ဝိတ်တင်ဖို့ထက် ဝိတ်ကျဖို့က ပိုလွယ်တယ်လို့ လူတော်တော်များများ လက်ခံထားပါတယ်။ ပိုလျှံနေတဲ့ ကိုယ်အလေးချိန်ကို ကျစေဖို့ မှော်ဆေးမရှိပေမယ့် အချိန်အနည်းငယ် ရက်ပိုင်းအတွင်းမှာ ပိန်ချင်တယ်ဆိုရင်တော့ ပြုပြင်ထားတဲ့ အစားအစာတွေ ၊ အရက် ၊ အစေ့အဆန်နဲ့ ကာဗိုဟိုက်ဒရိတ်တွေကို ရှောင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတချို့နဲ့ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေကို စားပေးဖို့လိုပါတယ်။ အခုပြောပြမယ့် အိမ်တွင်းကုထုံးနည်းလမ်းတွေကတော့ ခန္ဓာကိုယ်က အဆီတွေ အားလုံးကို လောင်ကျွမ်းစေနိုင်မှာ မဟုတ်ပေမယ့်လည်း ကိုယ်အလေးချိန်လျှော့ချတဲ့ ခရီးစဉ်ကို ပိုမိုမြန်ဆန်စေဖို့ ကူညီပေးနိုင်ပါတယ်။ ကဲဒါဆို အချိန် ၂ ပတ် အတွင်းမှာ နတ်ရေကန်ထဲ ခုန်ဆင်းလိုက်သလို ဘော်ဒီ လုံးဝပြောင်းသွားဖို့ အိမ်တွင်းကုထုံးတွေကို လေ့လာကြည့်ရအောင်ပါ။

(၁) ပန်းသီးရှာလကာရည်

ဘော်ဒီ

Photo : StyleCraze

White Vinegar နည်းတူ ပန်းသီးရှာလကာရည်မှာ Acetic အက်ဆစ်ဓာတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။ ၎င်းက ရောင်ရမ်းမှုနဲ့ အဝလွန်ခြင်းကို ဆန့်ကျင်ပေးပြီး ကိုယ်အလေးချိန်ကျစေဖို့ ကူညီပေးပါတယ်။

လိုအပ်တဲ့ပစ္စည်းများ

ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
ရေခပ်နွေးနွေး ၁ ဖန်ခွက်
ပျားရည် (မထည့်လဲရ)

ပြုလုပ်နည်းအဆင့်ဆင့်

ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်းကို ရေခပ်နွေးနွေးတစ်ဖန်ခွက်ထဲထည့်ဖျော်ပေးပါ။ အရသာပိုကောင်းအောင် ပျားရည်အနည်းငယ် ရောထည့်သောက်နိုင်ပါတယ်။ တစ်ရက်ကို ၂ ကြိမ်ခန့် သောက်ပေးပါ။

(၂) Green Tea

ဘော်ဒီ

Photo : StyleCraze

Green Tea ပုံမှန်သောက်ပေးခြင်းဟာ ကိုယ်အလေးချိန် ကျစေရုံမက ကျန်းမာတဲ့ ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးနိုင်ပါတယ်။ Green Tea ဟာ Catechins နဲ့ Caffeine အရင်းအမြစ်ဖြစ်ပြီး ၎င်းဓာတ်နှစ်ခုလုံးက ကိုယ်အလေးချိန် လျှော့ချရာမှာ အဓိက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။

လိုအပ်တဲ့ပစ္စည်းများ

Green Tea စားပွဲတင်ဇွန်း ၁ ဇွန်း သို့မဟုတ် ၁ ထုပ်
ရေနွေးအဖြူ ၁ ဖန်ခွက်

ပြုလုပ်နည်းအဆင့်ဆင့်

ရေနွေးအဖြူ ၁ ဖန်ခွက်ထဲမှာ Green Tea စားပွဲတင်ဇွန်း ၁ ဇွန်း သို့မဟုတ် ၁ ထုပ်ထည့်ပြီး ၅ မိနစ်မှ ၇ မိနစ်ခန့် နှပ်ထားပေးပါ။ ပြီးတာနဲ့ ခပ်ပူပူအနေအထားမှာ ချက်ချင်းသောက်ပေးပါ။ တစ်ရက်ကို ၂ ကြိမ်ကနေ ၃ ကြိမ်ခန့် သောက်ပေးနိုင်ပါတယ်။

