ဒဏ်ရာအခြေအနေကြောင့် အင်္ဂလန်အသင်းကနေ ထွက်ခွာလာခဲ့တဲ့ တိုက်စစ်မှူး ဟယ်ရီကိန်း ကို ဘိုင်ယန်မြူးနစ် လေ့ကျင့်ရေးကွင်းမှာ အံ့အားသင့်ဖွယ် မြင်တွေ့ခဲ့ရပါတယ်။

Harry Kane

Photo : The Sun

အင်္ဂလန် အသင်းခေါင်းဆောင်ဟာ ခြေချင်းဝတ်ဒဏ်ရာကြောင့် ဘရာဇီးလ်ကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ခြေစမ်းပွဲကို လွဲချော်ခဲ့ရပါတယ်။ အင်္ဂလန်နည်းပြ ဂါရတ်ဆောက်ဂိတ်ကတော့ ဟယ်ရီကိန်း ဟာ အင်္ဂါနေ့မှာ ကစားမယ့် ဘယ်လ်ဂျီယံနဲ့ ပွဲစဉ်ကိုပါ ထပ်မံလွဲချော်သွားမှာ ဖြစ်တယ်လို့ အတည်ပြုပေးခဲ့ပါတယ်။

ဒါပေမယ့် ဘိုင်ယန်မြူးနစ် အသင်းဟာ ယမန်နေ့က သူတို့ရဲ့ အသင်းဆိုရှယ်မီဒီယာ လူမှုကွန်ယက်အကောင့် ကနေတဆင့် တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ လေ့ကျင့်ရေးဆင်းနေတဲ့ ပုံရိပ်တွေကို အံ့အားသင့်ဖွယ် မျှဝေလာခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံတွေထဲမှာ တော့တင်ဟမ်ဟော့စပါး ကြယ်ပွင့်ဟောင်းဟာ ဘိုင်ယန်မြူးနစ် လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်ရေးဝတ်စုံအပြည့် ဝတ်ဆင်ထားပြီး ကြံ့ခိုင်ရေး နည်းပြတစ်ဦးနဲ့အတူတွဲကာ လေ့ကျင့်ရေး ပြုလုပ်နေတာကို မြင်တွေ့ရပါတယ်။

အသက် ၃၀ အရွယ် တိုက်စစ်မှူးဟာ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာစေဖို့အတွက် ပေါ့ပေါ့ပါးပါး တစ်ဦးချင်း လေ့ကျင့်ရေးအစီအစဉ်တွေကို လုပ်ဆောင်နေပုံ ရပါတယ်။

Harry Kane

Photo : The Sun

အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကတော့ ဘရာဇီးကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်ပြီးနောက် ” ဟယ်ရီကိန်းဟာ အင်္ဂါနေ့မှာ ကစားမယ့် ဘယ်လ်ဂျီယံနဲ့ ပွဲစဉ်မှာ ပါဝင်နိုင်ဦးမှာ မဟုတ်ပါဘူး။ ဒါကြောင့် သူ့ရဲ့ ကလပ်အသင်းကိုပဲ ပြန်သွားရမှာပါ ” လို့ ပြောကြားခဲ့ပါတယ်။

အင်္ဂလန် အသင်းခေါင်းဆောင် ဟယ်ရီကိန်း ဟာ မတ်လ ၁၆ ရက်နေ့က ဘိုင်ယန်မြူးနစ်အတွက် ကစားပေးခဲ့တဲ့ ဒမ်စတက်အသင်းကို ၅ – ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ဘွန်ဒက်လီဂါပွဲစဉ်မှာ ဂိုးတိုင်နဲ့တိုက်မိပြီး ခြေကျင်းဝတ် ဒဏ်ရာရရှိခဲ့တာပဲ ဖြစ်ပါတယ်။

Featured Photo : The Sun