ကွီးတို့ အနာဂတ် လှ ပ ဖို့က ကွီးတို့ ပေါ်မှာသာ မူတည်နေတာဖြစ်ပါတယ်။ ကွီးတို့ရဲ့ အနာဂတ် လှပ ပြီး အောင်မြင်ချင်တယ်ဆိုရင်တော့ မပျင်းမရိဘဲနဲ့ ကြိုးစားတတ်ဖို့ လိုပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ကြိုးစားခြင်းအပြင် အခြားသော လုပ်ဆောင်ရမယ့်အချက်တွေပါ လုပ်ဆောင်မှသာလျှင် ကွီးတို့ အနာဂတ် က လှ ပ လာမှာပဲဖြစ်ပါတယ်။

(၁) အမှားကနေ သင်ခန်းစားယူတတ်ခြင်း

အမှားကနေ သင်ခန်းစားယူတတ်ခြင်း

အမှားတွေဆိုတာ တစ်ချိန်လုံး ထွေးပိုက်ထားပြီး တမြေ့မြေ့နဲ့ နောင်တရနေရမယ့် အရာ မဟုတ်ပါဘူး။ အမှားတွေဆိုတာသည် ကွီးတို့ကို တစ်ချိန်ချိန်မှာ အောင်မြင်လာအောင် ကူညီပေးမယ့်အရာတစ်ခုဖြစ်ပါတယ်။ အမှားထဲကနေ သင်ခန်းစာ ယူတတ်မယ်ဆိုရင်တော့ ကွီးတို့ အတွက်ပါပဲ။ အောင်မြင်ချင်သူတိုင်းက ထိုအမှားကနေ သို့မဟုတ် ကျရှုံးမှုကနေ သင်ယူတယ်၊ ပြင်ဆင်တယ်၊ ပြီးနောက် မိမိလိုချင်တဲ့ အောင်မြင်မှုဆီရောက်အောင် တစိုက်မတ်မတ်လျှောက်လှမ်းသွားနိုင် ကြပါတယ်။

(၂) မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိခြင်း

confident

ယနေ့ခေတ် အောင်မြင်ကျော်ကြားနေတဲ့သူတွေ၊ လုပ်ငန်းရှင်တွေ သာမက ဘက်ပေါင်းစုံက အောင်မြင်တဲ့သူတိုင်းကို ကြည့်လိုက်ပါ။ သူတို့က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကြပါတယ်။ ကွီးတို့လညး လိုချင်တဲ့ အရာရာကို ရယူပိုင်ဆိုင်နိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိခြင်းက တကယ်ကို အရေးပါပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဘဲနဲ့ ဘယ်တော့မှ ကိုယ်လိုချင်တဲ့ အရာကို ရယူပိုင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိ  စေဖို့အတွက် ကိုယ့်ရဲ့အသွင်အပြင်၊ နေထိုင်မှုပုံစံ၊ ကိုယ်နေဟန်ထား၊ အပြုသဘောဆောင်သော အတွေးအမြင်ရှိခြင်း၊ ကြိုးစားမှု စသည်တို့ဖြင့် မြှင့်တင်လို့ ရပါတယ်။

(၃) မဆုတ်မနစ်သော ဇွဲဖြင့် ကြိုးစားအားထုတ်တတ်ကြခြင်း

အနာဂတ် လှ

အောင်မြင်မှု ပန်းတိုင်တွေရောက်ဖို့ ထိုက်သင့်တဲ့ ကြိုးစားအားထုတ်မှု လိုအပ်ပါတယ်။ အောင်မြင်မှုဆိုတာ တကယ်ကြိုးစားမှုကနေ လာတာပါ။ ကြိုးစားအားထုတ်မှု မရှိပဲနဲ့တော့ ဘာကိုမှ မရနိုင်ပါဘူး။ အလုပ်မကြိုးစားဘဲ ထိပ်ဆုံးရောက်တယ်ဆိုတာ မရှိကြောင်း နားလည်ပါ။ ကွီးတို့မှတ်ထားရမှာက ကြိုးစားသူတိုင်းအတွက် အမြဲတမ်း နေရာတစ်နေရာ ရှိနေပြီး ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို အနည်းနဲ့ အမြန်ရောက်ရှိမယ် ဆိုတာပါပဲ။ ဘယ်လောက်ပဲ ခက်ခဲတဲ့အလုပ်ဖြစ်ပါစေ ကိုယ်တိုင်ကြိုးစားပြီး ပြီးမြောက်အောင်မြင်တဲ့အခါ ကျေနပ်အားရမှုနဲ့ ယုံကြည်ချက်ရှိမှုတို့ကို ပိုမိုတိုးမြှင့်စေနိုင်ပါတယ်။ ဒါကြောင့် မှန်ကန်သော နည်းလမ်းဖြင့် ကြိုးစားပါ။ အချိန်မဆွဲပဲ အားသွန်ခွန်စိုက် ကြိုးစားအားထုတ်ပါ။

(၄) အခက်အခဲ အတားအဆီးများကို ရင်ဆိုင်ရဲတဲ့ သတ္တိရှိခြင်း

အနာဂတ် လှ

လူတော်တော်များများက ကိုယ့်အတွက်အဆင်ပြေနေတဲ့ နေရာတစ်ခုကနေ စိန်ခေါ်မှုတွေ၊ ရုန်းကန်ရမှုတွေ၊ ကြိုးစားအားထုတ်မှုမလုပ်ချင်ကြတော့ဘဲ သက်တောင့်သက်သာ နေချင်ကြပါတော့တယ်။ ဒါက အမှန်တကယ်တော့ ကွီးတို့ကို အောင်မြင်မှုလမ်းကြောင်းကနေ သွယ်ဖယ်သွားစေမယ့် အဓိကအချက်ပါ။ ဒါ့ကြောင့် စိန်ခေါ်မှုတွေ၊ အပြောင်းအလဲတွေကို မကြောက်ပါနဲ့၊ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပါ။

(၅) ဆင်ခြင်ပေးတတ်တဲ့ အကျင့်မျိုး မရှိခြင်း

အနာဂတ် လှ

ကွီးတို့ရဲ့ စိတ်ကူး အိမ်မက်တွေက ကြီးလေလေ၊ လက်တွေ့ အောင်မြင်လာဖို့ အချိန်နဲ့ အရှိန်ယူရလေလေ ဖြစ်ပါတယ်။ ဒါကြောင့် ကွီးတို့အနေနဲ့ စိတ်ရှည်ရပါမယ်။ ဒါပေမဲ့ လိုချင်တဲ့ ပန်းတိုင်မရောက်ခင်မှာ ကျရှုံးမှုတွေ၊ ပင်ပန်းမှုတွေ၊ အမှားတွေက တွေ့ကြုံရမှာပါပဲ။ ထိုအရာတွေကို သင်ခန်းစာယူရင်း ဆက်လျှောက်နိုင်အောင် ကြိုးစားပါ။ ပန်းတိုင်မရောက်ခင် အရှုံးပေးလိုက်ပြီး ဘယ်သူ့ကြောင့်၊ ဘယ်အရာကြောင့်ဆိုတာမျိုး အခြားတစ်ခုခုအပေါ်မှာ ဆင်ခြေပေးတာမျိုး၊ အပြစ်တင်တာမျိုး မလုပ်ပါနဲ့။ ဒါဟာ တကယ်တော့ အကျိုးမရှိပါဘူး။ ကွီးတို့ ကိုယ်တိုင် ဆက်ကြိုးစားမှ ရမှာပါ။

Source : Forbes

Featured Photo : Gq-magazine.co.uk