ စမ်းသပ်လေ့ရှိပါတယ်။ တစ်ကိုယ်ရည် အာသာဖြေခြင်းက အမှန်တကယ်တော့ မကောင်းတဲ့အရာ မဟုတ်ပါဘူး။ နှစ်လိုဖွယ် ကောင်းစေတဲ့ ခံစားမှုကို ပေးစွမ်းနိုင်တဲ့ လူ့သဘာဝတစ်ခု ဆိုလဲမမှားပါဘူး။ ဒါ့အပြင် တစ်ကိုယ်ရည် အာသာဖြေခြင်းကနေ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေတယ်လို့လည်း ဆိုထားပါတယ်။ ဒီ‌ဆောင်းပါးလေးမှာတော့ ပုရိသတို့အတွက် အာသာဖြေခြင်း ကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေ ကို ဖော်ပြပေးချင်ပါတယ်။

(၁) ဆီးကျိတ်ကင်ဆာဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်

အာသာဖြေခြင်း အကျိုးကျေးဇူးတွေ

Photo : Surgi-TEN

၂၀၀၄ ခုနှစ်လေ့လာမှုတစ်ခုအရ တစ်လလျှင် ၂၁ ကြိမ်ထက် သုတ်လွှတ်သော အမျိုးသားများက တစ်လလျှင် လေးကြိမ်မှ ခုနစ်ကြိမ်အထိ သုတ်လွှတ်သော အမျိုးသားများထက် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ချေ ၃၃ ရာခိုင်နှုန်း လျော့နည်းတယ်လို့ ဆိုထားပါတယ်။ နောက်ထပ် လေ့လာမှုတစ်ခုအရ တစ်လလျှင် ၈ ကြိမ်မှ ၁၂ ကြိမ် သုတ်လွှတ်သူများသည် ၎င်းတို့ရဲ့ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ချေ ၁၀ ရာခိုင်နှုန်း လျော့နည်းကြောင်း တွေ့ရှိခဲ့ပါတယ်။

(၂) ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါတယ်

အာသာဖြေခြင်း အကျိုးကျေးဇူးတွေ

Photo : Men’s Health

ကွီးတို့ရေ အာသာဖြေခြင်း ကနေ ရရှိလာနိုင်တဲ့ အကျိုးကျေးဇူးတွေ ထဲကတစ်ခုကတော့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတာပဲ ဖြစ်ပါတယ်။ သုတ်လွှတ်ခြင်းက ဟော်မုန်း ကော်တီဆော ပမာဏကို တိုးမြင့်စေတယ်လို့ ဟော်မုန်းကုထုံးဆိုင်ရာ ပါရဂူ Jennifer Landa, M.D. Cortisol ကဆိုပါတယ်။ “တစ်ကိုယ်ရည်အာသာဖြေခြင်းက ကိုယ်ခံအားစနစ်ကို အားကောင်းစေဖို့အတွက် မှန်ကန်တဲ့ အခြေအနေကို ထုတ်ပေးနိုင်ပါတယ်”လို့လည်း ထိုပါရဂူက ဆိုထားပါသေးတယ်။

(၃) ကောင်းစွာ အိပ်ပျော်စေဖို့ ကူညီပေးနိုင်ပါတယ်

အာသာဖြေခြင်း အကျိုးကျေးဇူးတွေ

Photo : Spine Health

အရွယ်ရောက်ပြီးတဲ့ သူတော်တော်များများမှာ အလုပ်ကိစ္စတွေ၊ ကိုယ်ရေးကိုယ်တာ၊ ပတ်ဝန်းကျင်စတာတွေကြောင့် စိတ်ဖိစီးကာ ကောင်းစွာ မအိပ်စက်နိုင်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အခြားသော အကြောင်းအမျိုးမျိုးကြောင့် ကောင်းမွန်စွာ မအိပ်စက်နိုင်တာမျိုး ဖြစ်တတ်ပါတယ်။ အိပ်စက်ခြင်းပိုမို ကောင်းမွန်အောင် ဆောင်ရွက်နိုင်တဲ့ နည်းများထဲမှာ အာသာဖြေခြင်းကလည်း အပါအဝင်ဖြစ်ပါတယ်။ စိတ်ကျေနပ်မှု အထွတ်အထိပ် (Orgasm) ရရှိခြင်းက ဦးနှောက်ထဲသို့ Prolactin၊ Serotonin နှင့် Oxytocin ကဲ့သို့သော ဓာတုပစ္စည်းများကို ထုတ်လွှတ်ပြီး ၎င်းတို့အားလုံးသည် ပျော်ရွှင်မှုနှင့် အပန်းဖြေမှုတို့နှင့် ဆက်စပ်နေပါတယ်။ ဒါ့အပြင် အာသာဖြေခြင်းက နှစ်လိုဖွယ်ကောင်းတဲ့ စိတ်ခံစားချက်ကို ရရှိခြင်းကြောင့် စိတ်ဖိစီးမှုလျော့ကျကာ အိပ်စပ်ခြင်းကို တစ်ဖက်တစ်လမ်းက အထောက်အကူ ပြုစေပါတယ်။

