ဘီယာ ကို တမူထူးခြားအောင် တခြားသော အဖျော်ယမကာတွေနဲ့ ရောစပ်သောက်ကြည့်ဖို့ စိတ်ကူးရှိပါသလား။ ဒါဆိုရင်တော့ အခုပြောပြမယ့် အမိုက်စား ဘီယာ ကော့လ်တေး တွေကို Try ကြည့်ဖို့ အကြံပြုချင်ပါတယ်။ လွယ်လွယ်ကူကူနဲ့ ထူးခြားဆန်းသစ်တဲ့ အရသာအသစ်ကို ကွီးတို့ အိမ်မှာပဲ ကိုယ်တိုင် ခံစားလို့ရပါတယ်။

(၁) Beer Margarita

Photo : A Couple Cooks

Beergarita / Beerita လို့လည်း ခေါ်ပါတယ်။ Tequila ၊ Cointreau ၊ Lime Juice နဲ့ Beer တို့ကို ရောစပ်ဖျော်ရတာ ဖြစ်ပါတယ်။ သံပုရာအနံ့မွှေးမွှေးလေးနဲ့ လန်းဆန်းချိုပြင်း ဘီယာ ကော့လ်တေး တစ်ခွက်ပါ။ ပူအိုက်တဲ့အချိန်တွေ ၊ နွေရာသီပါတီတွေနဲ့ အလိုက်ဖက်ဆုံးဖြစ်ပြီးတစ်နေ့တာပင်ပန်းမှုတွေကို ဖြေဖျောက်ပေးမယ့် အမိုက်စားကော့လ်တေး တစ်ခွက်ဖြစ်ပါတယ်။

(၂) Black Velvet

Photo : A Couple Cooks

အနက်ရောင်ချောကလက်လို ခါးသပ်သပ်အရသာမျိုး ကြိုက်နှစ်သက်တယ်ဆိုရင်တော့ Black Velvet ကော့လ်တေးက ကွီးတို့အကြိုက်ဖြစ်စေမှာပါ။ Black Velvet ကော့လ်တေး က ပါဝင်ပစ္စည်း ၂ မျိုးတည်းနဲ့ အလွယ်ကူဆုံး ပြင်ဆင်ဖျော်စပ်ရတာ ဖြစ်ပါတယ်။ Stout ဘီယာနဲ့ ရှန်ပိန်ကို အချိုးတူ ရောစပ်ဖျော်ရုံပါပဲ။ တကယ့်ကို စွဲမက်ဖွယ်အရသာနဲ့ အနှစ်ကျကျ ဘီယာ ကော့လ်တေး တစ်ခွက်ဖြစ်ပါတယ်။

(၃) Classic Shandy

Photo : A Couple Cooks

ဘီယာကော့လ်တေး တွေအကြောင်းပြောရင် လူကြိုက်အများဆုံးနဲ့ မပါမဖြစ် ထည့်ပြောရမယ့် ကော့လ်တေးတစ်မျိုးကတော့ Classic Shandy ပဲ ဖြစ်ပါတယ်။ ဒီကော့လ်တေးဟာ ၁၈၀၀ ပြည့်နှစ်တွေထဲက ပေါ်ပေါက်ခဲ့တာ ဖြစ်ပြီး နှစ်ပေါင်းရာနဲ့ချီ သမိုင်းကြောင်းရှိခဲ့ကာ Refreshing ဖြစ်စေတဲ့ ကော့လ်တေးတွေထဲမှာ လူကြိုက်အများဆုံးလို့ ပြောလို့ ရပါတယ်။ ဘီယာ နဲ့ Ginger Ale သို့မဟုတ် Ginger Beer ၂ မျိုးတည်းကိုပဲ အချိုးကျကျ ပေါင်းစပ်ဖျော်ရတဲ့ ခပ်ရှရှအရသာ လန်းဆန်းချိုအေး ဘီယာကော့လ်တေး တစ်ခွက် ဖြစ်ပါတယ်။

Featured Photo : BBC