ကွီးတို့ရေ တစ်ပတ်တာ ကုန်ဆုံးပြီး Weekend ကို ရောက်ရှိလာပြန်ပါပြီနော်။ ဒီလို Weekend မှာ ဘော်ဒါတွေနဲ့ အတူတူ ပျော်ပျော်ပါးပါး ကုန်ဆုံးဖို့ စဉ်းစားနေပါသလား။ ဘာပဲဖြစ်ဖြစ် ပေါ့ပါးလွတ်လပ်တဲ့ အချိန်ကို ဘော်ဒါတွေနဲ့ ကုန်ဆုံးရတာ ပျော်စရာ အကောင်းဆုံးပါပဲ။ များသောအားဖြင့် အားလပ်ချိန်တွေ၊ Nightlife တွေမှာ ကျွန်တော်တို့ ဘော်ဒါတွေ အချင်းချင်းဆုံကြပြီဆို ဘားထိုင်ကြတယ်၊ သောက်ရင်းစားရင်း စကားပြောကြတယ် မဟုတ်ပါလား။ ဒါ့အပြင် ကွီးတို့ကို ဘော်ဒါ တွေနဲ့ Nightlife ကို ပိုပြီးပျော်ပျော်ပါးပါးနဲ့ ကုန်ဆုံးနိုင်တဲ့ နည်းလမ်းကောင်းလေးတွေလည်း ရှိပါသေးတယ်။ ဘယ်လို နည်းလမ်းလေးတွေလည်း ဆိုတာ ကြည့်လိုက်ရအောင်။
Game Night

Photo : Gmius
ဘော်ဒါ တွေကို Nightlife ကို ပျော်ပျော်ပါးပါး ဖန်တီးဖို့ဆိုရင် Game Night လေးဖန်တီး ကြည့်ပါ။ ကွီးတို့အနေနဲ့ သူငယ်ချင်းတစ်ယောက်ယောက်ရဲ့ အိမ်ကိုရွေးချယ်ပြီး စားသောက်စရာတွေ ပြင်ဆင်ပြီး ဂိမ်းဆော့ပါ။ Vedio ဂိမ်းတွေဆော့ကစားလို့ရသလို၊ အခြားသော စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဂိမ်းတွေလည်း ကစားလို့ရပါတယ်။ ဂိမ်းဆော့ရင်း ငြင်းကြ၊ ခုန်ကြပြီး ရယ်မောပျော်ရွှင်ရင်း ကွီးတို့ရဲ့ ခင်မင်မှုတွေ ပိုတိုးလာစေပါတယ်။
ဝိုင်ပါတီ

Photo : McClain Cellars
ဒီနည်းလမ်းလေးကတော့ မကြိုက်တဲ့ ကွီးတော်တော် ရှားမှာပါ။ ဟုတ်ပါတယ်။ ကွီးတို့အနေနဲ့ ဘော်ဒါတွေနဲ့အတူ Nightlife ကို ဖြတ်သန်းလို့ရတဲ့ နောက်ထပ်ကောင်းလေးကတော့ ဝိုင်ပါတီပါပဲ။ ဒီပါတီလေးလုပ်ဖို့ အများကြီး ပြင်ဆင်စရာမလိုပါဘူးနော်။ မတူညီတဲ့ ဝိုင်အမျိုးအစား (၄) မျိုးလောက်ကို ပြင်ဆင်ထားပါ။ ပြီးလျှင် ဘာဝိုင်အမျိုးအစားလဲ ဆိုတာ မှန်အောင်ခက်မှန်းနိုင်ရင် ဆုပေးတဲ့ ပုံစံမျိုး ပျော်ရွှင်ဖွယ် ဖန်တီးလို့ရပါတယ်။ ဝိုင်နဲ့ လိုက်ဖက်တွေ အစားအသောက်တွေကိုပါ ပြင်ဆင်ထားပါ။ ထို့နောက် ပေါ့ပေါ့ပါးပါတီ ဂိမ်းလေးတွေကို ထည့်သွင်းလို့ရပါတယ်။
Bartender လုပ်ပါ

Photo : Cocktail Bartender
Nightlife ကို အတူတူဖြတ်သန်းမဲ့ ဘော်ဒါတွေအတွက် Bartender လုပ်ပေးပါ။ ကိုယ့်အိမ်မှာ ရှိတဲ့ အဖျော်ယမကာတွေနဲ့ ကိုယ့်စိတ်ကြိုက်ဖျော်စပ်ပါ။ ကွီးတို စိတ်ကြိုက်ဖျော်စပ်ရင်း သောက်မဲ့သူတွေကိုလည်း စနောက်လို့ ရပါသေးတယ်။ ဒါမဲ့ ကော့လ်တေး ဖျော်စပ်နည်းတွေကိုတော့ ကွီးတို အနည်းအကျဉ်း သိထားဖိုတော့ လိုတယ်နော်။ ဒီနည်းလေးက ပျော်ရွှင်စရာ Nightlife ကို ဖန်တီးနိုင်ပါတယ်။
Football Night

Photo : DNH Network
ကွီးတို့အတွက် နောက်ထပ်ဖော်ပြပေးမဲ့ ဘော်ဒါ တွေနဲ့ Nightlife မှာပျော်ဖို့ နည်းလမ်းကောင်းလေးကတော့ ဘောလုံးပွဲ အတူတူကြည့်တာပဲ ဖြစ်ပါတယ်။ ကွီးတို့ အတူတူ အားပေးတဲ့ အသင်းကန်မဲ့ နေ့ဆိုရင် ဘော်ဒါတွေကို အိမ်တစ်အိမ်မှာ စုလိုက်ပါ။ ပြီးလျှင် အဖျော်ယမကာတွေ၊ အစားအသောက်တွေပါ ပြင်ဆင်ထားပါ။ ကွီးတို့အနေနဲ့ ကိုယ်အားပေးတဲ့ အသင်းကို တတ်ကြွကြွနဲ့ အားပေးလို့ရသလို ဘော်ဒါတွေနဲ့လည်း အားပေါင်အားရင်း သန်သန် အကြိတ်အနယ် ဆွေးနွေးလို့ရပါတယ်။ ဘော်ဒါတွေနဲ့ ဘောလုံးပွဲ အတူတူကြည့်ရင်း အောင်ပွဲခံရတဲ့ အခိုက်အတန့်က တကယ်ကို ပျော်ရွှင်စရာကောင်းပြီး ကွီးတို့ကို အတွက် အမှတ်တရ ဖြစ်စေမှာပါ။
ကဲ…..ကွီးတို့ရော ဘော်ဒါတွေနဲ့ ရှယ်ပျော်ဖို့ ဘယ်နည်းလမ်းလေးကို အရင်အသုံးချမလဲဆိုတာ ဖြေသွားပေးဦးနော်။
Featured Photo : Great Plains Communications
