ဒေးဗစ်မိုလီလို့ အမည်ရတဲ့ ဘောလုံးသမား ဟောင်းတစ်ဦး လီဗာပူးလ် လူငယ် အကယ်ဒမီမှာ ဘောလုံးပညာရပ်တွေ လေ့လာ ဆည်းပူးပြီး ရာဟင် စတာလင်လို နာမည်ကျော် ဘောလုံးသမားနဲ့လည်း ငယ်စဉ်က ဘော်ဒါတွေ ဖြစ်ခဲ့သူ အသက် (၂၄)နှစ်အရွယ်လေးမှာတောင်ပဲ ဘောလုံးသမားဘဝကို အဆုံးသတ်ခဲ့သူ ဒီလူက အခုဆိုရင် လက်ရာ ပြောင်မြောက်လှတဲ့ artist အဖြစ်ပါ ရပ်တည်နေနိုင်ပြီ ဖြစ်ပါတယ်။
Photo Credit : The Times
ဒီအာ ကွန်ဂိုနိုင်ငံသား အင်္ဂလန်နိုင်ငံ လူတန်မြို့မှာ ကြီးပြင်းခဲ့သူ မိုလီဟာ (၁၄)နှစ်သားအရွယ်မှာပဲ လီဗာပူးလ် လူငယ် အကယ်ဒမီဆီကို ရောက်ရှိခဲ့ပါတယ်။ မိုလီက အဲ့ဒီ အကယ်ဒမီမှာ စတာလင်နဲ့ပါ တစ်ခန်းတည်း အတူနေခဲ့ရပြီး ဘော်ဒါတွေ ဖြစ်ခဲ့ပါသေးတယ်။ လီဗာပူးလ် အကယ်ဒမီမှာ (၂)နှစ်အထိ ကျင်လည်ခဲ့ရတဲ့ တိုက်စစ် ကစားသမား မိုလီဟာ စီနီယာ ကစားမားဘဝကိုတော့ အပျော်တန်ူ ကလပ်တွေမှာသာ ဖြတ်သန်းနေရင်းနဲ့ နောက်ဆုံးတော့ ဒဏ်ရာတွေရဲ့ ဒုက္ခပေးမှုကြောင့် အရွယ်ကောင်းတုန်းမှာပဲ ဘောလုံးသမားဘဝကို အဆုံးသတ်ခဲ့လိုက်ရပါတယ်။
Photo Credit : The Athletic
ဘောလုံးသမားဘဝ အဆုံးသတ်လိုက်ရပေမယ့် နဂိုကတည်းက ပန်းချီပိုင်းမှာ ဝါသနာပါသူ ဖြစ်တာကြောင့် သူရဲ့ အသက်မွေးဝမ်းကြောင်းကို အပြောင်းအလဲ လုပ်ဆောင်လိုက်ပြီး ဘောလုံးသမား မိုလီကနေ ပန်းချီဆရာ မိုလီ ဖြစ်လာခဲ့ရပါတယ်။ မိုလီက ပန်းချီဆရာအဖြစ် ပြောင်းလဲ လုပ်ကိုင်ကြည့်တဲ့အခါ သူရဲ့ ပန်းချီလက်ရာတွေက အလွန် ပြောင်မြောက်လွန်းလှပြီး ကမာ္ဘကျော် ဘောလုံးသမားကြီး နှစ်ဦးဖြစ်တဲ့ ဒီယေဂိုမာရာဒိုနာ နဲ့ ပီလီတို့ရဲ့ ပုံတွေအပြင် တခြားသော ဘောလုံးသမား တွေဖြစ်သော ဂျက်ဂရီးလစ်ရှ် နဲ့ အန်တိုနီယိုရူဒီဂါတို့ရဲ့ ပုံတူတွေကို ရေးဆွဲထားနိုင်ခဲ့ပါတယ်။
Photo Credit : The Times
အခုတော့ အသက် (၂၈)နှစ်အရွယ်ထိ ရောက်ရှိလာပြီဖြစ်တဲ့ မိုလီဟာ သူ ပထမဆုံး ရွေးချယ်ခဲ့တဲ့ ဘောလုံး အသက်မွေးဝမ်းကြောင်း အလုပ်မှာ အောင်မြင်ခြင်း မရှိခဲ့ပဲ ဒုတိယမြောက် အလုပ်ဖြစ်တဲ့ ပန်းချီရေးဆွဲမှုမှာတော့ သူရဲ့ ပန်းချီကားတွေကို ပြခန်းနဲ့ ပြသထားရတဲ့အထိကို အောင်မြင်မှုတွေ တစ်စတစ်စ ရရှိလာခဲ့ရပြီး ဘောလုံးသမား တွေကြားမှာပါ သူတို့ သဘောကျရတဲ့ artist တစ်ယောက် ဖြစ်လာခဲ့ရပါတယ်။