လူတိုင်း လူတိုင်းဟာ ဘဝမှာ အောင်မြင်မှုကို လိုချင်ကြပါတယ်။ အောင်မြင်မှုရဖို့အတွက် တွေးတဲ့အခါ ၊ သို့မဟုတ် လုပ်ဆောင်တဲ့အခါ ကျွန်တော်တို့ရဲ့ ဘဝမှာရှိသင့်တဲ့ အရည်အချင်းတွေ၊ ကြိုးစားမှုတွေ၊ အထောက်အပံ့ကောင်းတွေ စသည်တို့ကိုသာ ပိုပြီးအာရုံစိုက်လေ့ရှိပါတယ်။ ဒါပေမဲ့ အဲ့ဒါဟာ အလုံးစုံတော့ မှန်ကန်တယ်လို့ ပြောလို့ မရပါဘူး။ တစ်ခါတစ်ရံ အောင်မြင်မှုရရှိရန်သော့ချက်မှာ အချို့သော အလေ့အထများနဲ့ ကွီးတို့ရဲ့ အပြုအမူတွေကို စွန့်လွှတ်နိုင်ရင် အောင်မြင်မှု တကယ်ရရှိနိုင်ပါတယ်။ ဒါကြောင့် ကွီးတို့အနေနဲ့ ဘဝမှာ  အောင်မြင်မှု ရချင်ရင်တော့ အောက်ဖော်ပြပါ အချက်တွေကို စွန့်လွှတ် ရပါမယ်။

(၁) မစောင့်ပါနဲ့

ဘဝမှာ အောင်မြင်မှု စွန့်လွှတ်

Photo : Best-wallpaper.net

ကွီးတို့ရေ ဒီနေ့ကစပြီး စောင့်ဆိုင်းတတ်တဲ့ အကျင့်ကို စွန့်လွှတ်လိုက်ပါ။ ကွီးတို့က တစ်စုံတစ်ခုကို လုပ်ရန်ဖြစ်စေ၊ တစ်ခုခုကို အစပျိုးတာမျိုးဖြစ်စေ စောင့်တတ်တဲ့အကျင့်ရှိရင် ပြင်ရပါမယ်။ ကွီးတို့ကို အချိန်ကစောင့်နေမှာ မဟုတ်ပါဘူး။ ကွီးတို့ရဲ့ အချိန်ကို အသုံးချပုံက တစ်ချိန်ချိန်မှာ ကွီးဘယ်သူလဲဆိုတာ သတ်မှတ်ပေးမှာပါ။ ဒါကြောင့် ကွီးတို့ ပထမဆုံးအနေဲ့ ဘဝမှာ အောင်မြင်မှုရရန် စွန့်လွှတ်ရမှာကတော့ အချိန်ကိုစောင့်တတ်တဲ့ အကျင့်ပါပဲ။

(၂) ဆင်ခြင်ပေးခြင်း ကို စွန့်လွှတ်လိုက်ပါ

ဘဝမှာ အောင်မြင်မှု စွန့်လွှတ်

Photo : Spearity

အလုပ်တစ်ခုခုဖြစ်စေ၊ ကိစ္စတစ်ခုခုဖြစ်စေ ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်ပါ။ ပြီးမြောက်အောင်မြင်မှုမရှိတဲ့အခါ ဘယ်လိုအကြောင်းအမျိုးမျိုးကြောင့်ဆိုပြီး ဆင်ခြေပေးခြင်းကို အခုအချိန်ကစပြီးရပ်တန့်ပစ်လိုက်ပါ။ အတိတ်ကကျရှုံးမှုတွေ၊ ပြီးမြောက်အောင်မြင်ခြင်းမရှိတာတွေကို ပြောင်းလဲလို့မရတော့ပါဘူး။ ဒါကို သတိပြုပါ။ ကိုယ့်ကိုယ်ကို ခွင့်လွှတ်ပြီး အနာဂတ်ကိုပြောင်းလဲပါ။

