အမေရိကန်ရဲ့ အကြီးမြတ်ဆုံး လက်ဆောင် ၃ မျိုးလို့ ဆိုရင် ဂျက်ဇ်ဂီတ ၊ ဘေ့စ်ဘော နဲ့ ဘော်ဘွန်းလို့ ပြောစမှတ် ရှိကြပါတယ်။ ဝီစကီ Whiskey လောကဟာ သူ့အထာနဲ့ သူ့စတိုင်နဲ့ သူ ရှိပြီးသားပါ။ ပေါင်းခံချက်လုပ်တဲ့နည်းတွေ ၊ ဒေသအလိုက် ကွဲပြားတဲ့ အစဉ်အလာ နဲ့ ဆန်းသစ်မှုတွေပေါ် လိုက်ပြီး ဝီစကီ Whiskey ကို နာမည်အမျိုးမျိုးနဲ့ ခေါ်လေ့ ရှိပါတယ်။ ဘော်ဘွန်းဆိုတာကတော့ အရက်ချက်ဖို့ အစေ့အဆန်တွေ အညှောင့်ဖောက်ရာမှာ ပြောင်းဖူးအနည်းဆုံး ၅၁% ပါပြီး အရက်ကို အမေရိကန်ဝက်သစ်ချစည်နဲ့ သိုလှောင်တာကို ခေါ်တာ ဖြစ်ပါတယ်။
၁၉ ရာစုနှစ်က ကင်တက်ကီပြည်နယ်ကနေ စတင် ထွက်ရှိလာတဲ့ ဒီဝီစကီဟာ ဒီနေ့မှာ တစ်ကမ္ဘာလုံးကို တင်ပို့ရောင်းချလောက်တဲ့အထိ အောင်မြင်နေပြီ ဖြစ်ပါတယ်။ ဘော်ဘွန်း ဝီစကီ Whiskey ကောင်းကောင်းကိုလည်း ဒေါ်လာ ၅၀ အောက်ကနေ စတင် ဝယ်ယူနိုင်ပြီ ဖြစ်သလို တချို့ အမျိုးအစားတွေကိုတော့ ဒေါ်လာထောင်ဂဏန်း သောင်းဂဏန်းအထိ ပေးရပါတယ်။

(၅) Eagle Rare Double Eagle Very Rare 21 Year Old

Eagle-Rare-Double-Eagle-Very-Rare-21-Year-Old

Photo : lemonsforlulu

ရှားရှားရှားပါးပါး ဒါမျိုး ဘော်ဘွန်းပုလင်း ရာဂဏန်းအနည်းငယ်ပဲ ထုတ်ခဲ့ဖူးတာကြောင့် Eagle Rare Double Eagle Very Rare 21 Year Old ဘော်ဘွန်းကို ဒေါ်လာ သောင်းနဲ့ချီ ပေးဝယ်ကြတာ ဖြစ်ပါတယ်။ Eagle Rare Double Eagle Very Rare 21 Year Old ပုလင်းတစ်လုံးစီမှာ အရည်အသွေးစစ်မှန်ကြောင်း စာတစ်စောင်စီ နဲ့ အလွန်ရှားပါးပြီး အရည်အသွေးကောင်းတဲ့ သလင်းကျောက်ပုလင်းနဲ့ လာပါတယ်။ ဒီ Eagle Rare Double Eagle Very Rare 21 Year Old ကို ၁၇၀၂၆ ဒေါ်လာ ( မြန်မာငွေ သိန်း ၃၅၀ ခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။

(၄) Willett Family Estate Bottled Single-Barrel 21 Year Old

Willett-Family-Estate-Bottled-Single-Barrel-21-Year-Old

Photo : lemonsforlulu

Willett Family Estate ရဲ့ ဈေးအကြီးဆုံး ဘော်ဘွန်း ဝီစကီ Whiskey ထုတ်လုပ်မှု ရလဒ်ပါ။ Willett Family Estate Bottled Single-Barrel 21 Year Old ဟာ Limited-Edition ဖြစ်ပြီး ပုလင်းတိုင်းကို သေသေချာချာချာ ရွေးချယ်ဖန်တီးထားတာ ဖြစ်ပါတယ်။ Willett Family Estate Bottled Single-Barrel 21 Year Old ဟာ အရည်အသွေး ၊ အရသာ နဲ့ ရနံ့ဖန်တီးမှုမှာ လျှို့ဝှက်ချက်လေးတွေ ထည့်ပေးထားတဲ့ ဘော်ဘွန်း ဝီစကီ Whiskey ဖြစ်ပြီး ၁၉၄၉၉ ဒေါ်လာ ( မြန်မာငွေ သိန်း ၄၀၀ ခန့် ဈေး ) နဲ့ ရောင်းချခဲ့ပါတယ်။

