ရန်ကုန် မြို့ရဲ့ Nightlife ကို ပီပီပြင်ပြင် ခံစား ချင်တယ်ဆိုရင် ဘယ်လိုနည်းလမ်းမျိုးတွေနဲ့ အချိန်ကုန်ဆုံးရမလဲဆိုတာ သိပြီးပါပြီလား။

ဒီနည်းလမ်းတွေကတော့ ကွီးတို့ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို ပျော်ပျော်ပါးပါး ခံစားနိုင်အောင် ကူညီပေးမှာပဲ ဖြစ်ပါတယ်။

ဘားသွားထိုင်ပါ

ရန်ကုန် Nightlife ခံစား

တစ်ရက်တာလုံး၊ ဒါမှမဟုတ် တစ်ပတ်တာလုံး ပင်ပန်းသမျှတွေကို လွှတ်ချဖို့ အကောင်းဆုံးအချိန်ကတော့ သောကြာနေ့ ညနေခင်းပဲဖြစ်ပါတယ်။ သောကြာနေ့ ညနေခင်းနဲ့ စနေနေ့ ညနေခင်း အချိန်တွေမှာ ထိုင်လို့ကောင်းတဲ့ ဘားတွေဆီသို့ သွားကာ ဘော်ဒါတွေနဲ့အတူတူ တပျော်တပါး ဘားထိုင်လိုက်ပါ။ အေးဆေးအချိန်ယူကာ စိတ်ကျေနပ် အားရတဲ့အထိ ထိုင်ပြီး ကိုယ့်အိမ်တွေဆီ ခြေဦးပြန်လှည့်ရပါမယ်။ ခဏလေးပဲ ရောက်တယ် ပြန်တော့မယ်ဆိုတဲ့ ဘော်ဒါတွေကိုတော့ မခေါ်ပါနဲ့။ သူတို့ကြောင့် အရှိန်တက်နေတဲ့ ခံစားချက်တွေ ပျောက်သွားပါလိမ့်မယ်။

အလန်းစား စားသောက်ဆိုင်တွေဆီ သွားကာ ညစာသွားစားရင်း စကားစမြည်ပြောပါ

ရန်ကုန် Nightlife ခံစား

ဘား မထိုင်ချင်တဲ့ ရက်တွေမှာတော့ အလန်းစား စားသောက်ဆိုင်တွေဆီ သွားကာ ညစာသွားစားရင် ရှေးဟောင်းနှောင်းဖြစ်များကို ပြောနိုင်ပါတယ်။ ကွီးတို့အနေနဲ့ အမှတ်တရ နေ့တွေမှာဆိုရင် ကွီးတို့ ကောင်မလေးနဲ့အတူတူ စားသောက်ဆိုင်ဆီသွားကာ ရိုမန့်ဆစ်ဆန်တဲ့ အချိန်များကို အတူတူ ကုန်ဆုံးနိုင်ပါတယ်။

Night Out ထွက်ပါ

ရန်ကုန် Nightlife ခံစား

Photo: Bestpricetravel

ဒီနည်းလမ်းကတော့ ရန်ကုန် မြို့ရဲ့ Nightlife ကို ဘက်ဂျက်နည်းနည်းနဲ့ ပီပီပြင်ပြင် ခံစား နိုင်အောင် ကူညီပေးမှာပဲဖြစ်ပါတယ်။ ညဈေးလို နေရာမျိုးမှာ၊ မုန့်ဈေးတန်းတွေ ပေါတဲ့နေရာတွေသို့ သွားရောက်ကာ မုန့်ပတ်စားရင်း အချိန်ကုန်ဆုံးနိုင်ပါတယ်။ Street Food တွေဆိုတော့ ဆိုင်ကြီးတွေလိုမျိုး ပိုက်ဆံ အများကြီး ကုန်မှာမဟုတ်ဘဲ အကုန်အကျနည်းနည်းနဲ့ ဈေးသက်သာမှာပဲဖြစ်ပါတယ်။

တေးဂီတပွဲတော်တွေ သွားတက်ပြီး ဒွန့်ပစ်လိုက်ပါ

music festival

နှစ်သစ်ကူးတွေလို ညတွေ၊ အထိမ်းအမှတ် ပွဲတော်တွေရှိတဲ့ရက်တွေမှာ တေးဂီတပွဲတော်များလည်း ရှိပါတယ်။ ထိုတေးဂီတပွဲတော်တွေမှာ ပျော်ပျော်ပါးပါး သွားဒွန့်ပစ်လိုက်ပါ။ ရန်ကုန်မြို့ရဲ့ ညအလှဆိုတာ ဒါမျိုးပါလားဆိုတဲ့ အရသာကို သိသွားပါလိမ့်မယ်။

သူငယ်ချင်း မိတ်ဆွေများနှင့်အတူတူ ပါတီတက်ပါ

party

သူငယ်ချင်းတစ်ယောက်ယောက်နဲ့ မွေးနေ့ပါတီပွဲ ရှိတာမျိုးပဲဖြစ်ဖြစ်၊ သူငယ်ချင်းစုံတွဲတစ်တွဲရဲ့ Wedding Party ရှိတဲ့အခါမျိုးတွေမှာ မအားလို့ဆိုပြီး ပါတီပွဲ မတက်တာမျိုး မလုပ်လိုက်ပါနဲ့။ ပါတီပွဲ သွားတက်တာ လူအများနှင့် Socialize လုပ်ပါ။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ လူငယ်ဘဝက ပိုမိုပျော်ရွှင်ဖွယ် ကောင်းလာမှာဖြစ်ပြီး ရန်ကုန် မြို့ရဲ့ Nightlife ကိုလည်း ပျော်ပျော်ပါးပါး ခံစား နိုင်မှာဖြစ်ပါတယ်

Source: Nightlifeideas

Featured Image: Freepik