ဒီနေ့ခေတ်မှာ အမျိုးသားရော၊ အမျိုးသမီးပါ ကိုယ့်ရဲ့ စတိုင်လ်ကို အလေးထားကြပြီး ဝတ်စားဆင်ယင်မှုကို အလေးထားကြပါတယ်။ ဝတ်စားဆင်ယင်မှုက လူတိုင်းအတွက် အရေးပါတယ်လို့ ပြောလို့ရပါတယ်။ မိမိရဲ့ ကိုယ်ရည်ကိုယ်သွေးကိုလည်း ဝတ်စားဆင်ယင်မှုနဲ့ ဖော်ပြနိုင်ပါတယ်။ အဝတ်အစားကို ကိုယ်နဲ့ လိုက်ဖက်ပြီး စတိုင်လ်ကျအောင် ဝတ်စားဆင်ယင်တတ်တာကလည်း ကျွမ်းကျင်မှု တစ်ခုပါပဲ။ ဒီကျွမ်းကျင်မှုက မွေးရာပါ ပါရမီပါမှ မဟုတ်ပါဘူး ကိုယ်တိုင်လေ့လာသင်ယူနိုင်တဲ့ ကျွမ်းကျင်မှုတစ်ခုပါ။ ဒီနေ့မှာတော့ အဝတ်အစားကို ဖက်ရှင် ကျအောင် ဝတ်ဆင်ချင်လို့ပဲ ဖြစ်ဖြစ်၊ ခန္ဓာကိုယ်ပေါ်မှာ ဘာပဲဝတ်ဝတ် စတိုင်လ်ကျဖို့ ပုရိသတိုင်း သိထားသင့်တဲ့ အချက်လေးတွေကို ဝေမျှပေးမှာဖြစ်ပါတယ်။

ခန္ဓာကိုယ်နဲ့ အံဝင်ခွင်ကျဖြစ်ဖို့က အခြေခံအချက်ပါ

ဘာပဲဝတ်ဝတ် စတိုင်လ်ကျဖို့

Photo : DENIMXP

ကွီးတို့အနေနဲ့ စတိုင်လ်ကျအောင် တွဲဖက်မဝတ်ဆင်တတ်သေးဘူးဆိုရင်လည်း စိတ်မပူပါနဲ့။ အခြေခံအချက်က စတင်နိုင်ပါတယ်။ ဒါကတော့ ကိုယ်ဝတ်ဆင်လိုက်တဲ့ အဝတ်အစားတွေက ခန္ဓာကိုယ် အရွယ်အစားနဲ့ လိုက်ဖက်ပြီး အံဝင်ခွင်ကျဖြစ်ဖို့ပါပဲ။ ခန္ဓာကိုယ်ထက် ပွလွန်းနဲ့ အဝတ်အစားတွေ၊ ချောင်လွန်းတဲ့ အဝတ်အစားတွေကို ‌ရှောင်ပါ။ ပွလွန်းတာမျိုး၊ ချောင်လွန်းတာမျိုးက ကွီးတို့ကို ကြည့်မကောင်းဖြစ်စေရုံသာမက သက်တောင့်သက်သာလည်း မဖြစ်စေပါဘူး။ ဒါ့ကြောင့် စတိုင်လ်ကျဖို့ ဆိုရင် ဒီအချက်ကို အလေးထားပါ။

ဖက်ရှင် Trend အားလုံးနောက်ကို လိုက်စရာမလိုပါဘူး

ဘာပဲဝတ်ဝတ် စတိုင်လ်ကျဖို့

Photo : Vogue

တိုးတက်လာတဲ့ ခေတ်နဲ့အညီ ဖက်ရှင်ရေစီးကြောင်းကလည်း တစ်နေ့နဲ့ တစ်နေ့ ပြောင်းလဲတိုးတက်နေပါတယ်။ အသစ်အဆန်းတွေ နေ့တိုင်းလိုလို ပေါ်နေပြီး ဖက်ရှင် Trend တွေကလည်း နေ့စဉ်နဲ့အမျှ ပြောင်းလဲနေတာပါ။ ဖက်ရှင်ကျနေစေဖို့ ခေတ်ရေစီးကြောင်းကို မျက်ချေမပြတ်ဖို့ လိုသော်လည်း အမြဲလိုလို ခေတ်ရေစီးကြောင်းနောက်ကို လိုက်နေစရာမလိုတာ သတိပြုရပါမယ်။ အဓိကကတော့ ကိုယ်နဲ့လိုက်ဖက်ခြင်းရှိမရှိကို ယေဘုယျအားဖြင့် သုံးသပ်ပြီးမှာ ရွေးချယ်ဝတ်ဆင်ပါ။

