ကွီးတို့ရေ လူတိုင်းဟာ တိုးတက်အောင်မြင်တဲ့ ဘဝပိုင်ရှင် ဖြစ်ချင်ကြပါတယ်။ ကြိုးစားမယ်ဆိုရင် အောင်မြင်မှု ရစေမဲ့ နည်းလမ်းတွေလည်းရှိပါတယ်။ လုပ်ချင်တဲ့ စိတ် ဟာ အဓိက ကျပါတယ်။ စိတ်ဆန္ဒ ဖြစ်လာပြီဆိုရင် ကွီးတို့မှာ စွမ်းအားတွေ အလိုလို ဖြစ်လာမယ်။ ငါ ဘာမှ မလုပ်နိုင်ဘူးလို့ ခံစားနေရင်တော့ ဒါဟာ မကောင်းတာဘဲ ဖြစ်မှာပါ။ ယခုချိန်မှာ ကွီးတို့ ဘဝတိုးတက်ကောင်းမွန်ပြီး ပိုမိုပျော်ရွှင်စေဖို့ လုပ်နိုင်မဲ့ အရာတွေ အများကြီး ရှိလာပါပြီ။ ဘဝတိုးတက်အောင် လုပ်နိုင်တဲ့ ပတ်ဝန်းကျင် အခြေအနေတွေလည်း တွေ့နေရပါပြီ။ ဒါကြောင့် ကွီးတို့ရဲ့ ဘဝကို သိသိသာသာ တိုးတက်ကောင်းမွန်စေမဲ့ နည်းလမ်း(၇)သွယ် ကို ပြောပြပေး လိုက်ပါတယ်။

(၁) ကွီးရဲ့ တစ်နေ့တာကို ကောင်းကောင်း စတင်လိုက်ပါ

ဘဝကို သိသိသာသာ

Photo : Outside Magazine

ကွီးတို့ရေ နေ့တစ်နေ့ရဲ့ အစကို ဘဝအတွက် အကောင်းဆုံးအလုပ်နဲ့ စတင်လိုက်ပါ။ မနက်ခင်းကစပြီး အရေးကြီးတဲ့ အလုပ်တွေကို လုပ်ဖို့ အချိန်အလုံအလောက် ရှိရပါမယ်။ ဘဝဆိုတာ တစ်နေ့တည်းနဲ့ ပြီးသွားတဲ့ကိစ္စမျိုးမဟုတ်ပါဘူး။ ခန္ဓာကိုယ်ရောစိတ်ပိုင်းပါ အားအင်အပြည့် ရနေဖို့ မနက်စာစားတာ၊ လေ့ကျင့်ခန်းမှန်မှန်လုပ်တာ၊ သတင်းနားထောင်တာ လုပ်ရပါမယ်။ ဒါမှသာ တစ်နေ့တာကို ရင်ဆိုင်နိုင်ဖို့ အသင့်ဖြစ်နေမယ်။ ဒီအချက်ကလည်း ဘဝကို သိသိသာသာ တိုးတက်စေဖို့ အရေးပါတဲ့အချက်ပါ။

(၂) ဘဝမှာ အနှောင့်အယှက်ပေးနေတဲ့ အရာတွေကို လျစ်လျူရှု့လိုက်ပါ

ဘဝကို သိသိသာသာ

Photo : Daily RX

ကွီးတို့အနေနဲ့ အိမ်နီးချင်းကဖြစ်စေ၊ အခန်းဖော်ကဖြစ်စေ အနှောင့်အယှက် ပေးတာဘဲ ဖြစ်ဖြစ်၊ အကောင်းမမြင်တာဘဲဖြစ်ဖြစ် ကြုံတွေ့နိုင်ပါတယ်။ ဒါဟာ ဘဝမှာ အသေးအဖွဲ ကိစ္စ ဖြစ်ပါတယ်။ သူတို့အပေါ် အဆိုးလို့ မမြင်ပါနဲ့။ ကွီး ဆီမှာ ဖြစ်နေတဲ့ အဆိုးမြင်ကိစ္စတွေကို ဖော်ထုတ်ပါ၊ ပြီးရင် အဆိုးလို့ ဘာကြောင့်မြင်သလဲ၊ တခုခု လုပ်ကြည့်ပါ။ အဆိုးမြင်တတ်တဲ့ အကျင့်ကို ဖယ်ရှားလိုက်တာနဲ့ ကွီးဘဝမှာ ဘဝကို သိသိသာသာ တိုးတက်စေပြီးပျော်ရွှင်ခြင်းတွေ ရောက်လာမှာပါ။

(၃) မကောင်းတဲ့ အတွေးတွေကို ဖယ်ရှားပါ

ဘဝကို သိသိသာသာ

Photo : iStock

ကွီးတို့အားလုံးမှာ အတိတ်အကြောင်းအရာ ကိုယ်စီရှိကြပါတယ်။ ကလေးဘဝမှာ အနိုင်ခံရတာလည်းရှိမယ်။ အကြွေးယူပြီး အလုပ်လုပ်တဲ့အခါ ဆုံးရှုံးသွားတာလည်းရှိခဲ့မယ်။ ဘဝမှာ ဖြစ်ပြီးတဲ့ မကောင်းခဲ့တဲ့ ကိစ္စတွေကို တွေးပြီး ခေါင်းရှုပ်မခံပါနဲ့။ အချိန်နဲ့ စွမ်းအားတွေကို ဆုံးရှုံးမခံပါနဲ့။ လက်ရှိအချိန်မှာ လုပ်ရမဲ့ အလုပ်ကို အာရုံစိုက်ပါ။ ရှေ့ကိုဆက်ပါ။

