ပီအက်စ်ဂျီမှာ အနာဂတ် မရေမရာ ဖြစ်နေတဲ့ ကီလီယန် အမ်ဘာပေက အောင်မြင်မှုတွေ အမှန်တကယ် ရယူနိုင်သော ပရောဂျက်မျိုးရှိတဲ့ ရီးယဲလ် မက်ဒရစ်အသင်းနဲ့သာ ထိုက်တန်မှု ရှိတယ်လို့ သူ့အသင်းဖော်ဟောင်း လီယွန်နယ် မက်ဆီရဲ့ မှတ်ချက်ပြု ပြောဆိုမှုအပေါ် ပီအက်စ်ဂျီ ပရိသတ်များစွာက ဒေါသထွက်လျက် ရှိနေပါတယ်။

mbappe messi

Photo Credit : Goal

ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်ပိုင်းမှာ တွဲဖက်ကစားခဲ့ကြဖူးတဲ့ မက်ဆီ နဲ့ ဘာပေတို့ဟာ လက်ရှိမှာတော့ မက်ဆီက မေဂျာလိဂ် ကလပ် အင်တာ မိုင်ယာမီအသင်းဆီ ရောက်ရှိသွားပြီဖြစ်ပြီး ဘာပေကလည်း သူရဲ့ စာချုပ် အခြေအနေတွေကြောင့် ဒီနွေမှာပဲ ပီအက်စ်ဂျီကို စွန့်ခွာရဖွယ် ရှိနေပါတယ်။ ဒီအချိန်မှာ မက်ဆီက ဘာပေကို ဘာစီလ်ိုနာအသင်းဆီ ပြောင်းရွှေ့ကစားစေလိုပြီး တကယ်လို့ ဘာပေက ဘာစီလိုနာ မဟုတ်ပဲ ရီးယဲလ်ကိုသာ ရွေးချယ်မယ်ဆိုရင်တောင် ရီးယဲလ်က အောင်မြင်မှုများကို အမှန်တကယ် ရယူနိုင်တဲ့ ပရောဂျက်မျိုး ရှိနေတဲ့ အသင်းဖြစ်တာကြောင့် ဘာပေ နဲ့ ထိုက်တန်တယ်လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။

kylian

Photo Credit : The Real Champ

မက်ဆီရဲ့ ဒီလို မှတ်ချက်စကားကို ကြားသိလာရတဲ့ ပီအက်စ်ဂျီ အသင်းပရိသတ်တွေက မက်ဆီအနေနဲ့ သူ့အသင်းဟောင်း ပီအက်စ်ဂျီကို အောင်မြင်မှု မရယူနိုင်တဲ့ အသင်းတစ်သင်း ပရောဂျက်ကောင်းကောင်း မရှိတဲ့ အသင်းတစ်သင်းလို့ ရည်ရွယ်ချက် ရှိရှိနဲ့ ပြောဆိုတာမျိုး ဖြစ်တယ်လို့ ယူဆကာ ဒေါသထွက်လျက် ရှိနေပါတယ်။ ဒါ့အပြင် လက်ရှိမှာလည်း ဘာပေက ပီအက်စ်ဂျီနဲ့ စာချုပ် (၁)နှစ်သာ ကျန်ရှိနေတော့ပြီး တစ်နှစ် ထပ်တိုးခွင့်ကိုပါ လုပ်ဆောင်ဖို့ ငြင်းဆန်ထားလို့ ပီအက်စ်ဂျီ တာဝန်ရှိသူတွေ ခေါင်းခဲနေရပါတယ်။

mbappe

Photo Credit : Forbes

ဘာပေရဲ့ မိသားစုဝင်တွေကလည်း ဘာပေအနေနဲ့ Ballon d’Or လို ဆုကြီးမျိုးကို ရယူနိုင်ဖို့အတွက် ပီအက်စ်ဂျီမှာထက် ရီးယဲလ် မက်ဒရစ်လို အသင်းမျိုးမှာမှ ပို ဖြစ်နိုင်ခြေ ရှိမယ်လို့ ယူဆနေကြပြီး ဒီနွေမှာပဲ အသင်း အပြောင်းအလဲ လုပ်ဆောင်ဖို့ကိုလည်း ဆန္ဒရှိနေကြပါတယ်။ လက်ရှိမှာတော့ ပီအက်စ်ဂျီက ဘာပေကို သက်တမ်းတိုးနိုင်ဖို့ အသည်းအသန် ကြိုးပမ်းလို့နေပြီး သက်တမ်းတိုးမတိုးကိုလည်း အခု ရက်သတ္တပတ်အတွင်းမှာ တိကျတဲ့ အဆုံးအဖြတ် ပေးဖို့နဲ့ သက်တမ်းမတိုးဖို့ ဆုံးဖြတ်မယ်ဆိုရင်တော့ ဒီနွေမှာပဲ အပြီးသတ် ရောင်းထုတ်သွားနိုင်ပါတယ်။

Featured Photo : Daily Post