နည်းပညာ လောကဟာ ဒေါ်လာသန်း ရာချီ ထောင်ချီ ချမ်းသာတဲ့ သူဌေးတွေ သိပ်ထွက်ပါတယ်။ ဒါကြောင့်ပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ သူကြွယ်ဖြစ်ချင်ရင် နည်းပညာလောကထဲမှာ စီးပွားရှာဖို့ အကြံပေးကြတာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ နည်းပညာ ဘီလျံနာ အကြမ်းဖျဉ်း ၁၄၃ ဦး ရှိပြီး တစ်ဦးချင်း ပျမ်းမျှ ကြွယ်ဝချမ်းသာမှုကလည်း ဒေါ််လာ ၆ ဘီလျံနဲ့ အထက် ရှိပါတယ်။

ကမ္ဘာ့အချမ်းသာဆုံးဘီလျံနာကြီးတွေ ဖြစ်တဲ့ Peter Thiel ၊ Elon Musk ၊ Sergey Brin ၊ Larry Page ၊ Jeff Bezos နဲ့ Bill Gates တွေဆိုရင် တစ်ကမ္ဘာလုံး မသိသူမရှိအောင် ချမ်းသာကျော်ကြားကြပါတယ်။ ဒီပုဂ္ဂိုလ်ကြီးတွေက အသက် ၅၀ နဲ့ ၆၀ တန်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသက် ၃၀ မပြည့်သေးဘဲနဲ့ ဘီလျံနာဖြစ်နေတဲ့ နည်းပညာသူဌေးတွေလည်း ရှိနေပါတယ်။ ဒီတစ်ခေါက်တော့ အချမ်းသာဆုံး အသက် ၃၀ အောက် နဲ့ နည်းပညာ ဘီလျံနာ ဖြစ်လာသူတချို့နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

(၁) John Collison

stripe-john-collison-billionaires-4 (1)

Photo : thegentlemansjournal

Collison ညီအစ်ကိုတွေလို့ ကမ္ဘာကျော်တဲ့ John Collison နဲ့ Patrick Collison တို့ဟာ Stripe အွန်လိုင်းငွေပေးချေရေး ပလက်ဖောင်းကို ၂၀၁၀ မှာ တည်ထောင်ခဲ့ပါတယ်။ ၁၉၉၀ ဖွား John Collison ဟာ ၂၀၁၆ ခုနှစ် အသက် ၂၆ နှစ် အရွယ်မှာ ကမ္ဘာ့အသက်အငယ်ဆုံး ဘီလျံနာဖြစ်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်အတွက် သူ့ရဲ့ အသားတင် ကြွယ်ဝချမ်းသာမှုဟာ ဒေါ်လာ ၉.၅ ဘီလျံ ရှိပါတယ်။

(၂) Austin Russel

austin russell

Photo : bizjournals

၁၉၉၅ ခုနှစ်ဖွား အမေရိကန်စွန့်ဦးတီထွင်သူနဲ့ Luminar Technologies အမှုဆောင်အရာရှိချုပ် Austin Russell ဟာ ၂၀၂၀ ပြည့်နှစ် သူ့အသက် ၂၅ နှစ်အရွယ်မှာ ဘီလျံနာ ဖြစ်ခဲ့ပါတယ်။ ကိုယ့်ဒူးကိုယ်ချွန်နဲ့ အငယ်ဆုံး ဘီလျံနာဖြစ်ခဲ့သူပါ။ သူ့ကုမ္ပဏီ Luminar Technologies ဟာ မောင်းသူမဲ့ကားတွေအတွက် Lidar လမ်းညွှန်စနစ်နဲ့ စက်ပစ္စည်းသိရှိ ထောက်လှမ်းရေး နည်းပညာ တွေ ထုတ်ပါတယ်။ ၂၀၂၂ ခုနှစ်အတွက် သူ့ရဲ့ အသားတင်ချမ်းသာမှုဟာ ဒေါ်လာ ၁.၂ ဘီလျံ ရှိနေပါတယ်။