(၄) ကြာချိန်ကို တိုးတက်စေဖို့ ကူညီပေးနိုင်ပါတယ်

အာသာဖြေခြင်း အကျိုးကျေးဇူးတွေ

Photo : Promesscent

အိပ်ရာထဲမှာ ကွီးတို့လိုချင်သလောက် ကြာရှည်မခံဘဲ သုတ်လွှတ်မြန်နေတယ် ဆိုရင်တော့ အလေ့အကျင့်တစ်ခု လိုပါတယ်။ ကြာလာလျှင် ကွီးကိုယ်တိုင်ရော၊ ကွီးတို့လက်တွဲဖော်ပါ စိတ်ကျေနပ်မှု အပြည့်အဝ မရနိုင်ဘဲ စိတ်အနှောင့်အယှက်ဖြစ်စရာ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် တစ်ကိုယ်ရည် အာသာဖြေပါ။ တစ်ကိုယ်ရည် အာသာဖြေခြင်းကလည်း ကွီးတို့အတွက် ကြာရှည်ခံမှုကို တိုးတက်စေဖို့ ကူညီပေးနိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

(၅) နှလုံးကျန်းမာရေးကို အထောက်အကူပြုပါတယ်

Heart Health

Photo : One Medical

ပြင်းထန်သော လိင်ဆက်ဆံခြင်းက နှလုံးဖောက်ခြင်း သို့မဟုတ် လေဖြတ်ခြင်းအန္တရာယ်ကို မြင့်တက်စေသည်ဟူသော ယုံကြည်ချက်များ ရှိတာမှန်သော်လည်းပဲ ပုံမှန် Orgasms ရနေသူတစ်ဦးကတော့ နှလုံးသွေးကြောဆိုင်ရာရောဂါများကို ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။ Massachusetts Aging Study ရဲ့ အစီရင်ခံစာအရ တစ်လလျှင် တစ်ကြိမ် သို့မဟုတ် ထိုထက်နည်းသော လိင်ဆက်ဆံမှု ရှိတဲ့ အမျိုးသားများက တစ်ပတ်လျှင် နှစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ထက်ပိုသော Orgasms ရရှိသော အမျိုးသားများထက် နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြင့် သေဆုံးနိုင်ချေ ၄၅ ရာခိုင်နှုန်း ပိုများကြောင်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

(၆) STD ရောဂါများကို ကာကွယ်ပြီးသားဖြစ်ပါတယ်

Photo : Relationships

ကွီးတို့ရေ လိင်ဆက်ဆံဖော် များတာ၊ အကာအကွယ်မဲ့ လိင်ဆက်ဆံမိတာတွေကြောင့် အဖြစ်များတဲ့ HIV၊ AIDS ၊ ကာလသားရောဂါ ကဲ့သို့သော လိင်မှ တစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါများ ဖြစ်ပွားနိုင်ပါတယ်။ တစ်ကိုယ်တော် အာသာဖြေခြင်းကတော့ အခြားသော လိင်ဆက်ဆံဖော်ဆီမှ ထိုရောဂါများ ကူးစက်ခြင်းကို အထိုက်အလျောက် ကာကွယ်ပြီးသား ဖြစ်စေပါတယ်။

(၇) အအေးမိခြင်းကို ကာကွယ်နိုင်ပါတယ်

cold

Photo : Chronic Live

တစ်ကိုယ်တော် အာသာဖြေသော အမျိုးသား ယောက်ျားလေး ၁၁ ဦးရဲ့ သွေးများကို သိပ္ပံပညာရှင်များက စမ်းသပ် မှတ်တမ်းတင်ခဲ့ကြတယ်လို့ Pub Med ရဲ့ အစီရင်ခံစာတစ်ခုက ဆိုပါတယ်။ ရလဒ် အရကတော့ Orgasms ရရှိသော အမျိုးသားများတွင် leukocytes ဟုခေါ်သော ဆဲလ် အရေအတွက်ကို တိုးစေတယ်လို့ ဆိုပါတယ်။ Leukocytes ဆိုတဲ့ ဆဲလ်များကတော့ ကိုယ်ခံအားစနစ်နှင့် အအေးမိခြင်းကဲ့သို့သော ကျန်းမာရေးအခြေအနေများကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

အာသာဖြေခြင်း ကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေ ကို ပုရိသတို့အတွက် ဗဟုသုတဖြစ်ဖွယ် ဝေမျှပေးလိုက်တာ ဖြစ်ပါတယ်။ နောက်တစ်ချက်အနေနဲ့ ပုရိသတို့‌ရေ အလွန်အကျွံမဖြစ်အောင်တော့ သတိထားဖို့ တိုက်တွန်းလိုက်ပါတယ်ဗျာ။

Source : Men’s Health

Featured Photo : Flipboard