ကွီးတို့ ဘဝ မှာ အဆင်မပြေမှုတွေချည်းပဲ ကြုံ တွေ့နေရလို့ စိတ်ညစ်နေပါသလား။ ဒါဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ပြန်လည် သုံးသပ်ကြည့်ဖို့ လိုအပ်နေပါပြီ။

အခုဖော်ပြပေးမယ့် လက္ခဏာများ ကွီးတို့ဆီမှာ ရှိနေပြီလားဆိုတာကို တိုက်ဆိုင်စစ်ဆေး ကြည့်လိုက်ပါ။ ဒီအချက်များထဲက တစ်ချက်ချက်နဲ့ ငြိနေလို့ ကွီးတို့ရဲ့ ဘဝ မှာ အဆင်မပြေမှုတွေချည်းနဲ့ပဲ ကြုံ တွေ့နေရတာ ဖြစ်ပါတယ်။

(၁) မကောင်းမြင်စိတ်တွေ ရှိနေလို့

negativity

လောကမှာ အရာရာကို အကောင်းမြင်စိတ်ရှိသူနှင့် အရာရာတိုင်းကို မကောင်းမြင်စိတ်ရှိသူတွေဆိုပြီး လူ နှစ်မျိုး နှစ်စား ခွဲခြားနိုင်ပါတယ်။ မကောင်းမြင်စိတ် ရှိသူများသည် ကွီးတို့က ဘယ်လောက်ပဲ အကောင်းတွေ လုပ်ပေး လုပ်ပေး၊ သူတို့ကတော့ အပြစ်ချည်းပဲ ထိုင်ပြောနေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကွီးတို့က အကောင်းဆုံး ကြိုးစားနေချိန်မှာလည်း ကြိုးစားမနေနဲ့၊ ဖြစ်မှာမဟုတ်ဘူးဆိုပြီးပဲ ပြောဆိုနေမှာ ဖြစ်ပါတယ်။ ကွီးတို့ကို အားလျော့အောင် အရှုံးပေးအောင်သာ ထိုးနှက်နေမှာ ဖြစ်ပါတယ်။ ထိုကဲ့သို့သော လူမျိုးကို အစောကြီးကတည်းက မပတ်သက်တာ အကောင်းဆုံးပါပဲ။ ကွီးတို့ ဆီမှာ မကောင်းမြင်စိတ် ရှိနေရင်လည်း ချက်ချင်း ဖယ်ရှားပစ်ဖို့ လိုအပ်ပါတယ်။

(၂) အခြားသူအား မနာလို မုန်းတီးစိတ် များနေလို့

man jealous

အခြားသူတွေကို မနာလိုပြီး လိုက်လံ ယှဥ်ပြိုင်နေခြင်းက ကွီးတို့ ဘဝအတွက် ဘာအကျိုးမှ မရှိနိုင်ပါဘူး။ ပူလောင်သောကတွေနဲ့ ပြည့်နှက်နေမှာ အမှန်ပါပဲ။ ကိုယ့်ရဲ့ အချိန်တွေကို အခြားသူတွေအတွက် ကုန်ဆုံးမယ့်အစား ကိုယ့်ဘဝ ရှေ့ရေးအတွက် အကျိုးရှိဖို့ကိုသာ အသုံးချလိုက်ပါ။

(၃) ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် မရှိလို့

ဘဝ ကြုံ

ဘာပဲလုပ်လုပ် ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် ရှိဖို့က အဓိကကျပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ကျဆင်းလာတဲ့အခါ ဘာဆိုဘာမှ မလုပ်နိုင်တော့ဘဲ​ ကြံစည်ထားသမျှ အရာအားလုံးသည်လည်း သဲထဲရေသွန်ကာ အကုန်လုံး ပျက်စီးသွားပါတော့မယ်။ အောင်မြင်မှုဆိုတာသည်လည်း ကိုယ်နဲ့ အလှမ်းအဝေးကြီးမှာ ကျန်ခဲ့ပါလိမ့်မယ်။