(၃) Brian Chesky

brian chesky

Photo : forbes

ဒေါ်လာဘီလျံ ၁၀၀ တန် လုပ်ငန်းကြီးအတွက် အိုင်ဒီယာကို အခန်းငှားခ မတတ်နိုင်တဲ့ လူငယ်နှစ်ယောက်ဟာ သူတို့အခန်းကို တခြားသူတွေကို ပြန်ငှားဖို့ လုပ်ခဲ့ပါတယ်။ ဒီအတွက် လေအိပ်မွေ့ယာ ၃ ခု ဝယ်ပြီး Airbed And Breakfast ဆိုတဲ့ စိတ်ကူးကို စတင်ခဲ့တာပါ။ စကတည်းက ဧည့်သည် ၃ ယောက် ရခဲ့ပြီးနောက် အလားအလာကို မြင်ခဲ့ရာကနေ Airbnb ကို ၂၀၀၈ ခုနှစ်မှာ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၈၁ ခုနှစ်ဖွား Brian Chesky ရဲ့ ဒီလုပ်ငန်းဟာ ၂၀၁၅ မှာ ဒေါ်လာ ဘီလျံ ၂၀ တန် လုပ်ငန်းဖြစ်နေပါပြီ။ ၂၀၂၀ ဒီဇင်ဘာမှာတော့ ဒေါ်လာဘီလျံ ၁၀၀ အထိ တန်လာခဲ့ပါတယ်။ အခု သူ့ရဲ့ ပိုင်ဆိုင်မျုက အသားတင် ဒေါ်လာ ၈.၉ ဘီလျံ ချမ်းသာပါတယ်။

(၄) Evan Spiegel

spiegel

Photo : theceomagazine

အမေရိကန် Social Media ကုမ္ပဏီတစ်ခုဖြစ်တဲ့ Snap Inc ရဲ့ တည်ထောင်သူနဲ့ CEO Evan Spiegel ဟာ အသက် ၂၅ နှစ်အရွယ်မှာ ဘီလျံနာ ဖြစ်ခဲ့သူပါ။ စတန်းဖို့ဒ်မှာ ကျောင်းတက်နေတုန်း Bobby Murphy ၊ Reggie Brown တို့နဲ့အတူ Snap Inc ကို စပြီး တည်ထောင်ခဲ့တာလည်း ဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ဘီလျံနာ ဖြစ်ခဲ့လို့ သူဟာ အသက်အငယ်ဆုံး ဘီလျံနာအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ လက်ရှိ သူ့ရဲ့ အသားတင် ချမ်းသာ ကြွယ်ဝမှုဟာ ဒေါ်လာ ၁၃ ဘီလျံခန့် ရှိတယ်လို့ ဆိုပါတယ်။

(၅) Mark Zuckerberg

Mark Zuckerberg

Photo : The New York Times

အသက် ၂၃ နှစ်အရွယ်မှာ ဘီလျံနာ ဖြစ်ခဲ့သူတစ်ဦးလည်း ရှိပါတယ်။ သူက Facebook (ယခု Meta ကုမ္ပဏီ) လုပ်ငန်းစုရဲ့ တည်ထောင်သူနဲ့ CEO မတ်ခ်ဇူကာဘတ်ခ်ပဲ ဖြစ်ပါတယ်။ ၂၀၀၈ မှာ ကုမ္ပဏီကို အများပိုင်အဖြစ် ရှယ်ယာခွဲရောင်းပြီးနောက် မတ်ခ်ဇူကာဘတ်ဟာ အသက် ၂၃ နှစ်နဲ့ ဘီလျံနာ ဖြစ်လာခဲ့တာပါ။ သူ့ကို ၁၉၈၄ မှာ မွေးဖွားခဲ့တာ ဖြစ်လို့ အခုချိန်မှာ အသက် ၃၈ နှစ် ရှိပြီ ဖြစ်ပါတယ်။ လက်ရှိ သူ့ရဲ့ အသားတင် ကြွယ်ဝချမ်းသာမှုဟာ ဒေါ်လာ ၇၄.၅ ဘီလျံ ရှိတယ်လို့ Forbes က ဖော်ပြထားပါတယ်။

Featured Photo : The New York Times