(၃) The Last Drop Buffalo Trace Kentucky Straight Bourbon

The-Last-Drop-Buffalo-Trace-Kentucky-Straight-Bourbon

Photo : lemonsforlulu

ဝီစကီ Whiskey စုဆောင်းသူတွေ မက်မက်စက်စက် စုဆောင်ခဲ့ကြတဲ့ ဘော်ဘွန်းအမျိုးအစားတွေထဲမှာ The Last Drop Buffalo Trace Kentucky Straight Bourbon လည်း ပါဝင်ပါတယ်။ ၁၉၈၀ ခုနှစ်က ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး ဒီ ဝီစကီ Whiskey တွေကို ချက်လုပ်တဲ့ Buffalo Trace Distillery မှာ ကျန်နေခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှ ပြန်တွေ့ခဲ့တာ ဖြစ်ပါတယ်။ အရသာက ပူဒီနံနံ့ ၊ ဝက်သစ်ချ နဲ့ သစ်သီးနံ့လေးတွေ စွက်နေတာကြောင့် ဒီဝီစကီကို Taste လုပ်ခွင့်ရတဲ့သူဟာ အတော်ကြီး ကံကောင်းသူလို့ ဆိုရမှာ ဖြစ်ပါတယ်။ The Last Drop Buffalo Trace Kentucky Straight Bourbon ဟာ ဒေါ်လာ ၂၀၉၆၁ ( မြန်မာငွေ သိန်း ၄၂၀ ခန့်) ဈေး နဲ့ ရောင်းချသွားမှာပါ။

(၂) Colonel EH Taylor Old Fashioned Sour Mash

Colonel-EH-Taylor-Old-Fashioned-Sour-Mash

Photo : lemonsforlulu

Old-Fashioned စတိုင် Souring Methods ကို ဖန်တီးခဲ့တဲ့ EH Taylor ရဲ့ အမွေအနှစ်အဖြစ် ထွက်ရှိလာတဲ့ ဘော်ဘွန်းပါ။ အရသာကြောင့် ဆုရခဲ့တဲ့ Colonel EH Taylor Old Fashioned Sour Mash ဟာ ဈေးအားဖြင့်လည်း ရှယ်မြင့်ပါတယ်။ ၂၅၉၆၂ ဒေါ်လာ ( မြန်မာငွေ သိန်း ၅၀၀ ကျော်) တန် Colonel EH Taylor Old Fashioned Sour Mash ဘော်ဘွန်းဟာ ဈေးနဲ့ တန်အောင် ချိုမြပြီး သစ်သားနံ့ အရသာထွက်တယ်လို့ ဆိုပါတယ်။

(၁) Old Rip Van Winkle (25 Year Old)

Old-Rip-Van-Winkle-25-Year-Old

Photo : lemonsforlulu

ကမ္ဘာပေါ်မှာ Old Rip Van Winkle (25 Year Old) ကို ဈေးအကြီးဆုံး ဘော်ဘွန်းအဖြစ် သတ်မှတ်ထားပါတယ်။ ၂၀၁၇ မှာ Limited Supply အဖြစ် ဖြန့်ချိခဲ့ပြီး ဖြည်းဖြည်းချင်း ဈေးတက်လာခဲ့တာပါ။ ဒီဘော်ဘီကို လှပတဲ့ သစ်သားသေတ္တာနဲ့ လာပြီး အဲ့ဒီသစ်သားကိုလည်း သဘာဝကျအောင် ဝီစကီ Whiskey ထည့်တဲ့ စည်အသားကို ယူသုံးထားပါတယ်။ အနုပညာတစ်ခုလိုပါ လှပနေတဲ့ Old Rip Van Winkle (25 Year Old) ဟာ အလွန်တရာ ရှားပါးလှတဲ့ ဘော်ဘွန်းရဲ့ အနံ့ အရသာတွေကြောင့် ဈေးမြောက်တာ ဖြစ်ပါတယ်။ Old Rip Van Winkle (25 Year Old) ဘော်ဘွန်း ကို ဒေါ်လာ ၅၃၁၆၆ ( မြန်မာငွေ သိန်း ၁၀၀၀ ကျော်) ဈေး သတ်မှတ်ထားပါတယ်။

Featured Photo : nypost