တစ်ယောက်နဲ့တစ်ယောက် Challenge ခေါ်ပြီး Workout ပြိုင်လုပ်ကြတာက ပျော်ဖို့ကောင်းပြီး ကျန်းမာရေးနဲ့လည်း ညီညွှတ်ပါတယ်။ ဘော်ဒါ တွေနဲ့အတူတူ သူ့ထက် ငါ အပြိုင်အဆိုင် Challenge ခေါ်ပြီး ဆော့လို့ရတဲ့ Workout တွေကလည်း အများကြီးပါပဲ။
ကိုယ့် ဘော်ဒါ ကို ၁၀ မိနစ်စာ Workout နဲ့ အပြိုင်အဆိုင် Challenge ခေါ်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကို ပြုလုပ်နိုင်ပါတယ်။
လေ့ကျင့်ခန်း (၁)
ပထမဦးဆုံး လေ့ကျင့်ခန်းကတော့ Push Ups လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ စုစုပေါင်း အကြိမ် ၂၀ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၂)
Source: Gfycat
ဒီလေ့ကျင့်ခန်းရဲ့ နာမည်ကတော့ Lateral Squats ဖြစ်ပါတယ်။ သူ့ကိုလည်းပဲ စောစောကလို အကြိမ် ၂၀ ပြုလုပ်ပေးလိုက်ပါ။
လေ့ကျင့်ခန်း (၃)
Source: Howcast
အရင်ဦးဆုံး ကြမ်းပြင်ပေါ်မှာ လှဲလျောင်းနေပါ။ ထို့နောက် ဒူးနှစ်ဖက်ကို ကွေးကာ အပေါ်ကို ဆွဲတင်ပြီးနောက် လက်နှစ်ဖက်ကိုလည်း ညိုသကြီးနဲ့ ထိကပ်လိုက်ပါ။ တစ်ဖန် ဒူးကို မကွေးဘဲ ဒူးကို ဆန့်တန်းကာ အပေါ်သို့ ဆွဲတင်ပါ။ လက်နှစ်ဖက်ကို ညိုသကြီးနဲ့ ထိကပ်လိုက်ပါ။ ထိုအဆင့်အထိကို ၁ ကြိမ် ပြီးသွားပြီဖြစ်ပါတယ်။ စုစုပေါင်း အကြိမ် ၂၀ ပြုလုပ်ပေးလိုက်ပါ။
လေ့ကျင့်ခန်း (၄)
Source: Pinterest
ကြမ်းပြင်ပေါ်မှာ လှဲလျောင်းနေလိုက်ပါ။ ထို့နောက် ခြေထောက်နှစ်ဖက်ကို အပေါ်သို့ အနည်းငယ် မြှောက်ကာ ဘယ် ညာ တစ်လှည့်စီ လွှဲခတ်ပေးရမှာ ဖြစ်ပါတယ်။ စုစုပေါင်း စက္ကန့် ၃၀ ပြုလုပ်ပေးလိုက်ပါ။
လေ့ကျင့်ခန်း (၅)
Source: Tenor
ညာဒူးကို အရှေ့သို့ ပို့ကာ ဘယ်ဒူးကို အနောက်သို့ ပို့ပြီး နိမ့်ချလိုက်ပါ။ ထို့နောက် ခုန်လိုက်ပါ။ ပြီးတာနဲ့ ဘယ်ဒူးကို အရှေ့ပို့ ညာဒူးကို အနောက်သို့ နိမ့်ချလိုက်ပါ။ ထိုအဆင့်အထိကို ၁ ကြိမ်လို့ သတ်မှတ်ပါ။ စုစုပေါင်း အကြိမ် ၂၀ ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း အားလုံး ပြီးသွားတဲ့အခါ ၁ မိနစ်ခန့် အနားယူပါ။ ပြီးတာနဲ့ လေ့ကျင့်ခန်း အစကနေ အဆုံးအထိ ၁ ကျော့ခန့် ထပ်မံပြုလုပ်ပေးရပါမယ်။
Source: Askmen
Featured Image: Freepik




