ရွှေထက် အဖိုးတန်တဲ့ အားလပ်ချိန်တွေက ရခဲပါတယ်ဆိုနေမှ ရှော်တီလေးက စိတ်ကောက်လို့ ညစ်နေပါသလား။ ကောက်တဲ့သူကတော့ အားနေသရွေ့ ကောက်နေမှာပဲ ကွီးတို့ရေ…။ အရစ်ခံ အကောက်ခံရလို့ ဘူ နေမယ့်အစား စိတ်ဝင်စားဖို့ ကောင်းတဲ့ ဂိမ်း တွေကို ဆော့ကစားမယ်ဆိုရင်တော့ အားလပ်ချိန်ကို အပူအပင်ကင်းစွာ ဖြတ်သန်းနိုင်မှာပါ။

Cat Quest 2

Cat Quest 2

Cat Quest ဆိုတဲ့ နာမည်အတိုင်းပဲ အဓိက ကာရိုက်တာကတော့ ကြောင်လေးတွေပဲ ဖြစ်ပါတယ်။ နောက်ပြီး ခွေးတွေကတော့ ကြောင်တွေရဲ့ အဖော်အဖြစ် ထည့်ထားပါတယ်။ ကွီးတို့သည် ကြိုက်နှစ်သက်ရာ ကာရိုက်တာတစ်ခုခုကို ရွေးချယ်ကာ ကိုယ့်ရဲ့ ပေးအပ်ထားတဲ့ တာဝန်တွေကို ပြီးမြောက်အောင် လုပ်ဆောင်ရမှာပဲ ဖြစ်ပါတယ်။

Dead Cells

ဘူ ဂိမ်း

အက်ရှင်ဂိမ်းတွေကို စိတ်ဝင်စားတဲ့ ကွီးတို့အတွက် Dead Cells ဂိမ်းလေး ရှိပါတယ်။ Level တစ်ခုကို အောင်မြင်ဖို့ဆိုရင် Challenge တွေ အများကြီးကို ကျော်ဖြတ်ရမှာပဲဖြစ်ပါတယ်။ ကွီးတို့သည် Level တစ်ခု အောင်မြင်ပြီးတဲ့နောက်မှာ ပါဝါတစ်မျိုးစီလည်း တိုးလာမှာမို့လို့ ဆော့ရတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အက်ရှင်ဂိမ်းတွေကို ကြိုက်နှစ်သက်သူများ လက်မလွတ်သင့်တဲ့ ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။

Pocket City

ဘူ ဂိမ်း

ကိုယ့်မြို့ကိုယ် ထူထောင်ပြီး စီးပွားရေး လုပ်ငန်းတွေကို တွင်တွင်ကျယ်ကျယ်ကြီး ပြုလုပ်ကာ ချမ်းသာကြွယ်ဝချင်ပါသလား။ ဒါဆိုရင်တော့ Pocket City ဂိမ်းလေးကို ဆော့ကစားနိုင်ပါတယ်။

ဖုန်းတစ်လုံး ရှိရုံနဲ့တင် ကိုယ့်စိတ်တိုင်းကျ အရှုံးမရှိဘဲ စီးပွားရေး လုပ်ငန်းတွေကို လုပ်ကိုင်နိုင်မှာပဲ ဖြစ်ပါတယ်။

Shadowgun Legends

ဘူ ဂိမ်း

နောက်ထပ် အက်ရှင်ဂိမ်းတစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါသေးတယ်။ သူ့နာမည်ကတော့ Shadowgun Legends ဖြစ်ပါတယ်။ တစ်ယောက်တည်းလည်း ဆော့ကစားနိုင်တဲ့ Single-Player Quests တွေလည်း ရှိသလို အဖွဲ့လိုက် ဘော်ဒါတွေနဲ့အတူတူ ဆော့ကစားနိုင်တဲ့ Quest မျိုးလည်း ရှိပါတယ်။ ကွီးတို့ ကြိုက်နှစ်သက်ရာကို ရွေးချယ်ကာ ဆော့ကစားနိုင်ပါတယ်။ ကာရိုက်တာတစ်ခုရဲ့ သက်တမ်းက အကန့်အသတ်ရှိတာကြောင့် သတ်မှတ်ချိန်အတွင်း မြန်မြန်ဆန်ဆန် ဆော့ကစားရတာသည်လည်း ကွီးတို့ကို စိတ်လှုပ်ရှားမှုတစ်ခု ပေးစွမ်းနိုင်မှာပဲဖြစ်ပါတယ်။

Spaceteam

ဘူ ဂိမ်း

အာကာသထဲသို့ အလည်သွားချင်ပါသလား။ ဒါဆိုရင်တော့ Spaceteam နဲ့ အလည်သွားနိုင်ပါတယ်။ တစ်ယောက်တည်း ဆော့မယ့်အစား အဖွဲ့လိုက် ဆော့ကစားမယ်ဆိုရင်တော့ ပိုပြီး ပျော်ဖို့ကောင်းပါတယ်။ ဆော့ကစားနေစဥ်အတွင်းမှာ တစ်ယောက်နဲ့တစ်ယောက် အားမလို အားမရဖြစ်တာမျိုး၊ အဆဲတစ်လိုင်းဘော်ဒါတွေရဲ့ ဆူညံသံကိုတော့ သည်းခံရပါလိမ့်မယ်။

အရစ်ခံ အကောက်ခံရလို့ ဘူ နေမယ့်အစား စိတ်ဝင်စားဖို့ ကောင်းတဲ့ ဂိမ်း တွေကို ဆော့ကစားမယ်ဆိုရင်တော့ အားလပ်ချိန်ကို အပူအပင်ကင်းစွာ ဖြတ်သန်းနိုင်မှာပါ။ ဂိမ်း အဝဆော့ပြီးမှ ရှော်တီလေးကို ပြန်ချော့မယ်ဆိုလည်း အချိန်မှီပါသေးတယ်။ (ချော့မရတော့လို့ ပြတ်သွားရင်တော့ ကွီးတို့ထိုက်နဲ့ ကွီးတို့ ကံပေါ့……)

Source: Thegamer

Featured Image: Freepik