 (၃) သူတစ်ပါးက ဆုံးဖြတ်ပေးခြင်းကို စွန့်လွှတ်လိုက်ပါ

ဘဝမှာ အောင်မြင်မှု စွန့်လွှတ်

Photo : Cleverland School of Etiquette

ကွီးတို့ကို လုပ်နိုင်တယ်၊ မလုပ်နိုင်ဘူးစသည်ဖြင့် သူတစ်ပါးက ဆုံးဖြတ်ပေးခြင်းကို နားထောင်နေမိတာမျိုးအား စွန့်လွတ်ရပါမယ်။ ကွီးတို့ကို အောင်မြင်မှု ပေးနိုင်တာ ကွီးတို့ကိုယ်တိုင်ပါ။ ကွီးတို့ ကိုယ်တိုင် မှန်ကန်သော ဆုံးဖြတ်ချက်ကိုချနိုင်တဲ့ အရည်အချင်းရှိတယ်ဆိုတာ ယုံကြည်ပါ။ အခြားသူတွေရဲ့ “မင်းမလုပ်နိုင်ဘူး” ” မဖြစ်နိုင်ဘူး”စတဲ့ စကားတွေကိုခံစားပြီး ကွီးတို့ မျှော်လင့်ချက်တွေ အောင်မြင်မှုလမ်းကြောင်းတွေကို မထိခိုက်ပါစေနဲ့။

(၄) အတိတ်ကကျရှုံးမှုတွေအတွက် ခံစားနေရတာကို စွန့်လွှတ်လိုက်ပါ

ဘဝမှာ အောင်မြင်မှု စွန့်လွှတ်

Photo : Entrepreneur

ကွီးတို့ရေ အတိတ်က ဖြစ်ပြီးသွားပါပြီ။ ပြောင်းလဲဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အတိတ်က ဆုံးရှုံးမှုတွေကို ကျရှုံးမှုတွေထဲမှာ နစ်မွန်းနေပြီး ကိုယ့်ကိုယ်ကို မပျက်စီးပါစေနဲ့။ အတိတ်ကို နောင်တမရှိဘဲ လက်ခံပါ။ လက်ရှိပစ္စုန်ပန်ကို ယုံကြည်ချက်ရှိရှိ ကြိုးစားပါ။ အနာဂတ်ကို ကြောက်ရွှံမှုမရှိဘဲ ရင်ဆိုင်လိုက်ပါ။ နောက်တစ်ချက် အနေနဲ့ကတော့ တစ်ခါတစ်ရံမှာ လူတွေဟာ နှစ်သက်လက်ခံမှုနဲ့ ချီးကျူးမှုကို လိုချင်လို့ Perfect ဖြစ်အောင် ကြိုးစားကြပါတယ်။ ဒါပေမဲ့ လူတိုင်းဆီက နှစ်သက်ချီးကျူးတာကို ရရှိဖို့ဆိုတာမလွယ်ကူပါဘူး။ ပြီးပြည့်စုံတဲ့လူဆိုတာလည်းမရှိပါဘူး။ ဒါကြောင့် ကွီးတို့အနေနဲ့  ကိုယ့်ကိုယ်ကို ဖြစ်တည်မှုကို သိရှိနားလည် လက်ခံပြီး ကိုယ့်အတွက်အောင်မြင်မှုရရန်သာ တစ်စိုက်မတ်မတ်လုပ်ဆောင်သွားပါ။

(၅) သူများကို အပြစ်တင်ခြင်းကို စွန့်လွှတ်လိုက်ပါ

Success

Photo : Psychology Today

ကွီးတို့ ဘဝမှာ အောင်မြင်မှု ရရှိဖို့အတွက် စွန့်လွှတ် ရမဲ့ အချက်ထဲမှာ သူတစ်ပါးကို အပြစ်တင်ခြင်းလည်း ပါဝင်ပါတယ်။ ကိုယ့်ရဲ့အဆင်မပြေခြင်း ကျရှုံးခြင်းတွေကို ကိုယ်ကိုယ်တိုင် လက်ခံပါ၊ တာဝန်ယူပါ၊ သင်ခန်းစာယူပါ။ ပြန်လည် ကြိုးစားအားထုတ်ပါ။ ပြင်ဆင်ပါ။  သူတစ်ပါးကြောင့်ဆိုတာမျိုး အပြစ်မတင်ပါနဲ့။ သူတစ်ပါးကို အပြစ်တင်တယ်ဆိုတာ အချည်းနှီးသာဖြစ်ပါတယ်။ အပြစ်တင်ခြင်းဟာ အပြုသဘောဆောင်တဲ့ အရာမဟုတ်ပါဘူး။ ကွီးတို့ရဲ့ ဘဝတိုးတက်အောင်မြင်မှု ကို မနှောင့်နှေးပါစေနဲ့။

ကဲကွီးတို့ရေ ဘဝမှာ အောင်မြင်မှု တွေရရှိဖို့အတွက် အပေါ်ကအချက်တွေကို လုပ်မိနေတယ်ဆိုရင် ဒီနေ့ကစပြီး စွန့်လွှတ် လိုက်ပါ။

Source : Marc & Angel Hack Life

Featured Photo : Wealth