လူတိုင်းရဲ့ ဘဝမှာ စိတ်ဖိစီးမှု များသည် ကိုယ်စီ ကိုယ်စီရှိကြပါတယ်။ အချို့ကလည်း အလုပ်ကိစ္စများကြောင့် စိတ်ဖိစီးရမယ်၊ အချို့ကလည်း အချစ်ရေး၊ လူမှုရေး၊ စီးပွားရေး အဆင်မပြေမှုတွေကြောင့် စိတ်ညစ်ရတာမျိုးတွေလည်း ကြုံတွေ့ရပါတယ်။

ကွီးတို့ရဲ့ ဘဝ မှာ စိတ်ဖိစီးမှု များ တဖြည်းဖြည်း စုပုံလာတဲ့အခါ စိတ်ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ ကံကောင်းစွာနဲ့ပဲ စိတ်ဖိစီးစရာများ၊ စိတ်ညစ်စရာများကို ကွီးတို့ရဲ့ ဘဝထဲကနေ အပြီးတိုင်ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်းများရှိပါတယ်။

ကျန်းမာရေးနှင့် ညီညွှတ်တဲ့ အစားအစာများ၊ ဖျော်ရည်များကို သင့်တင့်မျှတရုံသာ မှီဝဲပါ

ကျန်းမာရေးနှင့် ညီညွှတ်တဲ့ အစားအစာများ၊ ဖျော်ရည်များကို သင့်တင့်မျှတရုံသာ မှီဝဲပါ

အချို့သောသူတွေသည် စိတ်ညစ်လို့ဆိုပြီး စိတ်ညစ်စရာများကို ဖြေဖျောက်ဖို့ရန်အတွက် အယ်လ်ကိုဟောဖျော်ရည်တွေ အလွန်အကျွံ သောက်သုံးပစ်တာမျိုး အစားအစာများကို အရင်ကထက် အများကြီး စားသုံးပစ်လိုက်တာမျိုးတွေ ရှိပါတယ်။ တကယ်တော့ ဒီအလေ့အကျင့်သည် ကွီးတို့ ဘဝ ထဲက စိတ်ဖိစီးမှု များကို ပြေပျောက်မသွားစေတဲ့အပြင် ခန္ဓာကိုယ်ကျန်းမာရေးကိုလည်း ထိခိုက်လာစေနိုင်ပါတယ်။

လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပါ

လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပါ

ကိုယ်လက်လှုပ်ရှားမှုများ၊ အားကစားများ လိုက်စားခြင်းသည် စိတ်ဖိစီးမှုများကို ဖယ်ရှားပေးနိုင်တယ်ဆိုတာကို ကြားဖူးနားဝရှိပါလိမ့်မယ်။ မယုံရင် ကွီးတို့လက်တွေ့ စမ်းသပ်နိုင်ပါတယ်။ ခံစားနေရတဲ့ စိတ်ဖိစီးစရာများ ပျောက်ကွယ်သွားမှာဖြစ်ပြီး အရင်ကထက်လည်း စိတ်ခံစားချက်များ ပိုမိုကောင်းမွန်လာမှာ ဖြစ်ပါတယ်။

စိတ်တည်ငြိမ်အောင် တရားထိုင်ပါ

ဘဝ စိတ်ဖိစီးမှု

ခေါင်းထဲမှာ ရှုပ်ထွေးနေတဲ့ အတွေးပေါင်းစုံကို ဖယ်ရှားနိုင်မယ့် အကောင်းဆုံး နည်းလမ်းတစ်ခုကတော့ စိတ်တည်ငြိမ်အောင် တရားထိုင်ခြင်းပဲဖြစ်ပါတယ်။ ဝင်လေ ထွက်လေ သေချာရှုမှတ်ပြီး စိတ်တည်ငြိမ်အောင် တရားထိုင်လိုက်ပါ။ ကွီးတို့ ခံစားနေရတဲ့ အရာများ၊ စိတ်ညစ်စရာများအားလုံး တဖြည်းဖြည်း လျော့နည်းသက်သာသွားတာကို မြင်တွေ့ရပါလိမ့်မယ်။

တစ်ယောက်တည်း မနေဘဲ သူငယ်ချင်း မိတ်ဆွေများနှင့် အဆက်အသွယ်မပြတ်အောင် နေပါ

ဘဝ စိတ်ဖိစီးမှု

တစ်ယောက်တည်းနေလေ ပိုအထီးကျန်လေပါပဲ။ ပိုအထီးကျန်တဲ့အခါ အတွေးလွန်တတ်ပြီး စိတ်ဖိစီးစရာတွေပဲ ပိုမိုများပြားလာပါတယ်။ ဒါ့ကြောင့် အားလပ်ချိန်တွေမှာ တစ်ယောက်တည်း တွေးဆွေးမနေဘဲ Social Activity များလည်း တက်တက်ကြွကြွ လုပ်ဆောင်သင့်ပါတယ်။ သူငယ်ချင်းများနဲ့ ချိန်းထားတဲ့အချိန်မှာလည်း ပျော်ပျော်ပါးပါး အချိန်ကုန်ဆုံးကြရင်း စိတ်ညစ်စရာများအားလုံးကို ဖယ်ရှားနိုင်ပါတယ်။

အိပ်ရေးဝဝ အိပ်စက်အနားယူပါ

ဘဝ စိတ်ဖိစီးမှု

စိတ်ညစ်စရာတွေကြောင့် အတွေးပေါင်း သောင်းခြောက်ထောင်နဲ့ အိပ်ရေးပျက်ညတွေ များလာပြီဆိုရင် စောစောက ဖော်ပြခဲ့တဲ့ နည်းလမ်းများကို အသုံးပြုကြည့်ပါ။ လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပါ။ စိတ်တည်ငြိမ်အောင် တရားထိုင်ပါ စတဲ့ နည်းလမ်းများဖြင့် အတွေးမလွန်အောင် တားဆီးနိုင်ပြီး ညဘက်မှာ အိပ်ရေး ဝဝအိပ်စက်အနားယူနိုင်အောင် ပြုလုပ်နိုင်ပါတယ်။

ဟာသဇာတ်ကားများ ကြည့်ရှုရင်း စိတ်အပန်းဖြေပါ

ဘဝ စိတ်ဖိစီးမှု

ဟာသဇာတ်ကားများ ကြည့်ရှုရင်း ရယ်မောပျော်ရွှင်ခြင်းသည်လည်း ကွီးတို့ရဲ့ စိတ်ညစ်စရာများကို ဖယ်ရှားပေးနိုင်ပါတယ်။ စိတ်ညစ်ချိန်မှာ အလွမ်း အဆွေး ဇာတ်ကားတွေ ကြည့်မယ့်အစား ဟာသဇာတ်ကားတွေ ကြည့်ရှုရင်း မိမိစိတ်ကို ပျော်ရွှင်လာအောင် ဖန်တီးလိုက်ပါ။

Source: Health

Featured Image: Wallpaperaccess