ညဘက် ဘောပွဲတွေကြည့်ပြီး အိပ်ရေးပျက်တဲ့အခါ ဒါမှမဟုတ် ညဘက် ဂိမ်းတွေ ရှယ်ဆော့ပြီး မိုးလင်းသွားတဲ့အခါ ဒါမှမဟုတ်ရင်လည်း ရည်းစားတွေ စကီတွေနဲ့ တမုန်း ကျူပြီး panda ဖြစ်သွားရချိန်မှာဆိုရင် ကွီးတော်တော်များများက ဘလက် ကော်ဖီကို သောက်ဖြစ်ကြမယ်လို့ ထင်ပါတယ်။ သံပုရာသီးလေးပါ ညစ်ပြီး သောက်လိုက်ရင် လန်းလန်းဆန်းဆန်းလေး ဖြစ်သွားတက်တာက ဘလက် ကော်ဖီ ရဲ့ အစွမ်းပါပဲ။ ဒါပေမယ့် ရှယ်လန်းရအောင်လို့ဆိုပြီး ဘလက် ကော်ဖီကို ရှယ်သောက်လိုက်မယ် ဆိုရင်တော့ဖြင့်……..
Photo : CNN
ဘလက် ကော်ဖီမှာ ပါဝင်တဲ့ အက်ဆစ်ဓါတ်က အစာအိမ် အတွင်းပိုင်းကို ထိခိုက်စေနိုင်ပြီးတော့ အစာခြေ လမ်းကြောင်းဆိုင်ရာ ပြဿနာများကို ဖြစ်စေနိုင်ပါတယ်။ ဗိုက်ထဲမှာ ဘာအစာမှ ရှိမနေတဲ့အချိန် ဘလက် ကော်ဖီကို သောက်သုံးခြင်းကလည်း အစာအိမ်ထဲက အက်ဆစ်ဓါတ်တွေ ပြန်တက်လာပြီး ရင်ပူခြင်းတို့ အစာမကြေခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။
Photo : Medical News Today
ဘလက် ကော်ဖီ မှာဖြစ်ဖြစ် ဘယ်ကော်ဖီမှာပဲဖြစ်ဖြစ် ကဖိန်းဓါတ်က အဓိက အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်တာဖြစ်လို့ ကိုယ်က နေ့တစ်နေ့ရဲ့ ဥပမာ ညနေဘက်တို့ ညဘက်တို့မှ သောက်မိလိုက်မယ်ဆိုရင် ကိုယ်ရဲ့ အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒါကြောင့် ဘလက် ကော်ဖီကို အလွန်အကျွံ သောက်သုံးမယ်ဆိုရင်တော့ အိပ်မပျော်နိုင်ခြင်းတွေ ကိုယ်ရဲ့ ပုံမှန် အိပ်စက်ချိန်တွေပါ အနှောင့်အယှက် ဖြစ်လာစေပါတယ်။
ဘလက် ကော်ဖီကို အလွန်အကျွံ သောက်မိခြင်းက အရိုးတွေအတွက် အရေးကြီးတဲ့ ကယ်လ်ဆီယမ်ဓါတ် စုပ်ယူမှု လျော့နည်းသွားခြင်းနဲ့ပါ ဆက်စပ်နေပါတယ်။ ဒါက အချိန်ကြာလာတာနဲ့အမျှ အရိုးရဲ့ သိပ်သည်းဆကို လျော့ကျစေပြီး အရိုးပွ ရောဂါကိုပါ ဖြစ်စေနိုင်တယ်။
Photo : Health
ဒီတစ်ချက်ကတော့ ကော်ဖီအသောက်များတဲ့သူတိုင်း ကြုံတွေ့ရတက်တဲ့ ဝေဒနာပါ။ ဟုတ်ပါတယ် ဘလက် ကော်ဖီတွေ အသောက်များရင် ရင်တုန်တက်ပါတယ်။ ကဖိန်းဓါတ်က ဗဟိုအာရုံကြောစနစ်ကို လှုံဆော်ပေးနိုင်ပြီး နှလုံးခုန်နှုန်းကို တိုးလာစေနိုင်သလို နှလုံးခုန်မမှန်တာတွေကိုပါ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်မို့ ကွီးတို့က နှလုံးရောဂါ ခံစားနေရသူ ဖြစ်နေတယ်ဆိုရင်တော့ ဘလက် ကော်ဖီကို ရှောင်တာ ပိုကောင်းပါလိမ့်မယ်။
Photo : Food Chain Magazine
နောက်ပြီးတော့ ဘလက် ကော်ဖီဟာ ဆီးသွားနှုန်းကို တိုးစေတာကြောင့် များများသောက်ရင် များများပေါက်ပြီး ရေဓါတ်ခန်းခြောက်သွားနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို တစ်ခွက်တစ်လေလောက်သာ သောက်သုံးခြင်းက အကောင်းဆုံး ဖြစ်စေနိုင်တာမို့ တန်ဆေးလွန်ဘေးဆိုတာကို ကော်ဖီနဲ့ ဘလက် ကော်ဖီ ခရေဇီတွေ မှတ်သားထားသင့်ပါတယ်။
Source : Times of India
Featured Photo : Baptist Health