နေ့ကောင်း နေ့မြတ်တွေ၊ အောင်ပွဲခံစရာရှိတဲ့ ရက်တွေမှာ ဘော်ဒါတွေနဲ့ အတူတူ တစ်ခွက် တစ်ဖလား ချကြမှာပါပဲ။ ဆိုင်မှာ တစ်ခွက် တစ်ဖလား ချရတာထက် အိမ်မှာ တစ်ခွက် တစ်ဖလား ချရတဲ့ ဖီဠင်က ပိုမိုက်တာကတော့ ငြင်းမရပါဘူး။ မကြာခဏ အိမ်မှာ တစ်ခွက် တစ်ဖလာ ချလေ့ရှိတဲ့ ဘီယာ ချစ်သူ ကွီးတို့အိမ်မှာ ပုလင်းခွံ အလွတ် တွေက အများကြီး ရှိနေမှာပေါ့။ ထိုဘီယာ ပုလင်းခွံ အလွတ် တွေကို ပြန်ရောင်းပြန်ရင်လည်း ၁၀၀၊ ၂၀၀ ထက် ပိုမရပါဘူး။ အဲ့ဒီလို ပြန်ရောင်းတာတို့၊ အလဟဿ လွှင့်ပစ်တာမျိုးတွေ လုပ်မယ့်အစား အိုင်ဒီယာ မျိုးစုံ အသုံးပြုကာ ပစ္စည်းအသစ်တစ်မျိုး မဖန်တီးချင်ဘူးလား။

ဒါဆိုရင်တော့ အခုဖော်ပြမယ့် DIY နည်းလမ်းများကို စမ်းကြည့်နိုင်ပါတယ်။ ဘီယာ ပုလင်းခွံအလွတ်များနဲ့ လှပပြီး အသုံးတည့်တဲ့ ပစ္စည်းတစ်မျိုး ဖန်တီးရင်း ကွီးတို့ရဲ့ ပတ်ဝန်းကျင်ကို လှပအောင် အလှဆင်နိုင်ပါတယ်။

ဘီယာ ပုလင်းခွံ အလွတ် နဲ့ မီးအိမ် ဖန်တီးမယ်

အဓိက ပြုလုပ်ရမယ့်အရာကတော့ ဘီယာ ပုလင်းခွံထဲ မီးလုံးတွဲလေးတွေ ထည့်ထားရမှာပဲဖြစ်ပါတယ်။​ ပြုလုပ်ရမယ့် အဆင့်ကလည်း (၅) ဆင့်လောက်ပဲ ရှိတာဆိုတော့ ကွီးတို့ ကိုယ်တိုင် လိုက်လုပ်နိုင်ပါတယ်။​ အသေးစိတ် ပြုလုပ်နည်း အဆင့်ဆင့်ကိုတော့ အောက်က ဗီဒီယိုလေးမှာ လိုက်လုပ်ကြည့်နိုင်ပါတယ်။

ဘီယာ ပုလင်းခွံ အလွတ် အသုံးပြုပြီး အိမ်နံရံမှာ ချိတ်ဆွဲလို့ရတဲ့ အပင်ငယ်မျိုး ဖန်တီးမယ်

တွယ်ကပ် သစ်ပင်လေးတွေကလည်း ကွီးတို့ရဲ့ အိမ်ကို လှပအောင် ကူညီပေးမယ့် သစ်ပင် ပန်းမာန်တစ်မျိုးပဲဖြစ်ပါတယ်။ ဘီယာ ဘူးခွံ အလွတ်တစ်လုံးကို အသုံးပြုပြီး အိမ်နံရံမှာ ချိတ်ဆွဲကာ အိမ်တွင်း အလှဆင်နိုင်ပါတယ်။ ပြုလုပ်နည်းကလည်း အလွယ်လေးပဲမို့လို့ ကွီးတို့ အားလပ်ချိန်တွေမှာ အပျင်းပြေအောင် ဖန်တီးနိုင်ပါတယ်။

ဘီယာ ပုလင်းနဲ့ ဖယောင်းတိုင် ထွန်းခွက်တစ်ခု ပြုလုပ်လို့ရ

candle beer bottle

Photo: Thewickerhouse

ဖယောင်းတိုင် အတိုင်ကြီးတွေကို အသုံးပြုပြီး ဘီယာ ပုလင်းခွံကို ဖယောင်းတိုင် ထွန်းတဲ့ ခွက်တစ်ခုအဖြစ် အသုံးပြုနိုင်ပါတယ်။ တစ်စက်စက် ကျနေတဲ့ ဖယောင်းစက်တွေကလည်း ကွီးတို့ရဲ့ ဘီယာ ပုလင်းခွံလေးကို ပိုလို့တောင် လှပသွားစေမှာ အမှန်ပါပဲ။

ငှက်တွေကို အစာကျွေးတဲ့ အိမ်ငယ်တစ်ခု ဖန်တီးမယ်

ဘီယာ အလွတ်

Photo: Toetell

ငှက်ကလေးတွေက အစာခွက်မှာ လာနားတဲ့အခါ ဘီယာပုလင်းထဲမှာ ထည့်ထားတဲ့ အစာခွက်ထဲက အစာတွေက အလွယ်တကူ ထွက်လာမှာပဲဖြစ်ပါတယ်။ ကုသိုလ်လည်းရ ကွီးတို့ရဲ့ အိမ်အတွက်လည်း အလှဆင်ပြီးသား ဖြစ်သွားမှာဆိုတော့ တစ်ချက်ခုတ် နှစ်ချက် ပြတ်ပါပဲ။

ဂိမ်းဆော့ဖို့ရန်အတွက် ဖန်တီးနိုင်မယ်

ဘီယာ အလွတ်

Photo: Toetell

ပင်ပေါင် ဘောလုံးလေး ဆော့ဖို့အတွက် ဘီယာပုလင်းခွံ အလွတ် (၄) ခုကို စီစီရီရီ စီထားပြီးနောက် အပေါ်ကနေ သစ်သားပြားလေး တင်ထားလိုက်ပါ။ ထို့နောက် ဘီယာခွက် အလွတ်လေးကို ပုံမှာ ပြထားတဲ့အတိုင်း ခပ်စောင်းစောင်းလေး တင်ထားလိုက်ပါ။ ဒါဆိုရင်တော့ ပါတီပွဲတွေ ဆင်နွှဲတဲ့အခါ ဂိမ်းဆော့ဖို့အတွက် အသုံးတည့်ပါတယ်။

ကွီးတို့ အိမ်မှာရော ဘီယာ ပုလင်းခွံအလွတ် ဘယ်လောက်များများစားစားရှိပါသလဲ။

Source: Beergifts.org

Featured Image: Decorating-hq.com