ကောင်းမွန်သပ်ရပ်စွာ ဝတ်စားဆင်ယင်ပါ

ဘာပဲဝတ်ဝတ် စတိုင်လ်ကျဖို့

Photo : Fashion

စတိုင်လ်ကျဖို့အတွက် ကိုယ်နဲ့လိုက်ဖက်သော အဝတ်အစားကို ကောင်းမွန်သပ်ရပ်စွာ ဝတ်စားတတ်ဖို့လည်း လိုပါတယ်။ ကွီးတို့က နေ့စဉ်ရုံးသွားအဝတ်အစားကို ဖြစ်စေ၊ ပေါ့‌ပေါ့ပါးပါး ထသွားထလာ စတိုင်လ်ကို ဖြစ်စေ ရွေးချယ်မယ်ဆိုရင် ကောင်းမွန်စွာ ဝတ်ဆင်ပါ။ ကောင်းမွန်စွာ ဝတ်စားဆင်ယင်တတ်ခြင်းက ကွီးတို့ရဲ့ ပုံစံကို ပံ့ပိုးပေးနိုင်ပြီး သပ်ရပ်သော အသွင်အပြင်ကို ပေးစွမ်းနိုင်ပါတယ်။

ဖိနပ်တွေကိုလည်း မေ့မထားပါနဲ့

Photo : The Sun

အမျိုးသမီးတွေက အမျိုးသားတစ်ယောက်ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သတ်ပြီး ပထမဆုံးသတိပြုမိတာကတော့ ဖိနပ်တွေပဲလို့ ဆိုပါတယ်။ ဒါ့ကြောင့် ဖိနပ်တွေကလည်း ကိုယ့်ရဲ့ ဝတ်စားဆင်ယင်မှု အလုံးစုံကို လွှမ်းမိုးမှု ရှိပါတယ်။ ဘယ်လောက်ပဲ မိမိရဲ့ ဝတ်စားဆင်ယင်မှုအပိုင်းမှာ စတိုင်လ်ကျပြီး သပ်ရပ်ကြည့်ကောင်းအောင် အားထုတ်ထားပါစေ၊ ညစ်ပတ်ပြီး လိုက်ဖက်မှု မရှိတဲ့ ဖိနပ်နဲ့တွဲပြီး ဝတ်စားဆင်ယင်မိပါက ကွီးတို့ရဲ့

ဘယ်လို အဝတ်အစားမဆို ယုံကြည်မှုနဲ့ ဝတ်ဆင်ပါ

Photo : Fashion

မှန်ကန်ပြီး ကောင်းမွန်တဲ့ အဝတ်အစားတွေ ဝတ်တာထက် စတိုင်လ်ကျမှုကို ပိုမိုဆင်မြန်းပေးနိုင်တာကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုပါပဲ။ ဒါကြောင့် ဘယ်လို အဝတ်အစားကိုမဆို ဝတ်ဆင်သည်ဖြစ်ပါစေ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ။ ကိုယ့်ကိုယ်ကိုယုံကြည်မှုဟာ ဆွဲဆောင်မှုရှိတဲ့ အပြင် ပေါင်းသင်းဆက်ဆံရေးကိုပါ တိုးတက်ပြောင်းလဲစေပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုကို အရင်ပျိုးထောင်ပါ။

အခုဖော်ပြပေးလိုက်တာကတော့ ကွီးတို့ ဘာပဲဝတ်ဝတ် စတိုင်လ်ကျဖို့ သိထားသင့်တဲ့ အချက်လေးတွေပဲ ဖြစ်ပါတယ်။ ဒီအချက်တွေက ကွီးတို့ရဲ့ဖက်ရှင်နဲ့ စတိုင်လ်ကို တစ်ဆင့်မြှင့်ဖို့ ကူညီပေးပါလိမ့်မယ်။

Featured Photo : Men’s Flair