Lionel Messi ၊ Cristiano Ronaldo ၊ Neymar ၊ Robert Lewandowski ၊ Kylian Mbappé အပြင် အခြား အခြားသော နာမည်ကြီး ဘောလုံးသမားများသည် လက်ရှိဘောလုံးလောကကို ဦးဆောင်နေကြတဲ့ ကစားသမားများပဲ ဖြစ်ပါတယ်။ ကစားသမားတစ်ယောက်ချင်းစီမှာလည်း အမာခံဖန်တွေ အများအပြား ရှိကြပါတယ်။ ထိုကဲ့သို့ နာမည်ကြီးနေတဲ့ ကစားသမားများနည်းတူ တစ်ချိန်ချိန်မှာ ဘောလုံး လောကထဲတွင် နာမည်ကြီး ကျော်ကြားကာ တောက်ပလာမယ့် လူငယ် ကြယ်ပွင့် လေးများလည်း ရှိပါသေးတယ်။

အရည်အချင်းရှိတဲ့ ကစားသမားတွေဖြစ်တာကြောင့် အနာဂတ်ရဲ့ ဘောလုံး လောကမှာ လင်းလက်တောက်ပလာမယ့် လူငယ် ကြယ်ပွင့် အားကစားသမားတွေပဲဖြစ်ပါတယ်။ ထိုလူငယ်ဘောလုံးသမားများကတော့ …

Jude Bellingham

ဘောလုံး ကြယ်ပွင့်

သူကတော့ လူငယ် ဘောလုံးသမားတွေထဲမှာ နံပါတ် (၁) နာမည်အကြီးဆုံးအဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့မှာ အင်္ဂလန်တွင် မွေးဖွားခဲ့တဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်။ သူသည် Borussia Dortmund အသင်းကို ဇူလိုင် ၂၀၂၀ ခုနှစ်က စတင်ဝင်ရောက်ကာ ကစားခဲ့တာ ဖြစ်ပါတယ်။ Dortmund အသင်းတွင် ကျောနံပါတ် ၂၂ အဖြစ် ကစားလျက်ရှိပြီး အင်္ဂလန် အမျိုးသားဘောလုံးအသင်းတွင်လည်း ကွင်းလယ်ကစားသမားအဖြစ် ကစားလျက်ရှိပါတယ်။

Florian Wirtz

ဘောလုံး ကြယ်ပွင့်

ဒုတိယနာမည်ကြီးတဲ့ ကစားသမားသည်လည်း ၂၀၀၃ ခုနှစ်ဖွားပဲ ဖြစ်ပါတယ်။ ဂျာမန်လူမျိုး ကစားသမားဖြစ်ပြီး လက်ရှိမှာတော့ Bayer 04 Leverkusen အသင်းတွင် ကွင်းလယ်ကစားသမားအဖြစ် ဆော့ကစားလျက်ရှိပြီး ဂျာမန် အမျိုးသားဘောလုံးအသင်းတွင်လည်း ဝင်ရောက်ကစားလျက်ရှိပါတယ်။

Gavi

ဘောလုံး ကြယ်ပွင့်

Gavi ကတော့ ၂၀၀၄ ခုနှစ်ဖွား လူငယ်ဘောလုံးသမားဖြစ်ပါတယ်။ စပိန်လူမျိုး ကစားသမားတစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့ FC Barcelona မှာ ကျောနံပါတ် ၃၀ ဖြင့် ဝင်ရောက်ကစားလျက်ရှိပါတယ်။ ပြိုင်ပွဲပေါင်းများစွာမှာလည်း ဝင်ရောက်ကစားလျက်ရှိတဲ့ အတွေ့အကြုံရှိသော လူငယ် ကစားသမားတစ်ယောက်ပါ။

