လူ့အလို နတ်မလိုက်နိုင်လို့ ပြောကြသလိုပါပဲ။ ဘီယာ က ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး သောက်စရာ ယမကာတစ်မျိုးဖြစ်သလို နှစ်စဉ် ဘီယာဂါလံပေါင်း ဘီလီယံနဲ့ချီ သောက်သုံးနေကြပေမယ့်လည်း ကောင်းလွန်းပါတယ်ဆိုတဲ့ ဘီယာ ကိုတောင် တစ်ခါတစ်လေမှာ သူ့ချည်းသပ်သပ် သောက်ရတာ ငြီးငွေ့မိတာမျိုး ခံစားမိကြမယ် ထင်ပါတယ်။ ဒီအတွက်တော့ ဘာမှအာရုံစားမနေပါနဲ့ ဘီယာကို ရိုးရိုးလေး မသောက်ချင်တဲ့ ကွီးတို့အတွက် ဆန်းဆန်းပြားပြား သောက်လို့ရမယ့် နည်းလမ်းတချို့ကို မျှဝေပေးပါမယ်။

(၁) Grapefruit Shandy

Photo : A Couple Cooks

ဘီယာကိုမှ အသီးရနံ့ မွှေးမွှေးလေး မြည်းစမ်းချင်တယ်ဆိုရင်တော့ Grapefruit Shandy တစ်ခွက်က ကွီးတို့ကို စိတ်ကျေနပ်မှု အပြည့်အဝပေးစွမ်းနိုင်မှာပါ။ လတ်ဆတ်တဲ့ Grapefruit သီးနဲ့ Wheat ဘီယာ ကို ပေါင်းစပ်ဖျော်ရတာ ဖြစ်ပါတယ်။ Simple Syrup နဲ့ Soda Water လေးလည်း ထပ်ပေါင်းထည့်ပေးရပါမယ်။ ဒါဆိုရင်တော့ စပယ်ရှယ် Refreshing ဖြစ်စေမယ့် Grapefruit Shandy ဘီယာမွှေးမွှေးလေး တစ်ခွက်ရပါပြီ။

(၂) Black Velvet

Photo : A Couple Cooks

Black Velvet ကတော့ Stout ဘီယာ ကြိုက်တဲ့ ဘီးကျဲတို့ အတွက်ပါ။ Stout ဘီယာနဲ့ Sparkling Wine ၂ မျိုးတည်းကိုပဲ အချိုးကျကျ ပေါင်းစပ်ဖျော်ထားတာ ဖြစ်ပါတယ်။ Stout ဘီယာ ၃ အောင်စ ၊ Sparkling Wine ၃ အောင်စကို ဆတူရောစပ်ဖျော်လိုက်ပါ။ ရှတတနဲ့ ခါးသပ်သပ်အရသာ အမိုက်စား Black Velvet ဘီယာကော့လ်တေးတစ်ခွက် ရပါပြီ။

(၃) Michelada

Photo : A Couple Cooks

ဘီယာကတော့ ပုံမှန်အားဖြင့် ရှတတနဲ့ ချိုခါးသပ် အရသာလေးပါ။ ဒါကိုမှ ဆန်းဆန်းပြားပြားလေး ဖြစ်သွားအောင် စပ်ပြင်းပြင်းနဲ့ နည်းနည်း Spicy ဖြစ်တဲ့ စတိုင်လေး ဖျော်သောက်ကြည့်ပါ။ Michelada ဆိုတာ မက္ကဆီကန်ဘီယာနဲ့ ဖျော်စပ်ရတဲ့ ဘီယာကော့လ်တေး တစ်ခွက်ဖြစ်ပါတယ်။ Bloody Mary နဲ့ဆင်သလိုလို Beer Margarita နဲ့ဆင်သလိုလိုရှိပေမယ့် သူတို့ ၂ ခုကြားက အရသာမျိုး လို့ပြောရမှာ ဖြစ်ပါတယ်။ မက္ကဆီကန် Lager ဘီယာ ၊ Lime Juice ၊ Tomato Juice ၊ Worcestershire Sauce နဲ့ Hot Sauce တို့ကို ပေါင်းစပ်ဖန်တီးထားတာ ဖြစ်ပါတယ်။ ဘီယာကိုမှ လုံးဝကွဲပြားထူးခြားတဲ့ အရသာမျိုး ခံစားချင်ရင် Michelada တစ်ခွက် ဖျော်သောက်လိုက်ဖို့ပဲ ညွှန်းချင်ပါတယ်။

(၄) Classic Chelada

Photo : A Couple Cooks

Classic Chelada ကတော့ အရမ်းကိုလွယ်ကူရိုးရှင်းပြီး သောက်လို့ကောင်းတဲ့ ဘီယာကော့လ်တေးတစ်ခွက်ပါ။ မက္ကဆီကန် Lager ဘီယာနဲ့ Lime Juice ၂ မျိုးတည်းကိုပဲ ရောစပ်ဖျော်ထားတာ ဖြစ်ပါတယ်။ ဘီယာ ၁၂ စနဲ့ Lime Juice ၁ စ ဖျော်စပ်ရတာပါ။ ဟင်းခတ်အမွှေးအကြိုင်အမှုန့်တစ်မျိုးဖြစ်တဲ့ Old Bay Seasoning ကို ပင်လယ်ဆားအနည်းငယ်နဲ့ ရောစပ်ပြီး ဘီယာထည့်မယ့် ဖန်ခွက်ရဲ့ နှုတ်ခမ်းဝလေးကို သုတ်လိမ်းပြီး ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ ပူအိုက်တဲ့အချိန်တွေမှာ နှလုံးသားလေးထဲအထိ လန်းဆန်းအေးမြသွားချင်တယ်ဆိုရင် Classic Chelada တစ်ခွက်ရှိရုံနဲ့ လုံလောက်ပါပြီ။

ဒါကတော့ ဘီယာကို ပုံမှန်တိုင်း သောက်ရတာ ငြီးငွေ့နေပြီဆိုတဲ့ ကွီးတို့အတွက် ဆန်းဆန်းပြားပြား ဖျော်စပ်သောက်နိုင်မယ့် နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ်။

Featured Photo : Food52