ခင်မင်ရတဲ့ မိတ်ဆွေအပေါင်းအသင်းတွေ ၊ လေးစားရတဲ့ ဆရာသမားတွေကို ဝီစကီ လက်ဆောင်ပေးဖို့ တွေးနေပြီလား။ ဒါဆိုရင်တော့ လက်ဆောင်ပေးဖို့အတွက် ရွေးချယ်သင့်တဲ့ အကောင်းဆုံး ဘော်ဘွန်း ဝီစကီ အမျိုးအစားတွေကို ညွှန်းပေးချင်ပါတယ်။

Maker’s Mark Wood Finishing Series 2019 Limited Release: Stave Profile RC6

Photo : The Manual

Maker’s Mark ကနေ အကန့်အသတ်နဲ့ ထုတ်ခဲ့တဲ့ နောက်ဆုံးထွက် အကောင်းစား ဘော်ဘွန်း ဝီစကီ ဖြစ်ပါတယ်။ ဝီစကီစည် စုစုပေါင်း ၂၅၅ စည်သာ ထုတ်လုပ်ခဲ့ပါတယ်။ လတ်ဆတ်တဲ့အသီးအနှံတွေနဲ့ ဟင်းခတ်အမွှေးအကြိုင်တို့ရဲ့ ဟန်ချက်ညီတဲ့ အနံ့အရသာတို့ ပေါင်းစပ်ပါဝင်တဲ့ စွဲမက်ဖွယ် ဘော်ဘွန်း ဝီစကီတစ်မျိုး ဖြစ်ပါတယ်။

Widow Jane The Vaults 14 year

Photo : The Manual

Widow Jane ရဲ့ သက်တမ်းအရင့်ဆုံးနဲ့ အရှားပါးဆုံး ဘော်ဘွန်း ဝီစကီ ဖြစ်ပါတယ်။ ၁၄ နှစ်နဲ့အထက် သက်တမ်းရှိတဲ့ Tennessee နဲ့ Indiana ဘော်ဘွန် စည်ပေါင်း ၂၀ ကို သေချာရွေးချယ် ပေါင်းစပ်ထုတ်လုပ် ထားတာပါ။ ဆေးရွက်ကြီး ၊ ဗနီလာ ၊ သကြားညိုနဲ့ ရှိန်းအေးမွှေး Menthol ရနံ့ တို့ပါဝင်တဲ့ အကောင်းစား ဝီစကီတစ်မျိုး ဖြစ်ပါတယ်။

Bourbon Batch 2019-04 ‘Beaten Biscuits’

Photo : The Manual

Booker’s ရဲ့ ၂၀၁၉ ခုနှစ်က ထွက်ခဲ့တဲ့ စိတ်ဝင်စားစရာ ဝီစကီတစ်မျိုး ဖြစ်ပါတယ်။ ဝက်သစ်ချစည်ထဲမှာ ၆ နှစ် ၊ ၆ လနဲ့ ၁၉ ရက်ကြာ သိုလှောင်ထားပြီး မီးသင်းသကြားရဲ့ ချိုမြတဲ့ အရသာနဲ့ ဟင်းခတ်အမွှေးအကြိုင် ရနံ့တို့ ပေါင်းစပ်ပါဝင်တဲ့ ဘော်ဘွန်းဝီစကီ ဖြစ်ပါတယ်။

Jefferson’s Ocean Aged At Sea Cask Strength

Photo : The Manual

OCEARCH သင်္ဘောကြီးနဲ့ အီကွေတာကို အကြိမ်ပေါင်းများစွာ ဖြတ်ကျော်ခဲ့တဲ့ နာမည်ကြီး သက်တမ်းရင့် Jefferson’s Ocean ဝီစကီ အကြောင်း ကြားဖူးကြမယ် ထင်ပါတယ်။ ဝက်သစ်ချစည်ထဲမှာ သက်တမ်းရင့် သိုလှောင်ထားပြီး ဟန်ချက်ညီတဲ့ အနံ့အရသာနဲ့ အယ်လ်ကိုဟော ၅၆ ရာခိုင်းနှုန်းပါဝင်တဲ့ ဘော်ဘွန်း ဝီစကီဖြစ်ပါတယ်။

Featured Photo : Robb Report