ဘဝကြီးက စိတ်ညစ်စရာကြီးပါလားဆိုပြီး ခံစားနေရတာက ကွီးတို့ တစ်ယောက်တည်း မဟုတ်ပါဘူး။ လူတိုင်းက သူ့အပူနဲ့ သူ ရှိကြပါတယ်။ ထိုအပူကို ရင်ဆိုင်ဖြေရှင်းပုံချင်းပဲ ကွာသွားတာပါ။ အချို့ကတော့ ဘူ နေတာတွေ လစ်ဖို့ ဟာသ ဇာတ်ကား တွေ ကြည့်ရင်း ဖြေဖျောက်လေ့ရှိပါတယ်။ အချို့ကတော့ ဘော်ဒါတွေနဲ့ ဟေးလား ဝါးလား လုပ်ပြီး ပျော်ပျော်ပါးပါး အချိန်ကုန်ဆုံးလေ့ ရှိပါတယ်။​ ကွီးတို့ရော ဘယ်လိုနည်းလမ်းနဲ့ စိတ်ညစ်စရာတွေကို ဖြေဖျောက်လေ့ရှိပါသလဲ။

တကယ်လို့ ကွီးတို့က ဘူ နေတာတွေ လစ်ဖို့ ဟာသ ဇာတ်ကားတွေ ကြည့်လေ့ရှိတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဇာတ်ကားများက ကွီးတို့အတွက်ပါပဲ။

(၁) Easy A

ဒီဇာတ်ကားလေးကတော့ ၂၀၁၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ Olive ဆိုတဲ့ ကောင်မလေးက သူ့ရဲ့ အခင်ဆုံး သူငယ်ချင်းကို သူ(မ)ရဲ့ အပျိုစင်ဘဝကို ကောလိပ် ကျောင်းသားတစ်ယောက်ကို ပေးပစ်လိုက်ပြီဆိုတာကို လိမ်ပြောလိုက်ပါတယ်။ ထိုစကားကို ကောင်မလေးတစ်ယောက်ကို ကြားသွားပါတော့တယ်။ ထိုသတင်းက တခဏချင်းမှာပဲ တောမီးလို တစ်ကျောင်းလုံး ပျံ့သွားပါတော့တယ်။ Olive တစ်ယောက် ဘာဆက်လုပ်မလဲ။

Source: TrailersPlaygroundHD

(၂) Four Weddings and a Funeral

ဒီဟာသာဇာတ်ကားလေးကတော့ ၁၉၉၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားဟောင်းတစ်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ပြည်သူ့အချစ်တော် မစ္စတာဘင်းန်လည်း ပါတယ်ဆိုတော့ တဝါးဝါး တဟားဟားနဲ့ ပွဲကျနေရမှာ မယုံမရှိပါနဲ့။

Source: MGM

(၃) Death at a Funeral

ဒီဇာတ်ကားလေးကတော့ ဈာပနပွဲကနေ ကမောက်ကမတွေဖြစ်ပြီး လျှို့ဝှက်ချက်တွေ အကုန် ပေါ်သွားတဲ့ ဇာတ်ကားပုံစံလေး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ လူမှုရေး အရှုပ်အထွေးတွေကနေ ဟာသဇာတ်လမ်းဖြစ်အောင် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။

Source: Sony Picture Entertainment

(၄) Flipped

Juli ဆိုတဲ့ ကောင်မလေးက ဒုတိတန်းမှာ တက်နေတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပြီး Bryce ဆိုတဲ့ ကောင်လေးရဲ့ မျက်ဝန်း ညိုညိုလေးတွေကို စိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ Bryce ကတော့ သူ့ဘာသာ ဘာသိဘာသာပဲ နေပါတယ်။ ဒီလိုနဲ့ ၈ တန်း ရောက်လာတဲ့အခါမှာတော့ Juli က Bryce ကို စိတ်မဝင်စားတော့ပါဘူး။ ထိုအချိန်ကျမှ Bryce တစ်ယောက် နေမထိ ထိုင်မသာ ဖြစ်လာရပါတော့တယ်။

Source: Rotten Tomatoes Classic Trailers

(၅) Orion and The Dark

ကာတွန်း ဟာသကားလေးကိုမှ စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီဇာတ်ကားက ကွီးတို့အတွက်ပါပဲ။ မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ ကာတွန်းကားတစ်ကားပဲ ဖြစ်ပါတယ်။

Source: Netflix

(၆) Upgraded

ကုမ္ပဏီတစ်ခုမှာ အလုပ်သင်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ကောင်မလေးတစ်ယောက်သည် လန်ဒန်သို့ ကုမ္ပဏီ ခရီးထွက်ရန် တာဝန်ကျလာပါတယ်။ ထိုခရီးမှာ ခန့်ချောချော လူစိမ်း ကောင်လေးတစ်ယောက်နဲ့ တွေ့ပါတော့တယ်။ မမျှော်လင့်ထားတာတွေ အများကြီး ဖြစ်ပျက်ခဲ့ပါတော့တယ်။

Source: Prime Video

(၇) The Pirates : The Last Royal Treasure

ဒီကားကလည်း နာမည်ကြီး လူကြိုက်များတဲ့ ဟာသကားတစ်ကားပဲ ဖြစ်ပါတယ်။ ဂျိုဆွန်းခေတ်က ပင်လယ်ဓားပြတွေက ပင်လယ်ထဲမှာ ပျောက်ဆုံးသွား တော်ဝင်ပစ္စည်းတစ်မျိုးကို ရှာပုံတော် ဖွင့်နေတဲ့အကြောင်းကို ဟာသဆန်ဆန် ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။

Source: Netflix Asia

(၈) OMG 2

အိန္ဒိယဇာတ်ကား ကောင်းကောင်းလေးကို ကြည့်ချင်သူများအတွက် OMG 2 က မဖြစ်မနေ ကြည့်သင့်တဲ့ ဇာတ်ကားထဲမှာ ပါပါတယ်။ IMDb ၇.၆ တောင် ရထားတဲ့ ဇာတ်ကားမို့ အချိန်ပေး ကြည့်ရတာ တန်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဘဝသင်ခန်းစာလည်း ရစေမှာပါ။

Source: Viacom18 Studios

ကွီးတို့ရော အခုဖော်ပြသွားတဲ့ ဇာတ်ကားတွေထဲက ဘယ်ဇာတ်ကားကို ကြည့်ဖူးပြီးသွား ပါပြီလဲ။ ကွီးတို့ ဘူ နေတာတွေ ပျောက်သွားအောင် ကူညီပေးမယ့် ဇာတ်ကား လေးတွေမို့လို့ ကြည့်ဖြစ်အောင် ကြည့်လိုက်ပါဦး။

Source : Esquire

Featured Photo : Honeycombspeechtherapy