ကျွန်တော်တို့အားလုံး ကြည်လင်ဝင်းပပြီး ကောင်းမွန်တဲ့ အသားအရေကို ပိုင်ဆိုင်ချင်ကြပါတယ်။ အသားအရေ ကြည်လင်ဝင်းပ စေမယ့် နည်းလမ်းတွေဟာ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ အသားအရေ အမျိုးအစားပေါ် မူတည်ပြီး ကွဲပြားပါတယ်။ ယေဘူယျအားဖြင့် ဝက်ခြံ သို့မဟုတ် အစက်အပြောက်တွေနဲ့ ရုန်းကန်နေရသူ အများစုဟာ ခြောက်သွေ့ပြီး အဆီပြန်တဲ့ နှစ်မျိုးပေါင်းစပ်ထားတဲ့ အသားအရေကို ပိုင်ဆိုင်ထားကြသူတွေပါ။ အသားအရေ အမျိုးအစား အမျိုးမျိုးအတွက် အသားအရေ ထိန်းသိမ်းမှု အကြံပြုချက်တွေ အများအပြားရှိပေမယ့် နူးညံ့ချောမွေ့ စိုပြေဝင်းပတဲ့ အသားအရေ ကို ပိုင်ဆိုင်နိုင်ဖို့ လွယ်ကူရိုးရှင်း လူတိုင်း လုပ်လို့ရတဲ့ အချက်လေးတွေကို ဒီဆောင်းပါးလေးကနေ ပြောပြပေးချင်ပါတယ်။

(၁) အခြေခံအကျဆုံး အသားအရေ ထိန်းသိမ်းမှုအဆင့်လေးတွေ လုပ်ပါ

Photo : View the VIBE

အသားအရေ ထိန်းသိမ်းဖို့အတွက် ရှုပ်ထွေးတဲ့ အဆင့်တွေ ၊ နည်းလမ်းတွေ ဘာမှမလိုပါဘူး။ မျက်နှာသစ်ဆေးနဲ့ တစ်ရက်ကို ၂ ကြိမ် မျက်နှာ သစ်တာ ၊ အစိုဓာတ်ထိန်းခရမ်င် လိမ်းတာ ၊ အပြင်ထွက်တိုင်း နေလောင်ဒဏ်ကာခရမ်င်လိမ်းတာ စတဲ့အသားအရေ ထိန်းသိမ်းမှုဆိုင်ရာ အခြေ ခံအကျဆုံး အချက်လေးတွေကိုပဲ နေ့စဉ်ပုံမှန်လေး လုပ်သွားရုံနဲ့ ကွီးတို့ရဲ့ အသားအရေ ဟာ တစ်နေ့ထက်တစ်နေ့ ပိုမို ကြည်လင်ဝင်းပ လာစေမှာ ဖြစ်ပါတယ်။

(၂) အပျော့စား Skin Care ထုတ်ကုန်တွေသုံးပါ

Photo : Mens Fashion Magazine

Skin Care ထုတ်ကုန်တွေ ရွေးချယ်တဲ့အခါ အယ်လ်ကိုဟော အခြေခံထုတ်ကုန်တွေနဲ့ ဓာတုပစ္စည်း အများအပြားပါတဲ့ ထုတ်ကုန်တွေကို ရှောင်ဖို့လိုပါတယ်။ အဆိုပါ ထုတ်ကုန်တွေဟာ အသားအရေကို ယားယံခြင်း ခြောက်သွေ့ခြင်းနဲ့ ဓာတ်မတည့်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ Skin Care ထုတ်ကုန်အသစ်တစ်ခု စမ်းသုံးကြည့်မယ်ဆိုပါက ကိုယ့်အသားအရေနဲ့ တည့်မတည့် သေချာမှုမရှိရင် လက်အရေပြားပေါ်မှာ အနည်းငယ်စမ်းကြည့်ဖို့ အကြံပြုချင်ပါတယ်။

(၃) ရေဓာတ်ပြည့်ဝအောင်ဖြည့်ပါ

Photo : adidas Runtastic

ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေအားလုံးဟာ ရေဓာတ်နဲ့ ဖွဲ့စည်းထားတာပါ။ အရေပြားဆဲလ်တွေဟာ ပတ်ဝန်းကျင် လေဒဏ် ဖုန်ဒဏ်နဲ့ ထိတွေ့မှုအရှိဆုံးဖြစ်သောကြောင့် အသားအရေ ခြောက်သွေ့ကြမ်းတမ်းပြီး အစိုဓာတ်ဆုံးရှုံးနိုင်ခြေ ပိုများပါတယ်။ ဒါကြောင့် တစ်နေ့တာလုံးမှာ ရေများများသောက်တာက အရေပြားဆဲလ်တွေကို အစိုဓာတ်ပြည့်ဝစေပြီး ကျန်းမာစိုပြေတဲ့ အသားအရေကို ရရှိပိုင်ဆိုင်နိုင်စေပါတယ်။

(၄) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာအစားတွေကို စားပါ

Photo : Muscle & Fitness

ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရဓာတ် ပြည့်စုံကြွယ်ဝတဲ့ အစားအသောက်တွေ စားတာဟာ ခန္ဓာကိုယ်ရဲ့အလုံးစုံ ကျန်းမာရေးအတွက် အရေးကြီးသလို အသားအရေကိုလည်း အကျိုးပြုပါတယ်။ လတ်ဆတ်တဲ့ အသီးအနှံတွေ ၊ ဟင်းသီးဟင်းရွက်တွေက အသားအရေကျန်းမာရေးအတွက် များစွာ အထောက်အပံ့ ဖြစ်စေဖို့ ကူညီပေးပါတယ်။  ကြည်လင်ဝင်းပ တဲ့ အသားအရေ ကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ နို့နဲ့ နို့ထွက်ပစ္စည်းထုတ်ကုန်တွေ ကဲ့သို့ ဝက်ခြံနဲ့ အသားအရေ ဆိုင်ရာပြဿနာတွေကို ဖြစ်စေနိုင်တဲ့ အစားအသောက်တွေကို ဖြတ်တောက်ဖို့လိုပါမယ်။

(၅) နေထိုင်မှုပုံစံပြောင်းလဲပါ

Photo : Advanced Vein Therapy

လူတစ်ယောက်ရဲ့ Lifestyle ဟာလည်း အသားအရေ ကျန်းမာရေးအပေါ် များစွာ သောက်ရောက်မှု ရှိပါတယ်။ ကျန်းမာတဲ့ Lifestyle တစ်ခုကို ထိန်းသိမ်းထားခြင်းဟာ ခန္ဓာကိုယ်ကို ဟန်ချက်ညီစေဖို့ ကူညီပေးနိုင်သလို အသားအရေကိုလည်း ကျန်းမာနုပျိုလာစေမှာ ဖြစ်ပါတယ်။ အခြေခံအားဖြင့် ညဘက်အိပ်ရေးဝဝ အိပ်စက်တာ ၊ ဆေးလိပ်ဖြတ်တာ ၊ ဆားနဲ့ သကြားဓာတ် လျော့ချစားသုံးတာ ၊ ဆီကြော်စာတွေ ရှောင်တာ ၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်တာ ၊ စိတ်ဖိစီးမှု လျော့ချတာ စတဲ့အချက်တွေ လိုက်နာမယ်ဆိုရင်ပဲ ကွီးတို့ရဲ့ အသားအရေဟာ ကြည်လင်ဝင်းပပြီး အရွယ်တင်နုပျိုခြင်းတွေ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

Featured Photo : Man of Many