Jamal Musiala

ဘောလုံး ကြယ်ပွင့်

အသက် ၁၉ နှစ်သာရှိသေးတဲ့ Jamal Musiala ကတော့ လက်ရှိအချိန်မှာ FC Bayern Munich အသင်းမှာ ဝင်ရောက်ကစားလျက်ရှိပြီး ဂျာမန်လူမျိုးဖြစ်တဲ့အားလျော်စွာ ဂျာမန် အမျိုးသားဘောလုံးအသင်းမှာလည်း ဝင်ရောက်ကစားလျက်ရှိပါတယ်။

Harvey Elliott

ဘောလုံး ကြယ်ပွင့်

သူ့ရဲ့နာမည်အပြည့်အစုံကတော့ Harvey Daniel James Elliott ပဲဖြစ်ပါတယ်။ သူသည် Premier League Club Liverpool တွင် တောင်ပံကစားသမားအဖြစ်လည်းကောင်း၊ ကွင်းလယ်ကစားသမားအဖြစ်လည်းကောင်း ကစားလျက်ရှိပါတယ်။ သူသည် ဘောလုံးလောကထဲသို့ စတင်ဝင်ရောက်ခဲ့တဲ့အချိန်ကတော့ အသက် ၁၅ နှစ်အရွယ်ကတည်းက ဖြစ်ပါတယ်။

Rayan Cherki

ဘောလုံး ကြယ်ပွင့်

ဘောလုံး လောကမှာ နောက်ထပ် တောက်ပလာမယ့် လူငယ် ကြွယ်ပွင့် ကတော့ ၂၀၀၃ ခုနှစ်ဖွား Rayan Cherki ပဲဖြစ်ပါတယ်။ သူကတော့ ပြင်သစ်လူမျိုးကစားသမား ဖြစ်ပါတယ်။ လက်ရှိမှာတော့ Olympique Lyonnais အသင်းမှာ ကစားလျက်ရှိပါတယ်။

Devyne Rensch

footballer

နောက်ထပ် အရည်အချင်းရှိတဲ့ လူငယ်ကစားသမားကတော့ Devyne Rensch ပဲဖြစ်ပါတယ်။ သူကတော့ ဒတ်ချ်လူမျိုး ဘောလုံးသမားပဲဖြစ်ပါတယ်။ သူကတော့ Ajax အသင်းတွင် ကစားလျက်ရှိသလို နယ်သာလန် အမျိုးသားအသင်းမှာလည်း ကစားလျက်ရှိပါတယ်။

Youssoufa Moukoko

footballer

လာမယ့်နိုဝင်ဘာလ ၂၀ ရက်နေ့မှာ အသက် ၁၈ ပြည့်မှာဖြစ်တဲ့ ဂျာမန်ကစားသမားလေးကတော့ လက်ရှိအချိန်မှာ ကျောနံပါတ် ၁၈ အဖြစ် Borussia Dortmund အသင်းတွင် ကစားလျက်ရှိပါတယ်။ သူသည်လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ဘောလုံးကစားရာတွင် တော်ကြောင်း နာမည်ကြီးတဲ့ လူငယ်ကစားသမားတစ်ယောက်ဖြစ်ပါတယ်။

Benjamin Sesko

footballer

သူကတော့ စလိုဗေးနီးယန်းလူမျိုး ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ FC Red Bull Salzburg အသင်းတွင် ကစားလျက်ရှိပြီး စလိုဗေးနီးယား အမျိုးသားအသင်းမှာလည်း ကစားလျက်ရှိပါတယ်။

Ricardo Pepi

footballer

ဘောလုံးကစားရာမှာ တော်တဲ့ လူငယ်ကစားသမားတွေထဲမှာ Ricardo Pepi လည်း တစ်ယောက် အပါအဝင်ပါပဲ။ သူသည် MLS Young Player Of The Year Award ကိုလည်း ရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ အမေရိကန်လူမျိုးကစားသမားတစ်ယောက်ဖြစ်ပြီး FC Augsburg အသင်းတွင် ကစားလျက်ရှိပါတယ်။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ ဘောလုံး ကြယ်ပွင့် များထဲက ဘယ်လူငယ်ကစားသမားကို အားပေးလျက်ရှိပါသလဲ။

Source: Goal

Featured Image: Goal