အချိန်ဖြုန်းခြင်းက ကွီးတို့အတွက် ဘာအကျိုးကျေးဇူးမှ မယူဆောင်ပေးနိုင်ပါဘူး။ အချိန်ဖြုန်းပါများရင် ကွီးတို့အတွက် အောင်မြင်မှုဆိုတာ ဘာလဲဆိုပြီး မေးယူရလောက်အောင် ဖြစ်သွားပါလိမ့်မယ်။ ဒါ့ကြောင့် အချိန်လွန် မှ နောင်တ မရချင်ဘူးဆိုရင် ၁ မိနစ်ကိုလည်း တန်ဖိုးထားတတ်ဖို့ လိုအပ်ပါတယ်။

တကယ်လို့သာ ကွီးတို့သည် အချိန်လွန် မှ နောင်တအကြီးအကျယ် ရမိတယ်ဆိုရင်တော့ ၁ မိနစ်ကလည်း ကွီးတို့ကို ဘယ်လိုမှ မကယ်နိုင်တော့ပါဘူး။

ကွီးတို့ရဲ့ အချိန်ဖြုန်းတတ်တဲ့ အကျင့်ကြောင့် ခံစားရမယ့် ဆိုးကျိုးတွေကလည်း အများကြီးပါပဲ။

(၁) အခွင့်အရေးကောင်းတွေကို အခြားသူတွေ လုယူသွားလိမ့်မယ်

man failure

ကိုယ်က ပြီးမြောက်အောင် မလုပ်နိုင်တဲ့ ကိစ္စတစ်ခုကို အခြားတစ်ယောက်က ပြီးမြောက်အောင် လုပ်ဆောင်နိုင်တယ်ဆိုရင် အခွင့်အရေးကောင်းတွေသည် ထိုသူ့ဆီပဲ ရောက်ရှိသွားမှာဖြစ်ပြီး ကွီးတို့ကတော့ အခွင့်အရေးကောင်းတွေနဲ့ အပြီးတိုင် နှုတ်ဆက်သွားရပါလိမ့်မယ်။ အခွင့်အရေးကောင်းတွေသည် အောင်မြင်မှုတွေအတွက် လှေကားထစ်တွေပဲ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ အခွင့်အရေးကောင်းတွေကို မကြာခဏဆိုသလို လက်လွှတ်ဆုံးရှုံးခံနေရမယ်ဆိုရင်တော့ ဘဝမှာ အောင်မြင်မှာ မဟုတ်တော့ပါဘူး။

(၂) ဝင်ငွေပိုင်း ထိခိုက်လာမယ်

အချိန်လွန် ၁

ဒီနေ့အပြီးသတ်ရမယ့် အလုပ်တစ်ခုကို ပျင်းရိပျင်းတွဲဖြင့် ဟိုရွေ့လိုက် ဒီရွေ့လိုက်၊ တစ်နာရီရွေ့လိုက်၊ နှစ်နာရီ ရွေ့လိုက်ဖြင့် လုပ်ဆောင်နေမယ်ဆိုရင် အချိန်ကြာလာတဲ့အခါ ကိုယ့်ရဲ့ အလုပ်ရှင်က ကြည်ဖြူနိုင်ပါ့မလား။ သတ်မှတ်ချိန်အမှီ မပြီးနိုင်ဘူးဆိုရင်တော့ အလုပ်ရှင်က အလုပ်ထုတ်ပစ်တာမျိုးတွေပါ ကြုံတွေ့ရနိုင်ပါတယ်။ ဒါဆိုရင် ကွီးတို့ရဲ့ ဝင်ငွေလည်း ထိခိုက်လာမှာဖြစ်ပြီး ငွေရေး ကြေးရေးလည်း ဆုံးရှုံးမှု ရှိလာမှာဖြစ်ပါတယ်။ အချိန်ဖြုန်းတဲ့လူနဲ့ အချိန်ကို အကျိုးရှိရှိ အသုံးချတဲ့သူ နှစ်ယောက်ကြားမှာ ကွာဟမှုကလည်း သိသာပါတယ်။ အချိန်ကို အကျိုးရှိရှိ အသုံးချနေသူအဖို့ အလုပ်အကိုင်ဆိုတာလည်း မရှားသလို ငွေရေး ကြေးရေးအတွက်လည်း စိုးရိမ်စရာမရှိပါဘူး။ ကွီးတို့ရော အချိန်ကို အကျိုးရှိရှိ အသုံးချတဲ့ အဖွဲ့ထဲမှာ နေချင်ပါသလား၊ ဒါမှမဟုတ် အချိန်ဖြုန်းပြီး အေးဆေးသက်သာ နေရတဲ့ဘဝမှာ နေချင်ပါသလား။

ဒီလိုမျိုး ဆုံးရှုံးမှုတွေ မကြုံတွေ့ချင်ဘူးဆိုရင် အခုဖော်ပြမယ့် အလေ့အကျင့်ကောင်းများကို မွေးမြူဖို့ လိုအပ်ပါတယ်။

အချိန်လွန် ၁

(၁) အရေးကြီး ကိစ္စများ လုပ်ဆောင်တဲ့အခါ ကိုယ့်ဘာသာကိုယ် အချိန်တစ်ခု ပြန်သတ်မှတ်ပေးပါ

(၂) ၄၅ မိနစ်လုပ်၊ ၁၀ မိနစ်နားတတ်တဲ့ အကျင့်ကို ပြုစုပျိုးထောင်ပါ

(၃) အချိန်ဖြုန်းတတ်တဲ့ အကျင့်ကို ယောင်လို့တောင် အားမပေးမိပါစေနဲ့

(၄) အလုပ်လုပ် နေချိန်အတွင်းမှာ ဆိုရှယ်မီဒီယာ အသုံးမပြုမိအောင် ကိုယ့်ကိုယ်ကိုယ် စည်းကမ်းလုပ်ထားပါ

(၅) သတ်မှတ်ထားတဲ့ အလုပ်တွေကို ပြီးမြောက်သွားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဆုချပါ

Source: Forbes

Featured Image: Nicknotas