ဝိတ်ချဖို့ စီစဥ်နေတဲ့ ဘီးကျဲ တို့ မဖြစ်မနေ လို အပ်နေတာတွေက ဘာတွေဖြစ်မလဲ။ များများစားစားတော့ မလိုအပ်ပေမယ့် ကွီးတို့ မဖြစ်မနေ လုပ်သင့်တဲ့အရာတစ်ခုရှိပါတယ်။
ထိုအရာကတော့ လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ ဝိတ်ချချင်တဲ့ ကွီးတို့အတွက် အထိရောက်ဆုံး လေ့ကျင့်ခန်းများကတော့ ဝမ်းဗိုက် အဆီပိုများကို ဖယ်ရှားပေးတဲ့ လေ့ကျင့်ခန်းများပဲဖြစ်ပါတယ်။ ဝမ်းဗိုက် အဆီပိုတွေသည် ဖယ်ရှားရ အင်မတန်ခက်တဲ့ အဆီပိုတွေဖြစ်ပါတယ်။ ကွီးတို့က ထိုအဆီပိုများကို အောင်မြင်စွာ ဖယ်ရှားနိုင်ပြီဆိုရင်တော့ ဝိတ်ချတဲ့ လုပ်ငန်းစဥ်သည် ၈၀ ရာခိုင်နှုန်းလောက် အောင်မြင်သွားပြီလို့ ဆိုလို့ရပါတယ်။
ဝိတ်ချပြီးတော့မှ ကြွက်သားတွေ တင်းရင်းသွားအောင် ဆက်ဆော့ဖို့ပဲ လိုတော့တာပါ။ ဝိတ်လည်း ချပြီးသွားပြီ ကြွက်သားများလည်း တင်းရင်းအောင် ဆော့ကစားပြီးသွားပြီဆိုရင်တော့ ကွီးတို့ရဲ့ ခန္ဓာကိုယ်က ဆက်စီကျတဲ့ ခန္ဓာကိုယ် ဖြစ်သွားပါပြီ။
ကွီးတို့ ဝိတ်ချဖို့ ရယ်ဒီဖြစ်ပြီဆိုရင်တော့ အခုဖော်ပြမယ့် လေ့ကျင့်ခန်းများကို နေ့စဥ် မှန်မှန် ပြုလုပ်နိုင်ပြီပဲ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၁)
ဒူးနှစ်ဖက်ကို ထောင်ထားကာ လက်နှစ်ဖက်က ရင်ဘတ်ပေါ်မှာ တင်ထားလိုက်ပါ။ ထို့နောက် ဝမ်းဗိုက်ရှိ ကြွက်သားများကို အားပြုကာ အိပ် ထ မ တင် ပြုလုပ်ပေးရပါမယ်။ စုစုပေါင်း ၁၂ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးလိုက်ပါ။
လေ့ကျင့်ခန်း (၂)
ကြမ်းပြင်ပေါ်မှာ လှဲလျောင်းနေပါ။ ခြေထောက်နှစ်ဖက်ကို ပုံပါအတိုင်း စုံလိုက် အပေါ် ထောင်မတ်ထားပါ။ ထို့နောက် လက်နှစ်ဖက်ကို အပေါ်မှာ စုဆုံထားပါ။ ဝမ်းဗိုက်ကြွက်သားရဲ့ ညှစ်အားကို အသုံးပြုကာ ခန္ဓာကိုယ် အပေါ်ပိုင်းကို ကြွပေးလိုက်ပါ။ စုစုပေါင်း ၁၂ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးရပါမယ်။
လေ့ကျင့်ခန်း (၃)
Source: Flabfix
ခန္ဓာကိုယ်ကို ဘေးတစ်ဖက်သို့ စောင်းထားလိုက်ပါ။ ထို့နောက် ခန္ဓာကိုယ် အပေါ်ပိုင်းကို ကြွကာ Crunch ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ စက္ကန့် ၆၀ ပြည့်အောင် ပြုလုပ်ပြီးတဲ့နောက်မှာ ခန္ဓာကိုယ်ကို ဘက်ပြောင်းကာ နောက်ထပ် စက္ကန့် ၆၀ ဆက်လက်ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၄)
Source: Self.com
အလေးတုံး အသုံးပြုကာ ပြုလုပ်ရမယ့် လေ့ကျင့်ခန်းတစ်ခုပဲဖြစ်ပါတယ်။ ညာဒူးကို ထောင်ထားပြီး ဘယ်ခြေကို ဆန့်တန်းထားပါ။ ထို့နောက် ညာလက်က အလေးတုံးကို ကိုင်ထားပါ။ ထို့နောက် ပုံပါအတိုင်း ခန္ဓာကိုယ်ကို ကြွကာ အပေါ်သို့ ကြွတက်လိုက်ပါ။ စက္ကန့် ၆၀ ပြုလုပ်ရပါမယ်။
ထို့နောက် အလေးတုံးကို ဘက်ပြောင်းကိုင်ကာ နောက်ထပ် စက္ကန့် ၆၀ ပြုလုပ်ရပါမယ်။
လေ့ကျင့်ခန်း (၅)
ဒီလေ့ကျင့်ခန်းလေးကတော့ ကွီးတို့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးရှိ အဆီပိုများကို ဖယ်ရှားပေးဖို့အတွက် ကူညီပေးပါတယ်။ စုစုပေါင်း စက္ကန့် ၆၀ အတွင်း မြန်မြန်ဆန်ဆန် ပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၆)
Source: GIFDB
ကြမ်းပြင်ပေါ်မှာ လှဲလျောင်းနေကာ ခြေထောက်နှစ်ဖက်ကာ စက်ဘီးစီးတဲ့ ပုံသဏ္ဍာန်အတိုင်း ဘယ် ညာ တစ်လှည့်စီ ပြုလုပ်ပေးလိုက်ပါ။ စက္ကန့် ၆၀ အတွင်း ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
ဝိတ်ချ ချင်တဲ့ ဘီးကျဲ တို့ လို အပ်နေတဲ့ တစ်ခုတည်းသော အရာကတော့ အခုဖော်ပြသွားတဲ့ လေ့ကျင့်ခန်းများပဲဖြစ်ပါတယ်။
ဘီးကျဲတို့ရော ဝိတ်ချဖို့အတွက် ရယ်ဒီပဲလား။
Source: Menshealth
Featured Image: Freepik