(၄) ပျင်းရိနေလို့

ဘဝ ကြုံ

ပြီးခဲ့တဲ့ နှစ်တွေထဲမှာ ကွီးတို့ရဲ့ စွမ်းဆောင်ရည်က ဘယ်လိုမျိုးလဲဆိုတာ ပြန်ဆန်းစစ်ကြည့်လိုက်ပါ။ ဘယ်လိုအားရစရာကောင်းတဲ့ ကြိုးပမ်းအားထုတ်မှုတွေ ပြုလုပ်ခဲ့ ပြီးပါပြီလဲ။ ဒါမှမဟုတ် အပျင်းတစ်နေခဲ့ပါသလား။ ဒီ နှစ် မှာရော အရင်နှစ်တွေလိုပဲ အပျင်း တစ်နေဦးမှာလား။​ ဒါဆိုရင်တော့ ကွီးတို့ ဘဝကြီးက ဘယ်လိုမှ အောင်မြင်ဖို့ရာ အလားအလာ မရှိပါဘူး။ အဆင်မပြေမှုတွေနဲ့သာ လုံးလည် ချာလည်လိုက်ပြီး စိတ်ညစ်နေရမှာပဲ ဖြစ်ပါတယ်။

(၅) ပတ်ဝန်းကျင်ရဲ့ ဝေဖန် လေကန်ရေးတွေကို တွေးကြောက်နေပြီး ဘာမှ မလုပ်ရဲ မကိုင်ရဲ ဖြစ်နေလို့

ဘဝ ကြုံ

ကွီးတို့ဘဝမှာ အရာအားလုံးကို အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ အောင်မြင်မှုများ ရယူပိုင်ဆိုင်လိုပါသလား။ ဒါဆိုရင်တော့ မကောင်းမြင်စိတ်ရှိသူများရဲ့ ဝေဖန် လေကန်ရေးတွေကို ခေါင်း ထဲက ထုတ်ထားနိုင်မှ ရပါလိမ့်မယ်။ ပတ်ဝန်းကျင်ဆိုတာကတော့ ချီးမွမ်း (၇) ရက်၊ ကဲ့ရဲ့ (၇) ရက်ပါ။ သူတို့ မကောင်းပြောတာ မှန်သမျှကို ရင်ဘတ်ထဲထည့်ပြီး လိုက်ခံစားနေမယ်ဆိုရင် ကွီးတို့ပဲ စိတ်ညစ်ရပါလိမ့်မယ်။ ကွီးတို့ ဘဝ တိုးတက်ရေးအတွက်လည်း ဘာမှ အထောက်အကူ မပြုနိုင်ပါဘူး။

အထက်ဖော်ပြပါ လက္ခဏာများ ရှိနေမယ်ဆိုရင်တော့ ဘဝ မှာ အဆင်မပြေမှုတွေချည်းပဲ ကြုံ တွေ့နေရမှာ မလွဲမသေပါပဲ။

ကွီးတို့ ဘဝ ဒီ့ထက်ပိုပြီး အဆင်မပြေ မဖြစ်ဖို့အတွက်ဆိုရင်

  • အကောင်းမြင်စိတ်များ မွေးမြူပါ
  • အခြားသူကို အာရုံ စိုက်မယ့်အစား၊ ကိုယ့်ကိုယ်ကိုယ်သာ အာရုံစိုက်ပါ
  • ကိုယ့်ကိုယ်ကိုယ် ချစ်ပါ၊ ယုံကြည်ချက် မွေးပါ
  • အချိန်ရှိခိုက် လုံ့လစိုက်နေပါ
  • ပတ်ဝန်းကျင်ရဲ့ အပြောတွေကို ခေါင်းထဲမထည့်ပါနဲ့

ဒါဆိုရင်တော့ ကွီးတို့အတွက် အောင်မြင်မှုတွေသည် တဖွဲဖွဲ ဝင်ရောက်လာမှာပဲ ဖြစ်ပါတယ်။

ကွီးတို့ရော အောင်မြင်မှုအတွက် ကြိုးစားဖို့ ရယ်ဒီပဲလား။

Source: Forbes

Featured Image: Linkedin