ကိုယ့်ရှော်တီလေးနဲ့ အတူတူ နှစ်ပါးသွား ကချင်တယ်ဆိုရင်တော့ အရင်ဦးဆုံး ရှော်တီလေးတစ်ယောက် ရှိထားဖို့တော့ လိုပါတယ်။ ကွီးတို့မှာရော ရှော်တီလေး ရှိရဲ့လား။ ရှော်တီလေး ရှိမှ စားနိုင် သောက်နိုင်မှာနော်။ ဒါပေမဲ့ ဘီးကျဲ တို့ အနေနဲ့ အန္တရာယ်ကင်းကင်း စားသောက် နိုင်ဖို့လည်း အရေးကြီးပါတယ်။

ဒီလိုမျိုး အန္တရာယ်ကင်းကင်းနဲ့ စားနိုင် သောက်နိုင်ဖို့ဆိုရင် သိထားရမယ့် အချက်များလည်း ရှိပါတယ်။ ကွီးတို့ စိတ်ဝင်စားတယ်ဆိုရင်တော့ ဆက်လက်လေ့လာကြည့်လိုက်ပါဦး။

ကြိုတင်ကာကွယ်တာက အကောင်းဆုံးပါ

couple and condom

စားသောက်မယ့် အစီအစဥ် ရှိထားရင်ပဲဖြစ်ဖြစ်၊ ရုတ်ချည်းဆိုသလို စားဖြစ်မယ်ဆိုရင်ပဲဖြစ်ဖြစ် အရေးကြီးဆုံး တစ်ခုကတော့ ဦးထုပ်ပါပဲ။ ကွီးတို့အနေနဲ့ ဦးထုပ်မပါဘဲ နှစ်ပါးသွား ကမယ်ဆိုရင်တော့ နောက်ဆက်တွဲ ဖြစ်လာမယ့်အရာတွေအတွက် ရင်ဆိုင်ဖို့ အသင့်ဖြစ်နေရပါမယ်။ ဥပမာ – ကလေးရသွားတာမျိုး (သို့) လိင်မှတဆင့် ကူးစက်သွားတဲ့ ရောဂါမျိုး စတာတွေပဲဖြစ်ပါတယ်။​

လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်ပါ

ဘီးကျဲ စားသောက်

လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်ပါ။ လေ့ကျင့်ခန်း ပြုလုပ်တဲ့အခါ သက်လုံကောင်းကာ အမောခံနိုင်ပြီး ရှော်တီလေးနဲ့ အတူတူ အချိန်အကြာကြီး နှစ်ပါးသွား ကနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးနဲ့ ညီညွှတ်ပြီး အာဟာရ မျှတစွာ စားသောက်ဖို့လည်း မမေ့ပါနဲ့။

ဆေးလိပ် မသောက်ပါနှင့်

ဘီးကျဲ စားသောက်

ဆေးလိပ်သောက်ခြင်းသည် အမျိုးသားများရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ကျဆင်းစေတယ်လို့ ဆရာဝန်အများစုက သဘောတူ လက်ခံထားကြတာဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်များအရ ရွှေပန်းလေး ညှိုးနေရတဲ့ အမျိုးသား အများစုသည် ဆေးလိပ်သောက်ကြသူတွေပဲဖြစ်ပါတယ်။​ ဆေးလိပ်သောက်ခြင်းသည် သုတ်ပိုး အရေအတွက်ကို လျော့ကျစေပြီး ကွာလတီကိုလည်း လျော့ကျသွားစေပါတယ်။ ဒါ့ကြောင့် ကွီးတို့အနေနဲ့ ဆေးလိပ် ဖြတ်ဖို့ လိုပါလိမ့်မယ်။​

စိတ်ဖိစီးမှုများကို ဖယ်ရှားပါ

ဘီးကျဲ စားသောက်

စိတ်ဖိစီးမှုများကလည်း ကွီးတို့ရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်ရည်ကို လျော့ကျစေပါတယ်။ လူက အမောအပန်း လွယ်လာပြီး စိုးရိမ်ပူပန်စိတ်များမယ်၊ စွမ်းဆောင်ရည် ကျမယ် အစရှိသည်တို့ကို ခံစားရနိုင်ပါတယ်။ စိတ်ဖိစီးမှုများကို လျော့ချချင်တယ်ဆိုရင်တော့ အသက်ရှူ လေ့ကျင့်ခန်းများ၊ တရားထိုင်ခြင်း အစရှိသည်တို့ကို ပြုလုပ်နိုင်ပါတယ်။​

ကုတင်ပေါ်မှာချည်းပဲ မစားပါနဲ့

ဘီးကျဲ စားသောက်

ဘီးကျဲ တို့ရေ… တစ်နေရာတည်းမှာပဲ စားသောက် မယ်ဆိုရင် ငြီးငွေ့ဖို့ ကောင်းပါတယ်။ နေရာ အပြောင်းအလဲဖြစ်ပြီး စိတ်ခံစားချက်များကို ဆန်းသစ်လာအောင် လုပ်ဆောင်လို့လည်း ရပါတယ်။ ကွီးတို့ရဲ့ လေ့ကျင့်ထားတဲ့ သိုင်းကွက်တွေကိုလည်း ထုတ်သုံးဖို့ မမေ့ပါနဲ့။

Source: Healthcentral

Featured Image: Freepik