(၄) ကိုယ့်ကိုယ်ကိုနဲ့ ကိုယ့်မှာ ရှိတဲ့ အရာတွေကို တန်ဖိုးထားပါ

life

Photo : iStock

ကွီးတို့ ဘဝမှာ အမြဲတမ်းဆိုးနေတာ မဟုတ်ပါဘူး။ ကောင်းတာတွေလည်း ရှိပါတယ်။ ကွီးရဲ့ ကိုယ့်ကိုယ်ကိုနဲ့လက်ရှိ ဘဝမှာ ပိုင်ဆိုင်နေတဲ့အရာကို တန်ဖိုးထားပါ။ တခြားသူတွေမှာ ရှိတဲ့ အရာတွေထက် ပိုတန်ဖိုးရှိပါတယ်။ ကွီးမှာရှိနေတဲ့ အရည်အချင်းကောင်းကို အသုံးချပါ။ တိုးတက်အောင်လုပ်ပါ။ ကိုယ့်ကိုယ်ကို အားကိုးပါ။

(၅) စိတ်အေးအေးထားပါ

life

Photo : Askmen

စိုးရိမ်ပူပန်မှုဟာ ကွီးတို့အတွက် မကောင်းတဲ့ အရာဖြစ်ပါတယ်။ စိုးရိမ်ပူပန်မှုများခြင်းဟာ ကျန်းမာရေးကို ထိခိုက်စေပြီး အလုပ်ကို နှောင့်နှေးစေပါတယ်။ ဒေါသဖြစ်ခြင်းနဲ့ စိတ်ပျက် အားငယ် ခြင်းဟာလည်း ကွီးတို့အတွက် ကောင်းတဲ့အရာမဟုတ်တာကို သတိထားပါ။ ဒေါသထွက်လာရင် စိတ်အေးချမ်းစေမဲ့ နေရာကိုသွားလိုက်ပါ။ စိတ်ကိုငြိမ်အောင်ထားပါ။ ဘယ်နေရာ ဘယ်အခြေအနေမှာဖြစ်ဖြစ် ‌ဒေါသမပါဘဲ စိတ်အေးအေးထားလုပ်ရင် အကောင်းဆုံး ရရှိစေပါတယ်။

(၆) အရာရာကို မေတ္တာ ထားပါ ၊ သူတစ်ပါးကို ကူညီပါ

life

Photo : Pinterest

ကွီးတို့အနေနဲ့ အခြားသူတွေကို မေတ္တာထား ဆက်ဆံမယ်ဆိုရင် နှစ်ဦးနှစ်ဖက် ကောင်းကျိုး ချမ်းသာကို ရှိစေပါတယ်။ အလုပ်ခွင်မှာဖြစ်ဖြစ် အခြားနေရာမှာဖြစ်ဖြစ် အခြားသူတွေရဲ့ အခက်အခဲ တွေကို စိတ်ပါလက်ပါ ကူညီပေးခြင်းဟာ ကွီးအတွက် တိုးတက်မှု အပြောင်းအလဲကို ဖြစ်စေပါတယ်။ ကွီးရဲ့ မျက်နှာမှ အပြုံးဖြင့် အခြားသူတွေကို အေးချမ်းအောင် လုပ်ပါ။ တစ်ဦးတစ်ယောက်ကို ကွီး ပြုံးပြမယ်ဆိုရင် သူတို့ကလည်း ပြန်ပြုံးပြပါလိမ့်မယ်။ ကွီးတို့ ဆီမှာရှိတဲ့ စစ်မှန်တဲ့ အပြုံးမေတ္တာစေတနာဖြင့် သူတို့ကို ပျော်ရွှင်အောင် လုပ်ပါ။ ဒီအချက်ကလည်း ကွီးတို့ကို စိတ်ချမ်းသာစေရုံမက ကွီးတို့ ဘဝကို သိသိသာသာ တိုးတက်စေဖို့ အထောက်အကူပြုပါလိမ့်မယ်

(၇) အများနဲ့ အလုပ်လုပ်ပါ

life

Photo : Forbes

တစ်ယောက်တည်းနေတာထက် အများနဲ့နေထိုင်လုပ်ကိုင်ခြင်ဟာ ပိုကောင်းတာ ကွီးတို့ သတိထားမိရဲ့လား။ အများနဲ့စုပေါင်း အလုပ်လုပ်မယ်ဆိုရင် ကွီးမှာဖြစ်နေတဲ့ စိတ်ဖိစီးမှုကို လျော့ချ နိုင်ပါတယ်။ ကျန်းမာရေးတိုးတက်လာနိုင်တယ်။ အလုပ်တွေလည်း ပိုမိုမြန်ဆန်စွာ အောင်မြင်လာနိုင်ပါတယ်။ ကွီးတို့ရဲ့ ပေါင်းသင်းဆက်ဆံရေးကိုပါ တိုးတက်စေပါတယ်။ ကွီးမှာ ရှိတဲ့ အရည်အချင်းကိုလည်း ပိုပြနိုင်ပါလိမ့်မယ်။ ကွီးအနေနဲ့ တစ်ယောက်တည်း နေတတ်တဲ့ အကျင့်ရှိမယ်ဆိုရင် ချက်ချင်းရပ်တန့်ပြီး အများနဲ့ စုပေါင်းနေလိုက်ပါ။ အများနဲ့ တွဲပြီး အလုပ်လုပ်လိုက်ပါ။

အခု ပြောပြခဲ့တဲ့ ကွီးတို့ရဲ့ ဘဝကို သိသိသာသာ တိုးတက်ကောင်းမွန်စေမဲ့ နည်းလမ်း ( ၇ ) သွယ် ဟာ ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။ လိုက်နာလုပ်ဆောင်ပြီး ကွီးတို့အားလုံး အောင်မြင်တိုးတက်ကြပါစေ။

Source : INC

Featured Photo : Business