ဝက်စ်ဟမ်းအသင်းကတော့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ နောက်ခံလူ အသင်းခေါင်းဆောင်ဟောင်း ဟယ်ရီ မက်ဂွိုင်းယား နဲ့ ကွင်းလယ်လူ စကော့ မက် တွမ်မီနေး တို့ နှစ်ဦးလုံးအတွက် စုစုပေါင်း ပေါင် သန်း (၆၀)နဲ့ ကမ်းလှမ်းမှုတစ်ရပ် ပြုလုပ်ထားခဲ့ပါတယ်။
Photo Credit : Sky Sports
အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ကွင်းလယ်လူ ဒက်ကလန် ရိုက်စ်ကို အာဆင်နယ်အသင်းဆီ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေးတစ်ရပ်ဖြစ်တဲ့ ပေါင် (၁၀၅)သန်းနဲ့ ရောင်းချခဲ့ပြီးမှာ ရောင်းထုတ်ရငွေနဲ့ ကစားသမားသစ်တွေ ပြန်ခေါ်ယူဖို့ စီစဉ်နေပေမယ့် အဓိက ရိုက်စ်နေရာမှာ အစားထိုးဖို့အတွက် ဝက်စ်ဟမ်းရဲ့ ကြိုးပမ်းမှုတိုင်းက ကလပ်အသင်းတွေရဲ့ asking price တွေနဲ့ ကွာဟနေတာကြောင့် ကမ်းလှမ်းတိုင်းလိုလို ပယ်ချခံခဲ့ရပါတယ်။
Photo Credit : The Times
အခုလည်း မက်ဂွိုင်းယား နဲ့ တွမ်မီနေး အတွက် တစ်ဦးကို ပေါင် သန်း(၃၀)နဲ့ ကမ်းလှမ်းထားရာ မက်ဂွိုင်းယားအတွက်ကိုတော့ ယူနိုက်တက်ဘက်က yes or no? အဖြေမပေးသေးပဲ တွမ်မီနေးအတွက်ကို ပယ်ချလိုက်ပါတယ်။ ဝက်စ်ဟမ်းအနေနဲ့ မက်ဂွိုင်းယားကို ပေါင် သန်း(၃၀)နဲ့ ခေါ်ယူနိုင်ဖို့ အလားအလာ ကောင်းနိုင်ပေမယ့်လည်း တွမ်မီနေးအတွက်ကိုတော့ ယူနိုက်တက်က အနည်းဆုံး ပေါင် သန်း(၄၀) (၄၅)သန်းလောက်အထိ လိုချင်နေပါတယ်။ ဝက်စ်ဟမ်းကလည်း အခု ကမ်းလှမ်းထားတဲ့ တန်ကြေးထက် ထပ်တိုး ကမ်းလှမ်းဖွယ် မရှိတော့လို့ တွမ်မီနေးကိုတော့ လက်လျှော့လိုက်ဖွယ်သာ ရှိနေပါတယ်။
Photo Credit : Fabrizio Romano
ဒါပေမယ့် ဝက်စ်ဟမ်းက တွမ်မီနေးကို မရရင်တောင်မှ အေဂျက်စ်အသင်းက မက္ကဆီကို ကွင်းလယ် ကစားသမား အက်ဆင် အယ်လ်ဗာရက်ဇ်ကို ခေါ်ယူသွားနိုင်တော့မှာဖြစ်ပြီး ပြောင်းရွှေ့ကြေး ပေါင် (၃၅)သန်းတန် package နဲ့ သဘောတူညီမှုလည်း ရရှိထားတာ ဖြစ်ပါတယ်။ အခုလည်း အယ်လ်ဗာရက်ဇ်က ဝက်စ်ဟမ်းနဲ့ အပြောင်းအရွှေ့ကို အပြီးသတ်ဖို့အတွက် လန်ဒန်မြို့ဆီ ခရီးနှင်လာပြီဖြစ်ပြီး လန်ဒန်မှာ ဆေးစစ်မှုပြီးတာနဲ့ လက်မှတ်ရေးထိုးမှုတွေ ဆက်လက် လုပ်ဆောင်တော့မှာပဲ ဖြစ်ပါတယ်။