အောင်မြင်မှုကို ကွီးတို့ ဘယ်လို အဓိပ္ပါယ် ဖွင့်ကြမှာလဲ၊ ဝင်ငွေကောင်းတာလား၊အိမ်ကြီးအိမ်ကောင်းနဲ့နေနိုင်တာလား၊ အကောင်းစားကားကိုစီးနိုင်တာလား၊ ဒါတွေက အောင်မြင်မှုရဲ့ အတိုင်းအတာ မဟုတ်တာသေချာပါတယ်။ ကွီးအနေနဲ့ စီးပွားရေးလုပ်ငန်းနဲ့ စွန့်ဦးတည်ထွင်မှုလုပ်ငန်းတစ်ခုကို လုပ်တော့မယ်ဆိုရင် ထူးခြားတဲ့ အရည်အချင်းနဲ့ အလုပ်အပေါ် ချစ်မြတ်နိုးဖို့ လိုအပ်ပါတယ်။ ကွီးရဲ့ အိမ်မက်ကို ဖော်ထုတ်မယ့် အခွင့် အလမ်းနဲ့ အရည်အချင်းဘဲ ဖြစ်ပါတယ်။ အခွင့်အလမ်းနဲ့ အရည်အချင်းတွေ ရရှိဖို့ တနည်း ပြောရရင် အောင်မြင်မှု ရရှိရန်အတွက် ကွီးတို့ လိုက်နာကျင့်သုံးသင့်သော နည်းလမ်းများ ကို တင်ပြပေးလိုက်ပါတယ်။

(၁) စိတ်အားထက်သန်မှု ရှိပါစေ

ရရှိရန်အတွက် ကွီးတို့

Photo : Work It Daily

ပထမဦးစွာ အောင်မြင်မှု ရရှိရန်အတွက် ကွီးတို့ အလုပ်ကို တန်ဖိုးထား၍ စိတ်အားထက်သန်စွာ စွဲစွဲ မြဲမြဲလုပ်ပါ။ စိတ်ထက်သန်မှုမရှိပါက အလုပ်သည် အောင်မြင်နိုင်မည် မဟုတ်ပါ။ အလုပ်ကို စိတ်ထက်သန်စွာလုပ်ရင်း ဆုံးရှုံးမှုတွေ ရင်ဆိုင်ရတဲ့ အ‌ခြေ အနေမှာ ကိုယ်တိုင်ကျော်လွှားနိုင်မယ့် နည်းလမ်းတစ်ခုကို ရှာဖွေနိုင်မှာပါ။ ကွီးလုပ်ချင်တဲ့ အလုပ်ကို ထက်ထက်သန်သန်လုပ်မယ်ဆိုရင် ဖန်တီးနိုင်စွမ်းပိုလာမယ်၊ ပိုစိတ်ဝင်စားလာမယ်၊ အောင်မြင်မှုနဲ့ ငွေကြေးလည်း ပိုရလာနိုင်ချေ များလာမယ်၊ ပုဂ္ဂိုလ်ရေးအရလည်း ထင်ပေါ်လာပါမယ်။

(၂) ဘယ်အလုပ်ကို မဆို ကြိုးစားလုပ်ပါ

ရရှိရန်အတွက် ကွီးတို့

Photo : Verywell Mind

ကိုယ့်ကိုယ်ကို ဘယ်တော့မှ မလိမ်ပါနဲ့။ အောင်မြင်မှုဆိုတာ အလုပ်ကြိုးစားမှုကနေလာတာပါ။ ပင်ပင် ပန်းပန်းလုပ်ပြီး ကောင်းမွန်စွာ ပြီးမြောက်သွားတဲ့အခါ ကိုယ်တိုင် ကျေနပ်အားရ တက်ကြွလာပါတယ်။ အလုပ်လုပ်ရာမှာ အခြားသူများနှင့် ပူးပေါင်းလုပ်ဆောင်ဖို့ မမေ့ပါနဲ့၊ အလုပ်ဆိုင်ရာ ကျင့်ဝတ်များကို အခြားသူများနှင့်အတူ လိုက်နာခြင်းဟာ အောင်မြင်မှုကို ရရှိစေပါတယ်။ အလုပ်ကို မကြိုးစားဘဲနဲ့ ဘယ်သူမှ ထိပ်ဆုံးကို မရောက်နိုင်ပါ။ အလုပ်ကြိုးစားမှုတိုင်းဟာ လူတိုင်းကို ထိပ်ဆုံးသို့ မပို့နိုင်ပေမယ့် အနီးဆုံးကိုတော့ ရောက်စေနိုင်ပါတယ်။

(၃) ဘယ်အလုပ်ကိုမဆို အကောင်းဆုံးဖြစ်အောင်လုပ်ပါ

ရရှိရန်အတွက် ကွီးတို့

Photo : Careers & Workplace Advice from Heys

အောင်မြင်သူတွေဟာ ကြီးမြတ်တဲ့ အဆင့်ရောက်ဖို့ ကြိုးစားကြပါတယ်။ ဒါကြောင့် ကွီးတို့ ကိုယ်တိုင် အဆုံးစွန်ထိရောက်အောင် အကောင်းဆုံးဖြစ်အောင် တွန်းအားထည့်ဖို့လိုပါတယ်။ အောင်မြင်မှုကို သေချာအောင်လုပ်ပါ။ ကွီးတို့ နဲ့ အဖွဲ့ဝင်တွေကြားမှာ ယုံကြည်မှု တိုးတက်အောင်တည်ဆောက်ပါ။ စေ့စပ်သေချာအောင် လုပ်ဆောင်ခြင်းဖြင့် အလုပ်နဲ့ပတ်သက်သူ အားလုံးကို တန်ဖိုးထားရပါမယ်။ အောင်မြင်မှုသည် အသိဉာဏ်ရှိခြင်းနဲ့ အကောင်းဆုံးလုပ်ဆောင်မှုကြောင့် ရရှိခြင်း ဖြစ်ပါတယ်၊

