ကွီးတို့ နှစ်ခြိုက်စွာ သောက်သုံးလေ့ရှိတဲ့ ဘီယာ သည် ကွီးတို့ရဲ့ မျက်နှာ အသားအရေကို နူးညံ့လာအောင် ပြုလုပ်ပေးနိုင်တယ်ဆိုတာကို သိပြီးပါပြီလား။

ဘီယာသည် ဘော်ဒါတွေနဲ့အတူတူ ပျော်ပျော်ပါးပါး အချိန်ကုန်ဆုံးတဲ့အခါမှာလည်း အသုံးတည့်သလို မျက်နှာ အသားအရေနှင့် ဆံကေသာ အလှအပအတွက်လည်း အသုံးတည့်ပါတယ်။ ဆဲလ်သေများကို ပျော်ဝင်သွားစေပြီး အသားအရေကို နူးညံ့လာစေကာ တင်းရင်းလာစေပါတယ်။ ဘီယာထဲမှာ ပါဝင်တဲ့ ဗီတာမင်ဘီ ၊ Saccharide နှင့် တဆေးတို့သည် အသားအရေကို ပြန်လည်အားဖြည့်ပေးပါတယ်။

တကယ်လို့ ကွီးတို့အနေနဲ့ ကိုယ့် မျက်နှာအသားအရေကို ကြည်လင်ဝင်းပကာ Glow လာစေချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်း (၃) မျိုးကို အသုံးပြုနိုင်ပါတယ်။

ဘီယာ နှင့် ဒိန်ချဥ် မျက်နှာ ပေါင်းတင်နည်း

beer and yogurt

Photo: Thetakeout

လိုအပ်မယ့်ပစ္စည်းများကတော့ ဘီယာ၊ ဒိန်ချဥ်၊ သံလွင်ဆီနှင့် ကြည်ဥအကာပဲဖြစ်ပါတယ်။ ဘီယာ စားပွဲတင်ဇွန်း ၅ ဇွန်းကို ဒိန်ချဥ် စားပွဲတင်ဇွန်း ၂ ဇွန်း၊ သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ကြက်ဥအကာ ၁ လုံးတို့ကို သမအောင် မွှေခလောက်ပေးလိုက်ပါ။

ထို့နောက် ကွီးတို့ရဲ့ မျက်နှာ အရင်ဦးဆုံး သန့်စင်ပေးလိုက်ပါ။ ထို့နောက် မျက်နှာလိမ်းကျံတဲ့ ဘရက်ရှ်လေးဖြင့် မျက်နှာပေါ်တွင် စောစောက အရောအနှောများကို လိမ်းကျံပေးလိုက်ပါ။ ထို့နောက် မိနစ် ၃၀ ခန့် အခြောက်ခံကာ ပေါင်းတင်ထားလိုက်ပါ။ သတ်မှတ်ချိန် ပြည့်တဲ့အခါမှာတော့ ကြက်သီးနွေး ရေနွေးဖြင့် မျက်နှာသစ်ပေးလိုက်ပါ။

ဒီနည်းလမ်းကိုတော့ တစ်ပတ်လျှင် တစ်ကြိမ်ခန့် ပြုလုပ်ပေးပါက ကွီးတို့ရဲ့ အသားအရေသည် Glow လာမှာပဲဖြစ်ပါတယ်။

ဘီယာနှင့် စတော်ဘယ်ရီတို့ဖြင့် ပေါင်းတင်ပါ

ဘီယာ မျက်နှာ

Photo: Craftbeer

ဘီယာ စားပွဲတင်ဇွန်းနှင့် စတော်ဘယ်ရီသီး ၃ လုံး လိုအပ်ပါလိမ့်မယ်။ စတော်ဘယ်ရီသီးများကို အနှစ်များရအောင် ချေမွလိုက်ပါ။ ထို့နောက် ဘီယာနှင့် ရောနှောလိုက်ပါ။ သမအောင် မွှေပြီးတဲ့နောက်မှာတော့ မျက်နှာပေါ် သုတ်လိမ်းလိုက်ပါ။ ၁၅ မိနစ်ခန့် ပေါင်းတင်ပြီးတဲ့နောက်မှာ မျက်နှာသစ်ပေးလိုက်ပါ။ ထို့နောက် မျက်နှာပေါ်တွင် Moisturizer လေး လိမ်းကျံပေးလိုက်ပါ။ တစ်ပတ်လျှင် ၂ ကြိမ်ခန့် ပြုလုပ်ပေးပါက ထူးခြားတဲ့ ရလဒ်ကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

ဘီယာနှင့် ပျားရည် ပေါင်းတင်နည်း

ဘီယာ မျက်နှာ

Photo: Kegerator

သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း၊ ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ဘီယာ အနည်းငယ်တို့ကို သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် မျက်နှာပေါ် သုတ်လိမ်းပေးလိုက်ပါ။ ၁၅ မိနစ်ခန့် ပေါင်းတင်ပြီးတဲ့နောက်မှာတော့ ရေနွေးနွေးဖြင့် မျက်နှာသစ်ပေးလိုက်ပါ။

တစ်ပတ်လျှင် ၂ ကြိမ်ခန့် ပြုလုပ်ပေးမယ်ဆိုရင်တော့ ချောမွတ်နူးညံ့တဲ့ အသားအရေလေးကို ပိုင်ဆိုင်နိုင်ပြီပဲ ဖြစ်ပါတယ်။

Source: Stylesatlife