အမေရိကန် ဘော်ဘွန်း ဝီစကီကို လွန်ခဲ့တဲ့နှစ် ၂၀၀ ကအတိုင်း ခေတ်ဟောင်းအရသာနဲ့ Old Fashioned စတိုင် လုပ်သောက်တဲ့နည်းလေး မျှဝေပေးချင်ပါတယ်။

၁၈၀၆ ခုနှစ်က စတင်ခဲ့တဲ့ ဒီကော့တ်တေးလ်မှာ ပုံမှန်အားဖြင့် Spirit ၊ သကြား ၊ ရေနဲ့ ကော့တ်တေးလ်စပ်တဲ့ Bitters တို့ ပါပြီး ရိုးရိုးလေးနဲ့ လူကြိုက်များလှပါတယ်။ Old Fashioned ဝီစကီဟာ သမိုင်းတွင်တဲ့ ဝီစကီဖြစ်ပြီး Bourbon ဝီစကီကောင်းကောင်းနဲ့ ရှေးတုန်းက အထက် တန်းလွှာတွေ အသောက်များကြပါတယ်။ ၁၉ ရာစုအစောပိုင်းက လူသောက်များခဲ့တဲ့ ဒီ Bourbon Old Fashioned လုပ်နည်းက လွယ်ပါတယ်။

Bourbon Whiskey

Photo : simplyrecipes

သကြား လက်ဖက်စားဇွန်း ၁/၂ ဇွန်း ၊ Angostura Bitters ၃ ဇွန်း ၊ ရေလက်ဖက်စားဇွန်း ၁ ဇွန်း ၊ Bourbon ၂ အောင်စ ၊ လိမ္မော်ခွံတို့ လိုပါတယ်။ လုပ်နည်းကတော့ Rocks Glass ထဲမှာ သကြား နဲ့ Bitters ကိုထည့်ပြီး ရေရောပါ။ ပြီးရင် သကြားပျော်သွားတဲ့အထိ မွှေပေးပါ။ ခွက်ထဲကို ရေခဲတုံးအကြီးစားတွေ ဖြည့်ပြီး အပေါ်က Bourbon ဝီစကီ လောင်းထည့်ပါ။

ပြီးတာနဲ့ ဖြည်းဖြည်းချင်း သမအောင် မွှေပြီးရင် ဖန်ခွက်ပေါ်မှာ လိမ္မော်ခွံရဲ့ အရည်နည်းနည်းညှစ်ပြီး ဖန်ခွက်ထဲ အခွံထည့်လိုက်ရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် Bourbon Old Fashioned ဝီစကီတစ်ခွက် ရပြီ ဖြစ်ပါတယ်။

Featured Photo : simplyrecipes