(၃) ပျားရည်နဲ့ သံပုရာ

ဘော်ဒီ

Photo : StyleCraze

ပျားရည်နဲ့ သံပုရာအရောအစပ်ဟာ ကိုယ်အလေးချိန်လျှော့ချချင်သူတွေအတွက် အလွန်ရေပန်းစားတဲ့ သဘာဝဆေးတစ်လက်ဖြစ်ပါတယ်။

လိုအပ်တဲ့ပစ္စည်းများ

သံပုရာသီး ၁ ခြမ်း
ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
ရေနွေး ၁ ဖန်ခွက်

ပြုလုပ်နည်းအဆင့်ဆင့်

သံပုရာသီး ၁ ခြမ်းကို ရေနွေး ၁ ဖန်ခွက်ထဲကို ညှစ်ထည့်ပါ။ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း ခန့်ကိုရောထည့် မွှေပြီး ပူပူနွေးနွေး ပျားသံပုရာဖျော်ရည်ကို ချက်ချင်းသောက်ပေးပါ။ တစ်ရက်ကို ၂ ကြိမ်ခန့် သောက်ပေးနိုင်ပါတယ်။

(၄) သစ်ကြံပိုးခေါက်

ဘော်ဒီ

Photo : StyleCraze

သစ်ကြံပိုးခေါက်ကို အဝလွန်ခြင်းနဲ့ ကိုယ်အလေးချိန်လျှော့ချဖို့အတွက် ရှေးနှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြပါတယ်။ သစ်ကြံပိုးခေါက်ဟာ နှလုံးရောဂါနဲ့ ဆီးချိုရောဂါတို့ကို ကုသရာမှာလည်း ကူညီပေးပြီး ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကို ကောင်းမွန်စေဖို့ ကူညီပေးပါတယ်။

လိုအပ်တဲ့ပစ္စည်းများ

သစ်ကြံပိုးခေါက်မှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း ခန့်
သံပုရာသီး ၁ ခြမ်း
ပျားရည်အနည်းငယ်
ရေနွေး ၁ ဖန်ခွက်

ပြုလုပ်နည်းအဆင့်ဆင့်

သစ်ကြံပိုးခေါက်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ကနေ ၂ ဇွန်းခန့်ကို ရေနွေး ၁ ဖန်ခွက်ထဲ ထည့်ဖျော်ပါ။ ထို့နောက် သံပုရာသီး ၁ ခြမ်းခန့်ကို ရောထည့်လိုက်ပါ။ နောက်ဆုံးမှာ ပျားရည်အနည်းငယ်ထပ်ထည့်ပြီး ကောင်းစွာမွှေကာ သောက်ပေးပါ။ တစ်ရက်ကို ၁ ကြိမ်ခန့် ဗိုက်ထဲအစာမရှိတဲ့အချိန် သောက်ပေးနိုင်ပါတယ်။

အခုပြောပြခဲ့တဲ့ သောက်စရာ Drinks တွေကို ပုံမှန်သောက်ပေးမယ်ဆိုရင် အချိန် ၂ ပတ်အတွင်းမှာ သိသိသာသာ ကိုယ်အလေးချိန်ကျလာမှာ ဖြစ်ပြီး အလန်းစား ဘော်ဒီကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။ ကွီးတို့အနေနဲ့ အစားအသောက်ထိန်းတာ ၊ အိပ်ချိန်ပြည့်ပြည့်ဝဝ အိပ်စက်အနားယူတာအပြင် တစ်ရက်ကို နာရီဝက်လောက် အနည်းဆုံး အချိန်ပေးပြီး ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း တစ်ခုခု လုပ်ပေးဖို့လည်း လိုပါတယ်။ ဝိတ်ချတာဟာ အဓိကအားဖြင့် စိတ်ပိုင်းဖြတ်မှုနဲ့ စိတ်အားထက်သန်မှုတို့အပေါ်မှာ မူတည်တာကြောင့် စိတ်ခိုင်ခိုင်မာမာနဲ့ တစိုက်မတ်မတ် လုပ်သွားမယ်ဆိုရင် ကျန်းမာပြီး အဆီကင်းတဲ့ ဘော်ဒီ ကို ပိုင်ဆိုင်နိုင်မှာ အသေအချာပါပဲ။ ကဲဒါဆို ၂၀၂၃ ခုနှစ်မှာ ကွီးတို့ရဲ့ ဘော်ဒီကို လုံးဝပြောင်းလဲပစ်ဖို့ Ready ပဲလားဗျ။

Featured Photo : Unsplash