(၄) အာရုံ စူးစိုက်၍ လုပ်ပါ

success

Photo : Forbes

အောင်မြင်မှု ရရှိရန်အတွက် ကွီးတို့ အနေနဲ့ အာရုစူးစိုက်၍ အလုပ်လုပ်ဖို့လိုပါတယ်။ အရေးကြီးဆုံးတစ်ခုကို အာရုံစိုက်မလုပ် ဘူးဆိုရင် အောင်မြင်မှု မရနိုင်ပါဘူး။ ကွီးရဲ့ အလုပ်အောင်မြင်ဖို့ ဒီအရေးကြီးတဲ့ အချက်ကို ကိုယ့်ကိုယ်ကို အမြဲတန်း သတိပေးနေဖို့လိုပါတယ်။ အာရုံစူးစိုက်မှုသည် အလုပ်ရဲ့ မျှော်မှန်းချက် နှင့် ရည်မှန်းချက်များ အကောင်အထည်ဖော်ရာတွင် မရှိမဖြစ် လိုအပ်ပါတယ်။

(၅) လုပ်ဆောင်ပါ။ ဖြည့်ဆည်းပေးပါ

success

Photo : Womsga Franchise Liscensing

အောင်မြင်မှုရရန် ပြိုင်ဆိုင်မှုများထဲတွင် ဖောက်သည်များကို အကောင်းဆုံးဝန်ဆောင်မှု ပေးခြင်းသည် လည်း ပါဝင်ပါတယ်။ ကွီးတို့ ဖောက်သည်တွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆီးပေးခြင်းသည် ကွီးအတွက် အခိုင်မာဆုံး နှင့် အမှတ်အရဆုံး အမှတ်တံဆိပ်ဖြစ်ပါတယ်။ အောင်မြင်မှုအတွက် စောင့်ကြည့်ပါ၊ နားထောင်ပေးပါ၊ တုန့်ပြန်ဆောင်ရွက်ပေးပါ၊ အမှားတွေကို သင်ခန်းစာယူပါ။ ဒီဆောင်ရွက်ချက်ကနေ ကွီးအတွက် အောင်မြင်မှု တန်ဘိုးကို ဖန်တီးပေးပါလိမ့်မယ်။ ပညာရှင်တွေက ပြောပါတယ် “ ကွီးတို့ရဲ့ ကြေနပ်မရှိတဲ့ ဖောက်သည် / အသိုင်းအဝန်းတွေဟာ ကွီးရဲ့ အကြီးဆုံးလေ့လာသင်ယူမှု အရင်းအမြစ်ဖြစ်ပါတယ်”။

(၆) စိတ်ကူးတွေ ဖန်တီးပါ

success

Photo : Man Nowhere

အကောင်းဆုံးဖြစ်အောင် ဝန်ဆောင်မှု ပေးတဲ့အလုပ်အပြင် ကွီးတို့ရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်ကို ကောင်းကောင်းထိန်းနိုင်ဖို့ ကွီးမှာ ဉာဏ်ရည်ထက်မြက်မှု၊ စစ်မှန်မှုနဲ့ အတွေးအခေါ် စိတ်ကူးစိတ်သန်း ကောင်းတွေ လိုအပ်ပါတယ်။ စိတ်ဆန္ဒ ပြင်းပြမှုသည် ဖန်တီးမှုလုပ်ငန်းစဉ်ရဲ့ အစိတ် အပိုင်းဖြစ်ပါတယ်။ ပြိုင်ဆိုင်မှုရှိနေတဲ့ ဈေးကွက်ထဲမှာ ကွီးရဲ့ အမှတ်တံဆိပ် တည်တန့်နိုင်ဖို့ အမြဲတန်း ဆန်းသစ်တီထွင်မှုတွေ လုပ် နေရပါမယ်။ စိတ်ကူးကောင်းတွေကို အကောင်အထည်ဖော်ပါ။ ဒါဆိုရင် ကွီး အောင်မြင်မှုကို ဆုတ်ကိုင်ထား နိုင်မှာပါ။

(၇) ဇွဲ ရှိပါ

success

Photo : Glide Design

ဘဝမှာ အောင်မြင်မှု ရရှိရန်အတွက် ကွီးတို့ အနေနဲ့ ဇွဲရှိဖို့လည်းလိုပါတယ်။ ဘဝမှာ ရှုံးနိမ့်မှုတွေ ကြုံတွေ့နိုင်ပါတယ်၊ဒါပေမဲ့ အရှုံး မပေးပါနဲ့။ အရှုံးကိုရင်ဆိုင်ရတဲ့အခါ ကွီးဟာ ဘယ်လိုလူလဲ၊ ဘယ်လိုကျော်ဖြတ်မှာလဲ၊ ဘယ်လိုဆက်လက်ရပ်တည်မလဲ ဆိုတာ သိဖို့လိုပါတယ်။ ဘယ်အလုပ်မဆို ဇွဲ နဲ့ လုပ်ဆောင်ရပါမယ်။ စိတ်အားထက်သန်မှုအပြင် ကြီးသော ဇွဲ လုံ့လရှိခြင်းဟာ ကွီးတို့ကို အောင်မြင်မှု ရရှိစေနိုင်ပါတယ်။
ကဲ ယခုကစပြီး အောင်မြင်မှု ရရှိရန်အတွက် ကွီးတို့ လိုက်နာကျင့်သုံးသင့်သော နည်းလမ်းများ ကို အသုံးချလိုက်ပါ။

Source : Career ZOT

Featured Photo : Adam