ဘဝကြီးက စိတ်ညစ်စရာကြီးပါလားဆိုပြီး ခံစားနေရတာက ကွီးတို့ တစ်ယောက်တည်း မဟုတ်ပါဘူး။ လူတိုင်းက သူ့အပူနဲ့ သူ ရှိကြပါတယ်။ ထိုအပူကို ရင်ဆိုင်ဖြေရှင်းပုံချင်းပဲ ကွာသွားတာပါ။ အချို့ကတော့ ဘူ နေတာတွေ လစ်ဖို့ ဟာသ ဇာတ်ကား တွေ ကြည့်ရင်း ဖြေဖျောက်လေ့ရှိပါတယ်။ အချို့ကတော့ ဘော်ဒါတွေနဲ့ ဟေးလား ဝါးလား လုပ်ပြီး ပျော်ပျော်ပါးပါး အချိန်ကုန်ဆုံးလေ့ ရှိပါတယ်။ ကွီးတို့ရော ဘယ်လိုနည်းလမ်းနဲ့ စိတ်ညစ်စရာတွေကို ဖြေဖျောက်လေ့ရှိပါသလဲ။
တကယ်လို့ ကွီးတို့က ဘူ နေတာတွေ လစ်ဖို့ ဟာသ ဇာတ်ကားတွေ ကြည့်လေ့ရှိတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဇာတ်ကားများက ကွီးတို့အတွက်ပါပဲ။
(၁) Easy A
ဒီဇာတ်ကားလေးကတော့ ၂၀၁၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ Olive ဆိုတဲ့ ကောင်မလေးက သူ့ရဲ့ အခင်ဆုံး သူငယ်ချင်းကို သူ(မ)ရဲ့ အပျိုစင်ဘဝကို ကောလိပ် ကျောင်းသားတစ်ယောက်ကို ပေးပစ်လိုက်ပြီဆိုတာကို လိမ်ပြောလိုက်ပါတယ်။ ထိုစကားကို ကောင်မလေးတစ်ယောက်ကို ကြားသွားပါတော့တယ်။ ထိုသတင်းက တခဏချင်းမှာပဲ တောမီးလို တစ်ကျောင်းလုံး ပျံ့သွားပါတော့တယ်။ Olive တစ်ယောက် ဘာဆက်လုပ်မလဲ။
Source: TrailersPlaygroundHD
(၂) Four Weddings and a Funeral
ဒီဟာသာဇာတ်ကားလေးကတော့ ၁၉၉၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားဟောင်းတစ်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ပြည်သူ့အချစ်တော် မစ္စတာဘင်းန်လည်း ပါတယ်ဆိုတော့ တဝါးဝါး တဟားဟားနဲ့ ပွဲကျနေရမှာ မယုံမရှိပါနဲ့။
Source: MGM
(၃) Death at a Funeral
ဒီဇာတ်ကားလေးကတော့ ဈာပနပွဲကနေ ကမောက်ကမတွေဖြစ်ပြီး လျှို့ဝှက်ချက်တွေ အကုန် ပေါ်သွားတဲ့ ဇာတ်ကားပုံစံလေး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ လူမှုရေး အရှုပ်အထွေးတွေကနေ ဟာသဇာတ်လမ်းဖြစ်အောင် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။
Source: Sony Picture Entertainment
(၄) Flipped
Juli ဆိုတဲ့ ကောင်မလေးက ဒုတိတန်းမှာ တက်နေတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပြီး Bryce ဆိုတဲ့ ကောင်လေးရဲ့ မျက်ဝန်း ညိုညိုလေးတွေကို စိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ Bryce ကတော့ သူ့ဘာသာ ဘာသိဘာသာပဲ နေပါတယ်။ ဒီလိုနဲ့ ၈ တန်း ရောက်လာတဲ့အခါမှာတော့ Juli က Bryce ကို စိတ်မဝင်စားတော့ပါဘူး။ ထိုအချိန်ကျမှ Bryce တစ်ယောက် နေမထိ ထိုင်မသာ ဖြစ်လာရပါတော့တယ်။
Source: Rotten Tomatoes Classic Trailers
(၅) Orion and The Dark
ကာတွန်း ဟာသကားလေးကိုမှ စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီဇာတ်ကားက ကွီးတို့အတွက်ပါပဲ။ မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ ကာတွန်းကားတစ်ကားပဲ ဖြစ်ပါတယ်။
Source: Netflix
(၆) Upgraded
ကုမ္ပဏီတစ်ခုမှာ အလုပ်သင်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ကောင်မလေးတစ်ယောက်သည် လန်ဒန်သို့ ကုမ္ပဏီ ခရီးထွက်ရန် တာဝန်ကျလာပါတယ်။ ထိုခရီးမှာ ခန့်ချောချော လူစိမ်း ကောင်လေးတစ်ယောက်နဲ့ တွေ့ပါတော့တယ်။ မမျှော်လင့်ထားတာတွေ အများကြီး ဖြစ်ပျက်ခဲ့ပါတော့တယ်။
Source: Prime Video
(၇) The Pirates : The Last Royal Treasure
ဒီကားကလည်း နာမည်ကြီး လူကြိုက်များတဲ့ ဟာသကားတစ်ကားပဲ ဖြစ်ပါတယ်။ ဂျိုဆွန်းခေတ်က ပင်လယ်ဓားပြတွေက ပင်လယ်ထဲမှာ ပျောက်ဆုံးသွား တော်ဝင်ပစ္စည်းတစ်မျိုးကို ရှာပုံတော် ဖွင့်နေတဲ့အကြောင်းကို ဟာသဆန်ဆန် ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။
Source: Netflix Asia
(၈) OMG 2
အိန္ဒိယဇာတ်ကား ကောင်းကောင်းလေးကို ကြည့်ချင်သူများအတွက် OMG 2 က မဖြစ်မနေ ကြည့်သင့်တဲ့ ဇာတ်ကားထဲမှာ ပါပါတယ်။ IMDb ၇.၆ တောင် ရထားတဲ့ ဇာတ်ကားမို့ အချိန်ပေး ကြည့်ရတာ တန်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဘဝသင်ခန်းစာလည်း ရစေမှာပါ။
Source: Viacom18 Studios
ကွီးတို့ရော အခုဖော်ပြသွားတဲ့ ဇာတ်ကားတွေထဲက ဘယ်ဇာတ်ကားကို ကြည့်ဖူးပြီးသွား ပါပြီလဲ။ ကွီးတို့ ဘူ နေတာတွေ ပျောက်သွားအောင် ကူညီပေးမယ့် ဇာတ်ကား လေးတွေမို့လို့ ကြည့်ဖြစ်အောင် ကြည့်လိုက်ပါဦး။
Source : Esquire
Featured Photo : Honeycombspeechtherapy